ေဒသတည္ၿငိမ္ေနခ်ိန္ ေပါက္ကြဲသံထြက္ေပၚလာ၍ မင္းျပားေဒသခံမ်ား စိုးရိမ္ထိတ္လန္႕ျဖစ္ခဲ့ရ
ထြန္းခိုင္ (ေတာင္ရင္းကၽြန္း)
နိရဥၥရာ၊ ဒီဇင္ဘာ ၂၆ / ၂၀၂၀
ယေန႔ ညေန ၆ နာရီအခ်ိန္ခန္႔က မင္းျပားၿမိဳ႕ က်ိန္းေတာင္ဘုရား အနီးအနား က လက္နက္ၾကီး ပစ္ခတ္သံ တစ္ခု က်ယ္ေလာင္စြာ ၾကားရသျဖင့္ စိုးရိမ္ ထိတ္လန္႔မႈ ျဖစ္ေပၚခဲ့ရေၾကာင္း ေဒသခံ ျပည္သူမ်ားႏွင့္ လႊတ္ေတာ္ ကိုယ္စားမ်ားက ေျပာဆိုၾကသည္။
မင္းျပားၿမိဳ႕ေဒသခံ မခင္နန္းက “ က်မကေတာ့ ေတာင္ထက္က ပစ္တာ ထင္တယ္။ ပစ္ခတ္သံကေတာ့ က်ိန္းေတာင္ဖက္ကၾကားတာပါ။ အခုက ခရီးသြားရာသီျဖစ္တဲ့အတြက္ ဒီကလူေတြကလည္း တျခား ၿမိဳ႕နယ္ေတြကုိ ဘုရားဖူးခရီးသြားေနတာေတြလည္းရွိတယ္။ ဆိုေတာ့ တိုက္ပြဲျဖစ္မွာကို စိုးရိမ္သြားတယ္။ တိုက္ပြဲျဖစ္လို႔ရွိရင္ သူတို႔ အိမ္ျပန္လာလို႔ မရမွာကို စိုးရိမ္သြားတယ္” ဟုေျပာသည္။
၎ေပါက္ကြဲသံေၾကာင့္ မင္းျပားၿမိဳ႕ေဒသခံမ်ားမွာ စိုးရိမ္စိတ္ ပိုမိုျမင့္မားခဲ့ရေၾကာင္း ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က ေျပာသည္။
“ လက္နက္ၾကီးပစ္တာလား။ မိုင္းေပါက္သံလားေတာ့မသိဘူး။ အသံ တစ္သံေတာ့ ၾကားလိုက္တယ္။ အဲဒါဘယ္လိုျဖစ္တာလည္း ဆိုတာကုိေတာ့ စံုစမ္းေနတယ္။ အခုေဒသ တည္ၿငိမ္ေနတဲ့အခ်ိန္မွာ အဲလိုမ်ိဳး အသံတစ္သံၾကားလိုက္ရတဲ့အတြက္ ေဒသခံေတြရဲ႕ စိုးရိမ္စိတ္ေတြက ပံုမွန္ထက္ျမင့္တက္သြားတယ္” ဟုေျပာသည္။
ရခိုင္ျပည္နယ္မွ မင္းျပားျမိဳ႕နယ္သည္ ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တို႕အၾကား တိုက္ပြဲအမ်ားဆံုး ျဖစ္ပြားရာ ေဒသတစ္ခုျဖစ္ျပီး တိုက္ပြဲမ်ား ရပ္ေနသည္မွာ ၂၀၂၀ ေရြးေကာက္ပြဲ ႏိုဝင္ဘာလ ၈ ရက္ေန႔မွ စ၍ ျဖစ္ေၾကာင္း သိရွိရသည္။
------------------
Unicode:
ဒေသတည်ငြိမ်နေချိန် ပေါက်ကွဲသံထွက်ပေါ်လာ၍ မင်းပြားဒေသခံများ စိုးရိမ်ထိတ်လန့်ဖြစ်ခဲ့ရ
ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၆ / ၂၀၂၀
ယနေ့ ညနေ ၆ နာရီအချိန်ခန့်က မင်းပြားမြို့ ကျိန်းတောင်ဘုရား အနီးအနားက လက်နက်ကြီး ပစ်ခတ်သံ တစ်ခု ကျယ်လောင်စွာ ကြားရသဖြင့် စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်ခဲ့ရကြောင်း ဒေသခံ ပြည်သူများနှင့် လွှတ်တော် ကိုယ်စားများက ပြောဆိုကြသည်။
မင်းပြားမြို့ဒေသခံ မခင်နန်းက “ ကျမကတော့ တောင်ထက်က ပစ်တာထင်တယ်။ ပစ်ခတ်သံကတော့ ကျိန်းတောင်ဖက်ကကြားတာပါ။ အခုက ခရီးသွားရာသီဖြစ်တဲ့အတွက် ဒီကလူတွေကလည်း တခြား မြို့နယ်တွေကို ဘုရားဖူးခရီးသွားနေတာတွေလည်းရှိတယ်။ ဆိုတော့ တိုက်ပွဲဖြစ်မှာကို စိုးရိမ်သွားတယ်။ တိုက်ပွဲဖြစ်လို့ရှိရင် သူတို့ အိမ်ပြန်လာလို့ မရမှာကို စိုးရိမ်သွားတယ်” ဟုပြောသည်။
၎င်းပေါက်ကွဲသံကြောင့် မင်းပြားမြို့ဒေသခံများမှာ စိုးရိမ်စိတ် ပိုမိုမြင့်မားခဲ့ရကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။
“ လက်နက်ကြီးပစ်တာလား။ မိုင်းပေါက်သံလားတော့မသိဘူး။ အသံတစ်သံတော့ ကြားလိုက်တယ်။ အဲဒါဘယ်လိုဖြစ်တာလည်းဆိုတာကိုတော့ စုံစမ်းနေတယ်။ အခုဒေသတည်ငြိမ်နေတဲ့အချိန်မှာ အဲလိုမျိုး အသံတစ်သံကြားလိုက်ရတဲ့အတွက် ဒေသခံတွေရဲ့ စိုးရိမ်စိတ်တွေက ပုံမှန်ထက်မြင့်တက်သွားတယ်” ဟုပြောသည်။
ရခိုင်ပြည်နယ်မှ မင်းပြားမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲအများဆုံး ဖြစ်ပွားရာ ဒေသတစ်ခုဖြစ်ပြီး တိုက်ပွဲများ ရပ်နေသည်မှာ ၂၀၂၀ ရွေးကောက်ပွဲ နိုဝင်ဘာလ ၈ ရက်နေ့မှ စ၍ ဖြစ်ကြောင်း သိရှိရသည်။
https://burmese.narinjara.com/.../5fe765243f8935047dbb797c
https://www.facebook.com/narinjara.info/posts/3907172299294818
No comments:
Post a Comment