Monday, December 21, 2020

မြန်မာနိုင်ငံ၌ မြေမြှုပ်မိုင်းကြောင့် ပျမ်းမျှနေ့စဉ် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရ

 

မြန်မာနိုင်ငံ၌ မြေမြှုပ်မိုင်းကြောင့် ပျမ်းမျှနေ့စဉ် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရ

မြန်မာနိုင်ငံ၌ မြေမြှုပ်မိုင်းကြောင့် ပျမ်းမျှနေ့စဉ် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရနေကြောင်း မြေမြှုပ်မိုင်းလေ့လာစောင့်ကြည့်ရေး အစီရင်ခံစာ ၂၀၂၀ တွင် ဖော်ပြထားသည်။

အဆိုပါအစီရင်ခံစာသည် ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ မြေမြှုပ်မိုင်းတည်ရှိရာ ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၀ ခုအား လေ့လာမှုပြု၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် လူ ၈၉ ဦး သေဆုံး၍ ၂၆၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုအထဲတွင် အရပ်သား ၃၃၅ ဦး ပါဝင်ခဲ့ပြီး တပ်မတော်သား ၁၂ ဦးနှင့် အမည်အသိသူ ၁၁ ဦးပါဝင်ခဲ့ကြောင့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

“မြေမြှုပ်မိုင်းရှင်းလင်းရေးအတွက် အသုံးပြုရေးမှာ တပ်မတော်ဟာ အရပ်သားတွေကို လမ်းပြအဖြစ် အသုံးပြုနေတဲ့ သဘော သက်ရောက်နေပါတယ်။ အခကြေးငွေပေးပြီးသော်လည်းကောင်း၊ အခကြေးငွေမပေးဘဲ ငြင်းခွင့်မရှိတဲ့ အခြေအနေမှာ အရပ်သားတွေဟာ မြေမြှုပ်မိုင်းရှင်းလင်းရေးမှာ အဓမ္မစေခိုင်းခံရေတဲ့ အခြေအနေဖြစ်တာကြောင့် ဒီအခြေအနေတွေက ဘယ်လိုပုံစံနဲ့မှ လက်ခံလို့မရပါဘူး” ဟု မြေမြှုပ်မိုင်းလေ့လာစောင့်ကြည့်ရေးမှ သုတေသနတာဝန်ခံ Dr Yeshua Moser- Puangsuwan က ယနေ့ (ဒီဇင်ဘာ ၂၁ ရက်) တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ၏ ငါးရာခိုင်နှုန်းမှာ အန္တရာယ်ရှိနေသည့် အခြေအနေဒေသများ၌ အဓမ္မစေခိုင်းခြင်း ခံရသူများဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောသည်။

မြေမြှုပ်မိုင်းကို တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက အသုံးပြုနေပြီး တပ်မတော်သည် ကာကွယ်ရေးစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးမှ မြေမြှုပ်မိုင်း ၅ မျိုးထုတ်လုပ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက လက်လုပ်မြေမြှုပ်မိုင်းများကို ထုတ်လုပ်ကြောင်း Dr Yeshua Moser- Puangsuwan က ပြောသည်။

၂၀၁၉ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှုအများဆုံးနေရာများမှာ ရှမ်းပြည်နယ်တွင် ၁၄၉ ခု၊ ရခိုင်ပြည်နယ်တွင် ၁၁၉ ခု၊ ကချင်ပြည်နယ်တွင် ၅၁ ခုရှိခဲ့သည်။ ထို့အပြင် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့သည် မြေမြှုပ်မိုင်းရှိနေသော နေရာများအဖြစ် သတ်မှတ်ထားကြောင်း အဆိုပါသတင်းစာရှင်းလင်းပွဲမှ သိရသည်။

http://sdtimedaily.com/2020/12/21/zm11-127/

No comments:

Post a Comment