ရခိုင္တြင္တပ္အင္အား တိုးခ်ဲ႕ျခင္းမရွိေၾကာင္း တပ္မေတာ္ေျပာခြင့္ရသူဆို
နိရဥၥရာ၊ ဒီဇင္ဘာ ၃ဝ/ ၂ဝ၂ဝ
ရခိုင္ျပည္နယ္တြင္ တပ္မေတာ္ဖက္မွ တပ္အင္အား တိုးခ်ဲ႕ျခင္းမရွိေၾကာင္း ယေန႔ ဒီဇင္ဘာလ ၃ဝ ရက္ေန႔ သတင္းစာရွင္လင္းပြဲတြင္ တပ္မေတာ္ေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆိုသြားသည္။
ေနျပည္ေတာ္ စစ္သမိုင္းျပတိုက္တြင္ ယေန႔ ေန႔လယ္ ၁ နာရီက တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖြဲ႕သတင္းစာရွင္းလင္းပြဲတြင္ ဥကၠ႒ ျဖစ္သူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက RFA သတင္းေထာက္တစ္ဦး၏ ရခိုင္ျပည္နယ္တြင္ တပ္မေတာ္ဘက္က စစ္အင္အား တိုးခ်ဲ႕မႈမ်ား ရွိပါသလားဟု အေမးကို ေျဖၾကားစဥ္ ထိုသို႔ တုံ႔ျပန္ ေျဖဆိုသြားခဲ့ျခင္း ျဖစ္သည္။
“ ရခိုင္ျပည္နယ္မွာ စစ္အင္အား ျဖည့္တင္းေနတာတို႔ဆိုတာနဲ႔ ပတ္သက္လို့္ ျပန္ေမးခ်င္တာက ရခိုင္ျပည္နယ္မွာ ကၽြန္ေတာ္တို႔ အေနနဲက ပစ္ခတ္ တိုက္ခိုက္မႈေတြ ဆက္လက္မျဖစ္ပြားေစဖို႔ အတြက္ ကၽြန္ေတာ္ေဆာင္ရြက္ေနတာရွိတယ္။ စစ္အင္အား ျဖည့္တင္းတာ မရွိဘူးလို႔ဘဲ ကၽြန္ေတာ္ ေျပာခ်င္တယ္။ စစ္အင္အားျဖည့္တင္းတာ ရွိတယ္ဆိုတယ္ဆိုရင္ ဘာအေထာက္အထား ေျပာတာလဲလိုု႔ ကၽြန္ေတာ္တို့္က ထပ္ၿပီး ေမးခ်င္တယ္” ဟုဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကဆိုသည္။
တပ္မေတာ္ႏွင့္ AA တို႔အၾကား တိုက္ပြဲဆက္ျဖစ္ မျဖစ္မွာ ႏွစ္ဖက္တပ္ဖြဲမ်ား၏ ေစာင့္ထိန္းမႈ အေပၚတြင္ မူတည္ေၾကာင္း ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာၾကားသည္။
“ ေအေအအေနနဲ႔ ထုတ္ျပန္ခ်က္ ေၾကညာခ်က္ ထုတ္ျပန္ခဲ့တယ္။ အဲဒီအထဲမွာေတာ့ ဒီဇင္ဘာ ဒီႏွစ္ မကုန္ခင္မွာ ေရြးေကာက္ပြဲ လုပ္ေပးနိုင္ဖို႔ အတြက္ သူတို႔ ဆႏၵရွိတဲ့ အေၾကာင္း၊ ေမတၱာရပ္ခံတဲ့ အေၾကာင္း၊ တပ္မေတာ္ အေနနဲ႔လည္း က်ေနာ္တို႔ ႀကိဳဆိုတဲ့ အေၾကာင္း ေျပာခဲ့တယ္။ အဲဒီေနာက္ပိုင္းမွာ က်ေနာ္တို႔ ပစ္ခတ္ တိုက္ခိုက္မႈေပါ့ေနာ္။ မရွိသေလာက္ျဖစ္တယ္။ ခုခ်ိန္ထိလည္း မရွိဘူး။ ဒါနဲ႔ ပတ္သက္ၿပီးက် ပစ္ခတ္တိုက္ခိုက္မႈေတြ ဆက္လက္ျဖစ္ပြားနိုင္လား၊ ဆက္မျဖစ္ပြားနို္င္လားဆိုတာကေတာ့ ႏွစ္ဖက္လုံးအေပၚမူတည္လိမ့္မယ္။ ႏွစ္ဖက္လုံးရဲ့ ဆက္လက္ ေစာင့္ထိန္း၊ ေစာင့္စည္းမႈ အေပၚမွာပဲ မူတည္လိမ့္မယ္လို႔ ေျပာလိုပါတယ္။”
၎ျပင္ တပ္မေတာ္အေနျဖင့္ လက္နက္ကိုင္ တိုင္းရင္းသားအဖြဲ႕မ်ားကို၊ ယခင္ရွိၿပီးသားေနရာမ်ားကို ထိုးစစ္ဆင္ တိုက္ခိုက္မည္မဟုတ္ဟု ေျပာဆိုသည္။
“ က်ေနာ္ အေနနဲ႔ ေျပာၿပီးသားျဖစ္ပါတယ္။ ဒီတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္အေနနဲ႔လည္း ယခင္ ျမစ္ႀကီးနားမွာ KBC ဥကၠ႒ နဲ႔ ေတြ႕ဆုံစဥ္ လက္ရွိ EAO ေတြ တည္ရွိေနတဲ့ ေနရာေတြ၊ ယခင္က တည္ရွိ ေနရာတြကို တပ္မေတာ္အေနနဲ႔ ထိုးစစ္ဆင္တိုက္ခိုက္မႈ ျပဳလုပ္မွာ မဟုတ္ဘူးလို႔ ေျပာခဲ့ၿပီးသား ျဖစ္တယ္။”
ၿငိမ္းခ်မ္းေရးႏွင့္ ပတ္သက္ၿပီးလည္း ေအာက္ေျခအဆင့္ ေဆြးေႏြးမႈမ်ားရွိေၾကာင္း ေျပာဆိုသည္။
“ ခုနက ေျပာတဲ့ ဒီ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ၿပီးေတာ့ ကၽြန္ေတာ္တို႔ အေနနဲ႔ ေအာက္ေျခအဆင့္ ေဆြးေႏြးမႈမ်ားရွိပါတယ္။ ေဆြးေႏြးတဲ့ ေနရာမွာက်ေနာ္တို႔ အဓိက ရည္မွန္းၿပီး ေဆြးေႏြးတာကေတာ့ ရခိုင္ျပည္နယ္မွာ ဒါလြတ္လပ္ၿပီး တရားမၽွတတဲ့ အေျခအေနတစ္ခု ျဖစ္လာနိုင္ေစဖို႔ရရွိနိုင္ေစဖို႔ အတြက္ က်ေနာ္တို႔က ေဆာင္ရြက္ခဲ့တာ ေဆြးေႏြးခဲ့တာ ျဖစ္တယ္” ဟု ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာဆိုသြားခဲ့သည္။
(ဓာတ္ပုံ- တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕)
----------------------------------------
Unicode -
ရခိုင်တွင်တပ်အင်အား တိုးချဲ့ခြင်းမရှိကြောင်း တပ်မတော်ပြောခွင့်ရသူဆို
နိရဥ္စရာ၊ ဒီဇင်ဘာ ၃ဝ/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်တွင် တပ်မတော်ဖက်မှ တပ်အင်အား တိုးချဲ့ခြင်းမရှိကြောင်း ယနေ့ ဒီဇင်ဘာလ ၃ဝ ရက်နေ့ သတင်းစာရှင်လင်းပွဲတွင် တပ်မတော်ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသွားသည်။
နေပြည်တော် စစ်သမိုင်းပြတိုက်တွင် ယနေ့ နေ့လယ် ၁ နာရီက တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့သတင်းစာရှင်းလင်းပွဲတွင် ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA သတင်းထောက်တစ်ဦး၏ ရခိုင်ပြည်နယ်တွင် တပ်မတော်ဘက်က စစ်အင်အား တိုးချဲ့မှုများ ရှိပါသလားဟု အမေးကို ဖြေကြားစဉ် ထိုသို့ တုံ့ပြန် ဖြေဆိုသွားခဲ့ခြင်း ဖြစ်သည်။
“ ရခိုင်ပြည်နယ်မှာ စစ်အင်အား ဖြည့်တင်းနေတာတို့ဆိုတာနဲ့ ပတ်သက်လို့် ပြန်မေးချင်တာက ရခိုင်ပြည်နယ်မှာ ကျွန်တော်တို့ အနေနဲက ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်မဖြစ်ပွားစေဖို့ အတွက် ကျွန်တော်ဆောင်ရွက်နေတာရှိတယ်။ စစ်အင်အား ဖြည့်တင်းတာ မရှိဘူးလို့ဘဲ ကျွန်တော် ပြောချင်တယ်။ စစ်အင်အားဖြည့်တင်းတာရှိတယ်ဆိုတယ်ဆိုရင် ဘာအထောက်အထား ပြောတာလဲလိုု့ ကျွန်တော်တို့်က ထပ်ပြီး မေးချင်တယ်” ဟုဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုသည်။
တပ်မတော်နှင့် AA တို့အကြား တိ်ုက်ပွဲဆက်ဖြစ် မဖြစ်မှာ နှစ်ဖက်တပ်ဖွဲများ၏ စောင့်ထိန်းမှု အပေါ်တွင် မူတည်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
“ အေအေအနေနဲ့ ထုတ်ပြန်ချက် ကြေညာချက် ထုတ်ပြန်ခဲ့တယ်။ အဲဒီအထဲမှာတော့ ဒီဇင်ဘာ ဒီနှစ် မကုန်ခင်မှာ ရွေးကောက်ပွဲ လုပ်ပေးနိုင်ဖို့ အတွက် သူတို့ ဆန္ဒရှိတဲ့ အကြောင်း၊ မေတ္တာရပ်ခံတဲ့ အကြောင်း၊ တပ်မတော် အနေနဲ့လည်း ကျနော်တို့ ကြိုဆိုတဲ့ အကြောင်း ပြောခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ကျနော်တို့ ပစ်ခတ် တိုက်ခိုက်မှုပေါ့နော်။ မရှိသလောက်ဖြစ်တယ်။ ခုချိန်ထိလည်း မရှိဘူး။ ဒါနဲ့ ပတ်သက်ပြီးကျ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနိုင်လား၊ ဆက်မဖြစ်ပွားနို်င်လားဆိုတာကတော့ နှစ်ဖက်လုံးအပေါ်မူတည်လိမ့်မယ်။ နှစ်ဖက်လုံးရဲ့ ဆက်လက် စောင့်ထိန်း၊ စောင့်စည်းမှု အပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ပြောလိုပါတယ်။”
၎င်းပြင် တပ်မတော်အနေဖြင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များကို၊ ယခင်ရှိပြီးသားနေရာများကို ထိုးစစ်ဆင် တိုက်ခိုက်မည်မဟုတ်ဟု ပြောဆိုသည်။
“ ကျနော် အနေနဲ့ ပြောပြီးသားဖြစ်ပါတယ်။ ဒီတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့လည်း ယခင် မြစ်ကြီးနားမှာ KBC ဥက္ကဋ္ဌ နဲ့ တွေ့ဆုံစဉ် လက်ရှိ EAO တွေ တည်ရှိနေတဲ့ နေရာတွေ၊ ယခင်က တည်ရှိ နေရာတွကို တပ်မတော်အနေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှု ပြုလုပ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပြီးသား ဖြစ်တယ်။”
ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီးလည်း အောက်ခြေအဆင့် ဆွေးနွေးမှုများရှိကြောင်း ပြောဆိုသည်။
“ ခုနက ပြောတဲ့ ဒီ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အနေနဲ့ အောက်ခြေအဆင့် ဆွေးနွေးမှုများရှိပါတယ်။ ဆွေးနွေးတဲ့ နေရာမှာကျနော်တို့ အဓိက ရည်မှန်းပြီး ဆွေးနွေးတာကတော့ ရခိုင်ပြည်နယ်မှာ ဒါလွတ်လပ်ပြီး တရားမျှတတဲ့ အခြေအနေတစ်ခု ဖြစ်လာနိုင်စေဖို့ရရှိနိုင်စေဖို့ အတွက် ကျနော်တို့က ဆောင်ရွက်ခဲ့တာ ဆွေးနွေးခဲ့တာ ဖြစ်တယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုသွားခဲ့သည်။
(ဓာတ်ပုံ- တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)
https://burmese.narinjara.com/.../5fec4fcc3f8935047dbb799...
https://www.facebook.com/narinjara.info/posts/3916859681659413
No comments:
Post a Comment