Wednesday, December 23, 2020

ပထမဆုံးရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ (၇၃) နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့တွင် တပ်တော်ဝင်

 

ပထမဆုံးရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ (၇၃) နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့တွင် တပ်တော်ဝင်

တပ်မတော်(ရေ) ထူထောင်တဲ့ ၇၃ နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ဒီကနေ့(ဒီဇင်ဘာ ၂၄ ရက်) နံနက်ပိုင်းမှာ သန်လျင်မြို့၊ သီလဝါဆိပ်ကမ်းအနီး ရန်ကုန်မြစ်ထဲမှာကျင်းပခဲ့ပြီး မြန်မာနိုင်ငံက ပထမဆုံးပိုင်ဆိုင်တဲ့ ရေငုပ်‌သင်္ဘောဖြစ်တဲ့ မင်းရဲသိင်္ခသူ တပ်တော်ဝင်ခဲ့ပါတယ်။

မြန်မာ့တပ်မတော်(ရေ) ရဲ့ ၇၃ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ မြန်မာနိုင်ငံက ပထမဆုံးပိုင်ဆိုင်တဲ့ ရေငုပ်‌သင်္ဘောဖြစ်တဲ့ မင်းရဲသိင်္ခသူနဲ့အတူ မြန်မာနိုင်ငံမှာတည်‌ဆောက်ထားတဲ့ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရေယာဉ် ၂ စီး၊ အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်(ဒုံးပျံ) ၁ စီး၊ တင့်ကားတင်ကမ်းထိုး ရေယာဉ် ၁ စီး၊ ပင်လယ်သွားတွဲဆွဲရေယာဉ် ၂ စီး တပ်တော်ဝင်ခဲ့ပြီး တပ်မတော်ကာ‌ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အဆိုပါစစ်ရေယာဉ်များကို တက်ရောက်စစ်ဆေးခဲ့ပါတယ်။

မြန်မာနိုင်ငံက ပထမဆုံးပိုင်ဆိုင်တဲ့ ရေငုပ်‌သင်္ဘော မင်းရဲသိင်္ခသူကို အိန္ဒိယရေတပ်က ဝယ်ယူခဲ့ပြီး ၁‌၉၈၀ ကျော် ရုရှားနိုင်ငံထုတ်ဖြစ်ပြီး ဒီအခမ်းအနားကို ရုရှားသံအမတ်ကြီးလည်း တက်‌ရောက်ခဲ့ပါတယ်။

မြန်မာ့တပ်မတော်(ရေ)ကို ၁၉၄၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရေတပ်ဖွဲ့စည်းခဲ့ပြီး နှစ်ပေါင်း ၇၀ ကျော်ကာလရောက်ရှိချိန်မှသာ ရေငုပ်သင်္ဘောကို ရရှိပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။

http://sdtimedaily.com/2020/12/24/zm04-273/

No comments:

Post a Comment