Sunday, December 20, 2020

လူ႔အခြင့္အေရးေန႔လႈပ္ရွားသူ ရခိုင္လူငယ္ ၃ ဦးကို ၿငိမ္းစုစီ ပုဒ္မ(၁၉) ျဖင့္ တရားစြဲဆို

 လူ႔အခြင့္အေရးေန႔လႈပ္ရွားသူ ရခိုင္လူငယ္ ၃ ဦးကို ၿငိမ္းစုစီ ပုဒ္မ(၁၉) ျဖင့္ တရားစြဲဆို

ထြန္းခိုင္ (ေတာင္ရင္းကၽြန္း)

စစ္ေတြ၊ ဒီဇင္ဘာ ၂၁ / ၂ဝ၂ဝ

ဒီဇင္ဘာလ (၁ဝ) ရက္ေန႔က စစ္ေတြၿမိဳ႕တြင္ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔ အထိမ္းအမွတ္ လႈပ္ရွားမႈျပဳလုပ္၍ ဖမ္းဆီးခံခဲ့ရၿပီး ျပန္လြတ္လာသည့္ လူ႔အခြင့္အေရးလႈပ္ရွားသူ ရခိုင္လူငယ္ ၃ ဦးအား ၿငိမ္းစုစီ ဥပေဒပုဒ္မ ၁၉(က) ျဖင့္ ယေန႔တြင္ တရားစြဲဆိုလိုက္ေၾကာင္း သိရွိရသည္။

တရားစြဲဆိုခံရသူ အထဲတြင္ ပါဝင္သည့္ ရခိုင္လူငယ္မ်ိဳးဆက္သစ္ကြန္ရက္မွ ေခါင္းေဆာင္တစ္ဦးျဖစ္သူ ကိုသန္းလွက “ လူ႔အခြင့္အေရးေန႔မွာ လႈပ္ရွားခဲ့တဲ့အမႈကို ဒီေန႔မွာ စစ္ေတြၿမိဳ႕မ ရဲစခန္းကေနၿပီးေတာ့ တရားလိုလုပ္ၿပီး  အမႈတင္တယ္။ ဒီေန႔မွာ က်ေနာ္တို႔ကို တရား႐ုံးက ၿငိမ္းစုစီပုဒ္မ ၁၉ (က) နဲ႔ က်ေနာ္တို႔ကို တရားစြဲဆိုပါတယ္။ ” ဟု ေျပာသည္။

တရားစြဲဆိုခံရသူ သုံးဦးမွာ ရခိုင္လူငယ္မ်ိဳးဆက္သစ္ကြန္ရက္မွ ကိုမင္းဘာေခ် (ေခၚ)ကိုသန္းလွ၊ ကိုနိုင္နိုင္ထြန္းႏွင့္ မခိုင္ျမတ္သူတို႔ျဖစ္ၾကသည္။

မည္သူတစ္ဦးတစ္ေယာက္ကိုမွ ေဝဖန္ေျပာဆိုျခင္းမရွိဘဲ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔အား ႀကိဳဆိုေၾကာင္း အထိမ္းအမွတ္ျပဳလုပ္၍  တရားစြဲဆိုျခင္းအေပၚ စဥ္စားလို႔မရျဖစ္ေနသည္ဟု  ကိုသန္းလွက ဆက္ေျပာသည္။

“ လက္ရွိက်ေနာ္တို႔ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔ကို ႀကိဳဆိုတယ္ဆိုတဲ့ အထိမ္းအမွတ္ျဖစ္တယ္။ အမ်ိဳးသမီးေတြရဲ့အခြင့္အေရးေတြကိုလည္း က်ေနာ္တို႔ တစ္ဖက္မွာ ႀကိဳဆိုတယ္ဆိုတဲ့ လႈပ္ရွားမႈတစ္ခုေပါ့။ က်ေနာ္တို႔က လူ႔အခြင့္အေရးကို ႀကိဳဆိုတယ္ဆိုတဲ့ အထိမ္းအမွတ္လုပ္တာကိုေတာင္မွ တရားစြဲဆိုတဲ့အေပၚမွာ က်ေနာ္တို႔အေနနဲ႔ စိတ္မေကာင္းျဖစ္တယ္။ စဥ္းစားလို႔မရ ျဖစ္မိတယ္” ဟု ေျပာသည္။

လူ႔အခြင့္အေရးကို ေလးစားလိုက္နာတန္ဖိုးထားေသာ ျပည္သူမ်ားအေပၚအစိုးရအေနျဖင့္  အသိအမွတ္ျပဳ လက္ခံရမည့္အစား ယခုလိုမ်ိဳး တရားစြဲဆိုမႈအေပၚ မ်ားစြာစိတ္မေကာင္းျဖစ္မိေၾကာင့္ တရားစြဲခံရသူ မခိုင္ျမတ္သူက ေျပာသည္။

“ က်မတို႔အေနနဲ႔ အရမ္းစိတ္မေကာင္းျဖစ္ရတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒီေန႔က အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔ျဖစ္တယ္။ ျမန္မာနိုင္ငံအေနနဲ႔လည္း လူ႔အခြင့္အေရး ေၾကညာစာတမ္းကို လက္ခံၿပီးသား နိုင္ငံတစ္နိုင္ငံျဖစ္တယ္။ က်မတို႔အေနနဲ႔ ဆႏၵျပတာလည္းမဟုတ္ဘူး၊ လႈပ္ရွားမႈတစ္ခုျပဳလုပ္တာပဲျဖစ္တယ္။ လူ႔အခြင့္အေရးကို လိုက္နာေလးစားတန္ဖိုးထားတဲ့ျပည္သူေတြအေပၚမွာ အစိုးရအေနနဲ႔ အသိအမွတ္ျပဳ လက္ခံရမယ့္အစား အခုလိုမ်ိဳး တရားစြဲဆိုမႈအေပၚ က်မ လူငယ္တစ္ေယာက္အေနနဲ႔ ေရာ၊ အမ်ိဳးသမီး တစ္ေယာက္အေနနဲ႔ေရာ မ်ားစြာစိတ္မေကာင္းျဖစ္မိတယ္” ဟုေျပာသည္။

၄င္းတို႔ ၃ ဦးအား ယေန႔တြင္ စစ္ေတြၿမိဳ႕နယ္ တရား႐ုံးတြင္ စစ္ေတြၿမိဳ႕နယ္ရဲမႉးမွ တရားလိုလုပ္ တရားစြဲဆိုျခင္းျဖစ္ၿပီး လက္ရွိ အာမခံျဖင့္ လႊတ္ေပးလိုက္ၿပီး လာမည့္ ဒီဇင္ဘာလ ၃ဝ ေန႔တြင္ ထပ္မံ႐ုံးခ်ိန္းေၾကာင္း သိရွိရသည္။

၄င္းတို႔ ၃ ဦးအား ဒီဇင္ဘာလ ၁ဝ ရက္ေန႔က က်ေရာက္သည့္ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔တြင္ လူအခြင့္အေရးအတြက္ လႈပ္ရွားမႈေၾကာင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ၎ေန႔ နံနက္ပိုင္းတြင္ ဖမ္းဆီးသြားခဲ့ၿပီး ယင္းေန႔ ညေန ၄ နာရီအခ်ိန္ခန္႔တြင္ အာမခံျဖင့္ ျပန္လည္လႊတ္ေပးခဲ့သည္။

-----------------------------

Unicode -

လူ့အခွင့်အရေးနေ့လှုပ်ရှားသူ ရခိုင်လူငယ် ၃ ဦးကို ငြိမ်းစုစီ ပုဒ်မ(၁၉) ဖြင့် တရားစွဲဆို

ထွန်းခိုင် (တောင်ရင်းကျွန်း)

စစ်တွေ၊ ဒီဇင်ဘာ ၂၁ / ၂ဝ၂ဝ

ဒီဇင်ဘာလ (၁ဝ) ရက်နေ့က စစ်တွေမြို့တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်၍ ဖမ်းဆီးခံခဲ့ရပြီး ပြန်လွတ်လာသည့် လူ့အခွင့်အရေးလှုပ်ရှားသူ ရခိုင်လူငယ် ၃ ဦးအား ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉(က) ဖြင့် ယနေ့တွင် တရားစွဲဆိုလိုက်ကြောင်း သိရှိရသည်။

တရားစွဲဆိုခံရသူ အထဲတွင် ပါဝင်သည့် ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုသန်းလှက “ လူ့အခွင့်အရေးနေ့မှာ လှုပ်ရှားခဲ့တဲ့အမှုကို ဒီနေ့မှာ စစ်တွေမြို့မ ရဲစခန်းကနေပြီးတော့ တရားလိုလုပ်ပြီး  အမှုတင်တယ်။ ဒီနေ့မှာ ကျနော်တို့ကို တရားရုံးက ငြိမ်းစုစီပုဒ်မ ၁၉ (က) နဲ့ ကျနော်တို့ကို တရားစွဲဆိုပါတယ်။ ” ဟု ပြောသည်။

တရားစွဲဆိုခံရသူ သုံးဦးမှာ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ ကိုမင်းဘာချေ (ခေါ်)ကိုသန်းလှ၊ ကိုနိုင်နိုင်ထွန်းနှင့် မခိုင်မြတ်သူတို့ဖြစ်ကြသည်။

မည်သူတစ်ဦးတစ်ယောက်ကိုမှ ဝေဖန်ပြောဆိုခြင်းမရှိဘဲ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အား ကြိုဆိုကြောင်း အထိမ်းအမှတ်ပြုလုပ်၍  တရားစွဲဆိုခြင်းအပေါ် စဉ်စားလို့မရဖြစ်နေသည်ဟု  ကိုသန်းလှက ဆက်ပြောသည်။

“ လက်ရှိကျနော်တို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ကြိုဆိုတယ်ဆိုတဲ့ အထိမ်းအမှတ်ဖြစ်တယ်။ အမျိုးသမီးတွေရဲ့အခွင့်အရေးတွေကိုလည်း ကျနော်တို့ တစ်ဖက်မှာ ကြိုဆိုတယ်ဆိုတဲ့ လှုပ်ရှားမှုတစ်ခုပေါ့။ ကျနော်တို့က လူ့အခွင့်အရေးကို ကြိုဆိုတယ်ဆိုတဲ့ အထိမ်းအမှတ်လုပ်တာကိုတောင်မှ တရားစွဲဆိုတဲ့အပေါ်မှာ ကျနော်တို့အနေနဲ့ စိတ်မကောင်းဖြစ်တယ်။ စဉ်းစားလို့မရ ဖြစ်မိတယ်” ဟု ပြောသည်။

လူ့အခွင့်အရေးကို လေးစားလိုက်နာတန်ဖိုးထားသော ပြည်သူများအပေါ်အစိုးရအနေဖြင့်  အသိအမှတ်ပြု လက်ခံရမည့်အစား ယခုလိုမျိုး တရားစွဲဆိုမှုအပေါ် များစွာစိတ်မကောင်းဖြစ်မိကြောင့် တရားစွဲခံရသူ မခိုင်မြတ်သူက ပြောသည်။

“ ကျမတို့အနေနဲ့ အရမ်းစိတ်မကောင်းဖြစ်ရတယ်။ ဘာလို့လဲဆိုတော့ အဲဒီနေ့က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တယ်။ မြန်မာနိုင်ငံအနေနဲ့လည်း လူ့အခွင့်အရေး ကြေညာစာတမ်းကို လက်ခံပြီးသား နိုင်ငံတစ်နိုင်ငံဖြစ်တယ်။ ကျမတို့အနေနဲ့ ဆန္ဒပြတာလည်းမဟုတ်ဘူး၊ လှုပ်ရှားမှုတစ်ခုပြုလုပ်တာပဲဖြစ်တယ်။ လူ့အခွင့်အရေးကို လိုက်နာလေးစားတန်ဖိုးထားတဲ့ပြည်သူတွေအပေါ်မှာ အစိုးရအနေနဲ့ အသိအမှတ်ပြု လက်ခံရမယ့်အစား အခုလိုမျိုး တရားစွဲဆိုမှုအပေါ် ကျမ လူငယ်တစ်ယောက်အနေနဲ့ ရော၊ အမျိုးသမီး တစ်ယောက်အနေနဲ့ရော များစွာစိတ်မကောင်းဖြစ်မိတယ်” ဟုပြောသည်။

၄င်းတို့ ၃ ဦးအား ယနေ့တွင် စစ်တွေမြို့နယ် တရားရုံးတွင် စစ်တွေမြို့နယ်ရဲမှူးမှ တရားလိုလုပ် တရားစွဲဆိုခြင်းဖြစ်ပြီး လက်ရှိ အာမခံဖြင့် လွှတ်ပေးလိုက်ပြီး လာမည့် ဒီဇင်ဘာလ ၃ဝ နေ့တွင် ထပ်မံရုံးချိန်းကြောင်း သိရှိရသည်။

၄င်းတို့ ၃ ဦးအား ဒီဇင်ဘာလ ၁ဝ ရက်နေ့က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် လူအခွင့်အရေးအတွက် လှုပ်ရှားမှုကြောင့် ရဲတပ်ဖွဲ့ဝင်များက ၎င်းနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးသွားခဲ့ပြီး ယင်းနေ့ ညနေ ၄ နာရီအချိန်ခန့်တွင် အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။

https://burmese.narinjara.com/.../5fe097cc3f8935047dbb794...


https://www.facebook.com/narinjara.info/posts/3893718320640216

No comments:

Post a Comment