Friday, December 25, 2020

ပလက်၀ စစ်ဘေးရှောင်များအတွက် အစ္စရေးသံရုံးမှ ဆန်အိတ် ၃၂၀ လှူဒါန်း

 ပလက်၀ စစ်ဘေးရှောင်များအတွက် အစ္စရေးသံရုံးမှ ဆန်အိတ် ၃၂၀ လှူဒါန်း

နိရဉ္စရာ၊ ဒီဇင်ဘာ ၂၆/၂၀၂၀

မြန်မာနိုင်ငံရှိ အစ္စရေးသံရုံးမှ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် ဆန်အိတ် ၃၂၀ ကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ တစ်ဆင့် လှူဒါန်းလိုက်ကြောင်း သတင်းရရှိသည်။

နှစ်ဖက်အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု မှတ်တိုင်သစ် တစ်ခုအနေဖြင့် အစ္စရေးသံရုံးမှ  ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ရှိ လက်နက်ကိုင်ပဋိပက္ခဒဏ်ကို ခံစားနေရသော မိသားစုများ၏ အရေးပေါ် အစားအစာလိုအပ်ချက်များကို ဖြည့်ဆည်း ထောက်ပံ့ပေးနိုင်ရန် ရည်စူးကာ ဆန်ရိက္ခာများကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)  ထံသို့ ဒီဇင်ဘာ ၁၄ ရက်နေ့က  လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သံရုံး၏ သတင်းတွင် ဖော်ပြထားသည်။

၎င်းဆန်အိတ်များမှာ ပလက်ဝရှိ နေရပ်စွန့်ခွာတိမ်းရှောင်ရသူ ဦးရေ ၁,၀၀၀ ကျော်အတွက် အချိန်ကာလ တစ်လစာ ဆန်ရိက္ခာ လုံလောက်စေမည့် (၅၀ ကီလိုဂရမ်ပါ) ဆန်အိတ် ၃၂၀ ဖြစ်ကြောင်း၊ WFP မှ များမကြာမီ ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း ဆိုသည်။ 

မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး H.E. Mr. Ronen Gilor က “မြန်မာနိုင်ငံရှိအစ္စရေးသံရုံးအနေနဲ့ မြန်မာနိုင်ငံအတွင်းက စားနပ်ရိက္ခာနဲ့ အာဟာရလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကုလ သမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ လက်တွဲ ဆောင်ရွက်သွားမယ့် အကြောင်း ဂုဏ်ယူစွာနဲ့ အသိပေးကြေညာအပ်ပါတယ်။ အဓိကအနေနဲ့ စားနပ်ရိက္ခာအထောက်အပံ့တွေကိုအရေးပေါ်လိုအပ်နေတဲ့ ပလက်ဝ‌‌ဒေသ အတွက် ပူးပေါင်း ကူညီပေးနိုင်ဖို့ဖြစ်ပါတယ်။ အစ္စ‌ရေးနိုင်ငံရဲ့ ကိုယ်စား၊ မြန်မာနိုင်ငံရှိ အစ္စရေးသံရုံးအနေနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် လိုအပ်ချက်ရှိတဲ့နေရာတွေမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို ဆက်လက်ပေးအပ်သွားမှာ ဖြစ်ကြောင်း လေးလေးနက်နက် ပြောကြားလိုပါတယ်” ဟု ပြောဆိုသည်။ 

မြန်မာနိုင်ငံအတွင်း အစ္စရေးသံရုံး၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအစီအစဉ်၏ တစိတ်တပိုင်းအနေဖြင့် သံရုံးသည် မြန်မာနိုင်ငံရှိလိုအပ်ချက်ရှိသော နေရာဒေသများတွင် ဆက်လက်  ကူညီပံ့ပိုးပေးလျက်ရှိကြောင်း ၎င်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

--------------------- 

Unicode:

ပလက်၀ စစ်ဘေးရှောင်များအတွက် အစ္စရေးသံရုံးမှ ဆန်အိတ် ၃၂၀ လှူဒါန်း

နိရဉ္စရာ၊ ဒီဇင်ဘာ ၂၆/၂၀၂၀

မြန်မာနိုင်ငံရှိ အစ္စရေးသံရုံးမှ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် ဆန်အိတ် ၃၂၀ ကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ တစ်ဆင့် လှူဒါန်းလိုက်ကြောင်း သတင်းရရှိသည်။ 

နှစ်ဖက်အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု မှတ်တိုင်သစ်တစ်ခုအနေဖြင့် အစ္စရေးသံရုံးမှ  ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ရှိ လက်နက်ကိုင်ပဋိပက္ခဒဏ်ကို ခံစားနေရသော မိသားစုများ၏ အရေးပေါ်အစားအစာလိုအပ်ချက်များကို ဖြည့်ဆည်း ထောက်ပံ့ပေးနိုင်ရန်ရည်စူးကာ ဆန်ရိက္ခာများကို ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)  ထံသို့ ဒီဇင်ဘာ ၁၄ ရက်နေ့က  လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သံရုံး၏ သတင်းတွင် ဖော်ပြထားသည်။

၎င်းဆန်အိတ်များမှာ ပလက်ဝရှိ နေရပ်စွန့်ခွာတိမ်းရှောင်ရသူ ဦးရေ ၁,၀၀၀ ကျော်အတွက် အချိန်ကာလ တစ်လစာ ဆန်ရိက္ခာ လုံလောက်စေမည့် (၅၀ ကီလိုဂရမ်ပါ) ဆန်အိတ် ၃၂၀ ဖြစ်ကြောင်း၊ WFP မှ များမကြာမီ ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း ဆိုသည်။ 

မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး H.E. Mr. Ronen Gilor က “မြန်မာနိုင်ငံရှိအစ္စရေးသံရုံးအနေနဲ့ မြန်မာနိုင်ငံအတွင်းက စားနပ်ရိက္ခာနဲ့ အာဟာရလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကုလ သမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ လက်တွဲ ဆောင်ရွက်သွားမယ့် အကြောင်း ဂုဏ်ယူစွာနဲ့ အသိပေးကြေညာအပ်ပါတယ်။ အဓိကအနေနဲ့ စားနပ်ရိက္ခာအထောက်အပံ့တွေကိုအရေးပေါ်လိုအပ်နေတဲ့ ပလက်ဝ‌‌ဒေသအတွက် ပူးပေါင်း ကူညီပေးနိုင်ဖို့ဖြစ်ပါတယ်။ အစ္စ‌ရေးနိုင်ငံရဲ့ ကိုယ်စား၊ မြန်မာနိုင်ငံရှိ အစ္စရေးသံရုံးအနေနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် လိုအပ်ချက်ရှိတဲ့နေရာတွေမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို ဆက်လက်ပေးအပ် သွားမှာဖြစ်ကြောင်း လေးလေးနက်နက် ပြောကြားလိုပါတယ်” ဟု ပြောဆိုသည်။ 

မြန်မာနိုင်ငံအတွင်း အစ္စရေးသံရုံး၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအစီအစဉ်၏ တစိတ်တပိုင်းအနေဖြင့် သံရုံးသည် မြန်မာနိုင်ငံရှိလိုအပ်ချက်ရှိသော နေရာဒေသများတွင် ဆက်လက်  ကူညီပံ့ပိုးပေးလျက်ရှိကြောင်း ၎င်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

(Photo by BNI)

https://burmese.narinjara.com/.../5fe6bef03f8935047dbb7976

https://www.facebook.com/narinjara.info/posts/3906002106078504

No comments:

Post a Comment