Sunday, December 20, 2020

ရေသ့ေတာင္ၿမိဳ႕နယ္ ေစတီျပင္စစ္ေဘးေရွာင္စခန္း အေဆာင္မီးေလာင္

 ရေသ့ေတာင္ၿမိဳ႕နယ္ ေစတီျပင္စစ္ေဘးေရွာင္စခန္း အေဆာင္မီးေလာင္

အိမ္စိုးျဖဴ

နိရဥၥရာ၊ ဒီဇင္ဘာ ၂၁ / ၂ဝ၂ဝ

ယေန႔ ဒီဇင္ဘာ ၂၁ ရက္ေန႔ ည ၆ နာရီခြဲခန္႔က ရေသ့ေတာင္ၿမိဳ႕နယ္၊ ေစတီျပင္စစ္ေဘးရွာင္စခန္းတြင္ တဲအိမ္တန္းလ်ား အေဆာင္တစ္ခုမီးေလာင္ေၾကာင္း သတင္းရရွိသည္။

ငါးခန္းတြဲတဲအိမ္တန္းလ်ားတစ္ခုမွ အခန္းတြဲႏွစ္ခန္း မီးေလာင္ပ်က္စီးခဲ့ျခင္းျဖစ္ေၾကာင္း မီးေလာင္ေနသည္ကို ကိုယ္တိုင္မီးၿငိမ္းသတ္ေပးခဲ့သည့္ ေစတီျပင္ေက်းရြာမွ ကိုေအာင္မင္းစိုးက နိရဥၥရာသတင္းဌာနအားေျပာသည္။

“ထမင္းခ်က္တာ ကိုယ့္အခန္းနဲ႔ကိုယ္ခ်က္စားၾကရတာဆိုေတာ့ အိမ္ခန္းေတြမွာ ခ်က္စားရတယ္။ မီးဖိုကတဆင့္ မီးစက်ၿပီးေလာင္တယ္လို႔ၾကားတယ္။ မီးၿငိမ္းသြားပါၿပီ။ ဒါေပမယ့္ လူေတြေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ ျဖစ္သြားၾကတယ္။ မီးေလာင္တဲ့မိသားစုေတြကလည္း ေၾကာက္ၿပီး ဘာမွမေျပာနိုင္ရွာဘူး”ဟုေျပာသည္။

၄င္းေစတီျပင္စခန္းတာဝန္ခံ ကိုသိန္းဝင္းကလည္း မီးေလာင္မႈေၾကာင့္ ထိခိုက္ဒဏ္ရာတစ္စုံတစ္ရာ မရရွိေၾကာင္း ေျပာသည္။

“ ကၽြန္ေတာ္တို႔ စခန္းမွာ တန္းလ်ားတစ္ခုမွာ အခန္းငါးခန္းပါတယ္။ အခုလူေတြအုံေနၾကလို႔ ေျဖရွင္းေနရတယ္။ အခန္းႏွစ္ခန္းမီးေလာင္သြားတာပါ။ ကၽြန္ေတာ္လူႀကီးေတြနဲ႔စကားေျပာေနလို႔ျပန္ဆက္သြယ္ေပးပါ” ဟုေျပာကာ ဖုန္းခ်သြားခဲ့သည္။

၄င္းေစတီျပင္စခန္းတြင္ ငါးခန္းတြဲအေဆာင္ ၆၁ ေဆာင္ရွိၿပီး အခန္း ၃ဝ၅ ခန္းႏွင့္ လူဦးေရ ၂ဝဝဝ ေက်ာ္ရွိေၾကာင္း သိရသည္။

--------------------------

Unicode -

ရသေ့တောင်မြို့နယ် စေတီပြင်စစ်ဘေးရှောင်စခန်း အဆောင်မီးလောင်

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဒီဇင်ဘာ ၂၁ / ၂ဝ၂ဝ

ယနေ့ ဒီဇင်ဘာ ၂၁ ရက်နေ့ ည ၆ နာရီခွဲခန့်က ရသေ့တောင်မြို့နယ်၊ စေတီပြင်စစ်ဘေးရှာင်စခန်းတွင် တဲအိမ်တန်းလျား အဆောင်တစ်ခုမီးလောင်ကြောင်း သတင်းရရှိသည်။

ငါးခန်းတွဲတဲအိမ်တန်းလျားတစ်ခုမှ အခန်းတွဲနှစ်ခန်း မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း မီးလောင်နေသည်ကို ကိုယ်တိုင်မီးငြိမ်းသတ်ပေးခဲ့သည့် စေတီပြင်ကျေးရွာမှ ကိုအောင်မင်းစိုးက နိရဥ္စရာသတင်းဌာနအားပြောသည်။

“ထမင်းချက်တာ ကိုယ့်အခန်းနဲ့ကိုယ်ချက်စားကြရတာဆိုတော့ အိမ်ခန်းတွေမှာ ချက်စားရတယ်။ မီးဖိုကတဆင့် မီးစကျပြီးလောင်တယ်လို့ကြားတယ်။ မီးငြိမ်းသွားပါပြီ။ ဒါပေမယ့် လူတွေကြောက်ကြောက်လန့်လန့်နဲ့ ဖြစ်သွားကြတယ်။ မီးလောင်တဲ့မိသားစုတွေကလည်း ကြောက်ပြီး ဘာမှမပြောနိုင်ရှာဘူး”ဟုပြောသည်။

၄င်းစေတီပြင်စခန်းတာဝန်ခံ ကိုသိန်းဝင်းကလည်း မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာ မရရှိကြောင်း ပြောသည်။

“ ကျွန်တော်တို့ စခန်းမှာ တန်းလျားတစ်ခုမှာ အခန်းငါးခန်းပါတယ်။ အခုလူတွေအုံနေကြလို့ ဖြေရှင်းနေရတယ်။ အခန်းနှစ်ခန်းမီးလောင်သွားတာပါ။ ကျွန်တော်လူကြီးတွေနဲ့စကားပြောနေလို့ပြန်ဆက်သွယ်ပေးပါ” ဟုပြောကာ ဖုန်းချသွားခဲ့သည်။

၄င်းစေတီပြင်စခန်းတွင် ငါးခန်းတွဲအဆောင် ၆၁ ဆောင်ရှိပြီး အခန်း ၃ဝ၅ ခန်းနှင့် လူဦးရေ ၂ဝဝဝ ကျော်ရှိကြောင်း သိရသည်။

https://burmese.narinjara.com/.../5fe0a0e13f8935047dbb7945


https://www.facebook.com/narinjara.info/posts/3893803910631657

No comments:

Post a Comment