အျပစ္မဲ့ျပည္သူမ်ားအား ရိုက္ႏွက္စစ္ေဆးျခင္းသည္ ျပည္သူ႔တပ္မေတာ္၏ လုပ္ရပ္မဟုတ္၊ အစိုးရ၏ ရပ္တည္ခ်က္ အမ်ိဳးသားရင္ၾကားေစ့ေရးကို အလွမ္းေဝးေစ၊ ျမန္မာနိုင္ငံလူ႔အခြင့္အေရးေကာ္မရွင္မွာလည္း စိတ္ပ်က္ဖြယ္ရာဟု ရကၡိဳင္ျပည္ေက်ာင္းသားသမဂၢဆို
ထြန္းခိုင္ (ေတာင္ရင္းကၽြန္း)
နိရဥၥရာ၊ ဒီဇင္ဘာ ၂၅/၂ဝ၂ဝ
အျပစ္မဲ့ျပည္သူမ်ားအား ရိုက္ႏွက္စစ္ေဆးျခင္းသည္ ျပည္သူ႔ တပ္မေတာ္ တစ္ရပ္၏ လုပ္ရပ္မဟုတ္သလို လက္ရွိ အာဏာရ အစိုးရ အေနျဖင့္လည္း ရကၡိဳင္ျပည္အတြင္း အျပစ္မဲ့ျပည္သူမ်ား မတရားသတ္ ျဖတ္ခံေနရျခင္းအေပၚ ျပည္သူမ်ားဖက္မွ မားမားမတ္မတ္မရပ္တည္ျခင္းမွာ အမ်ိဳးသား ရင္ၾကားေစ့ေရးကို အလွမ္းေဝးေစၿပီး ျမန္မာနိုင္ငံ လူ႔အခြင့္အေရးေကာ္မရွင္ မွာလည္း စိတ္ပ်က္ဖြယ္ရာဟု ရကၡိဳင္ျပည္ေက်ာင္းသားသမဂၢ( ဦးေဆာင္ေကာ္မတီ) က ေျပာဆိုလိုက္သည္။
အဆိုပါ ေျပာဆိုခ်က္မ်ားကို ဒီဇင္ဘာ ၂၄ ရက္ ေန႔စြဲျဖင့္ ရကၡိဳင္ျပည္ေက်ာင္းသား သမဂၢက ထုတ္ျပန္သည့္ “ ျပည္သူအား ကိုယ္စားျပဳေသာ ျမန္မာ့တပ္မေတာ္မွ ေက်ာင္းသားတစ္ဦးအား ေနအိမ္မွဆြဲေခၚကာ ဖမ္းဆီးႏွိပ္စက္သည့္ ကိစၥႏွင့္ပတ္သက္၍ သေဘာထားထုတ္ျပန္ေၾကညာခ်က္” ထဲတြင္ ေဖာ္ျပထားသည္။
၄င္းထုတ္ျပန္ခ်က္ႏွင့္ ပတ္သက္၍ ရခိုင္ျပည္ေက်ာင္းသားသမဂၢ ဥကၠ႒ ကိုတိုးတိုးေအာင္က “ အခုနယ္ေၿမ တည္ၿငိမ္ေအးခ်မ္းေနတဲ့အခ်ိန္မွာ ျပည္သူ႔ကိုယ္စားျပဳတပ္မေတာ္က ေက်ာင္းသားလူငယ္ေတြကို ပစ္မွတ္ ထားၿပီးေတာ့ ဖမ္းဆီးညႇဥ္းပမ္း စစ္ေဆးေနတာေတြကို က်ေနာ္တို႔အေနနဲ႔ သေဘာထား ထုတ္ျပန္ရျခင္း ျဖစ္တယ္။ အဓိက က်ေနာ္တို႔အေနနဲ႔ စစ္အာဏာရွင္စနစ္ကိုလည္း တြန္းလွန္သြားဖို႔ျဖစ္တယ္” ဟုေျပာသည္။
အဆိုပါ ေၾကညာခ်က္ကို ၂ဝ၂ဝ ျပည့္ႏွစ္ ဒီဇင္ဘာလ (၂၂) ရက္ေန႔ ညေနပိုင္းက ေက်ာက္ေတာ္ၿမိဳ႕နယ္၊ အေပါက္ဝ ေက်းရြာတြင္ ေနထိုင္သည့္ ဆယ္တန္းေက်ာင္း သားတစ္ဦးျဖစ္သူ (ဘ) ဦးသိန္းထြန္း၏ သား ကိုေအာင္ေနဝင္း (၁၈ ႏွစ္) ကို ျမန္မာ့တပ္မေတာ္သားတခ်ိဳ႕မွ ဖမ္းဆီး ႏွိပ္စက္ခဲ့သည့္ကိစၥႏွင့္ ပတ္သက္ၿပီး ရကၡိုင္ျပည္ေက်ာင္းသားသမဂၢ ဦးေဆာင္ေကာ္မတီက ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။
ထုတ္ျပန္ခ်က္ထဲတြင္ မင္းမဲ့တိုင္းျပည္တြင္ေနသည့္သဖြယ္ “မသကၤာ၍စစ္ေဆးသည္” ဟူသည့္ ေခါင္းစဥ္ ေအာက္တြင္ အျပစ္မဲ့ျပည္သူမ်ားအား အသက္အႏၲရာယ္ထိခိုက္ေစနိုင္သည္အထိ ရိုက္ႏွက္ စစ္ေဆးျခင္း မ်ားသည္ ျပည္သူ႔တပ္မေတာ္တစ္ရပ္မွလုပ္သင့္သည့္ လုပ္ရပ္မ်ားမဟုတ္၊ ယုတ္ညံ့ေသာ ဖက္ဆစ္တို႔၏ လုပ္ရပ္သာ ျဖစ္ေၾကာင္း ေဖာ္ျပသည္။
ေက်ာင္းသားမ်ားအား ဖမ္းဆီးႏွိပ္စက္ရိုက္ႏွက္ျခင္းသည္ ယခုတစ္ႀကိမ္မဟုတ္ေတာ့ဘဲ လြန္ခဲ့ေသာ လအနည္းငယ္ခန႔္က ေက်ာက္ျဖဴပညာေရးေကာလိပ္မွေက်ာင္းသား တစ္ဦးကိုလည္း ျမန္မာ့တပ္မေတာ္မွ ရိုက္ႏွက္ႏွိပ္စက္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း ေဖာ္ျပထားသည္။
လက္ရွိ အစိုးရႏွင့္ ပတ္သက္ၿပီးလည္း ေဖာ္ျပထားသည္မွာ “ လက္ရွိအာဏာရ အစိုးရအေနျဖင့္လည္း ရကၡိဳင္ျပည္အတြင္း အျပစ္မဲ့ျပည္သူမ်ား မတရားသတ္ ျဖတ္ခံေနရျခင္းအေပၚ ျပည္သူမ်ားဖက္မွ မားမားမတ္မတ္ မရပ္ တည္ျခင္းသည္ ၄င္းတို႔ေႂကြးေၾကာ္ေန ေသာ ‘ဖက္ဒရယ္ျပည္ေထာင္စုႏွင့္ အမ်ိဳးသား ရင္ၾကားေစ့ေရး’ ကို အလွမ္းေဝးေစသည္ ဟု မိမိတို႔ အေနျဖင့္မွတ္ယူေၾကာင္း ေဖာ္ျပသည္။
၎ျပင္ ‘ျမန္မာနိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္’ ဆိုသည္မွာလည္း အမည္ခံမၽွသာရွိ၍ ရကၡိဳင္ ျပည္သူမ်ား ေန႔စဥ္ႏွင့္အမၽွ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံေနရမႈအေပၚ မျမင္ဟန္၊ မၾကားဟန္ ေဆာင္ေန သည္မွာ အမ်ားျပည္သူတို႔ စိတ္ပ်က္ဖြယ္ရာျဖစ္သည္ဟု ေဖာ္ျပထားသည္။
အျပစ္မဲ့ျပည္သူမ်ားအား ဖမ္းဆီးႏွိပ္စက္သတ္ျဖတ္ျခင္းသည္ ျပည္သူကို ကိုယ္စားျပဳေသာ လက္နက္ကိုင္ တပ္မေတာ္ တစ္ရပ္ႏွင့္ အပ္စပ္ေသာ လုပ္ရပ္မ်ားမဟုတ္သျဖင့္ ေက်ာင္းသားကို မတရားႏွိပ္စက္ခဲ့သည့္ တပ္မေတာ္သားမ်ားအား အမ်ားျပည္သူျမင္သာေအာင္အျပစ္ေပးအေရးယူရန္ ေမၽွာ္လင့္ေၾကာင္း၊ ရကၡိဳင္ျပည္ ေက်ာင္းသားသမဂၢအေနျဖင့္ ျပည္သူကို အမွန္တကယ္ ကိုယ္စားျပဳေသာ လက္နက္ကိုင္ တပ္မေတာ္ႏွင့္ အစိုးရကိုသာ အလိုရွိေၾကာင္းကိုလည္း ေၾကညာခ်က္၌ ေဖာ္ျပထားသည္။
---------------------------------
Unicode -
အပြစ်မဲ့ပြည်သူများအား ရိုက်နှက်စစ်ဆေးခြင်းသည် ပြည်သူ့တပ်မတော်၏ လုပ်ရပ်မဟုတ်၊ အစိုးရ၏ ရပ်တည်ချက် အမျိုးသားရင်ကြားစေ့ရေးကို အလှမ်းဝေးစေ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်မှာလည်း စိတ်ပျက်ဖွယ်ရာဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂဆို
ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၅/၂ဝ၂ဝ
အပြစ်မဲ့ပြည်သူများအား ရိုက်နှက်စစ်ဆေးခြင်းသည် ပြည်သူ့ တပ်မတော်တစ်ရပ်၏ လုပ်ရပ်မဟုတ်သလို လက်ရှိ အာဏာရ အစိုးရ အနေဖြင့်လည်း ရက္ခိုင်ပြည်အတွင်း အပြစ်မဲ့ပြည်သူများ မတရား သတ် ဖြတ်ခံနေရခြင်းအပေါ် ပြည်သူများဖက်မှ မားမားမတ်မတ် မရပ်တည် ခြင်းမှာ အမျိုးသားရင်ကြားစေ့ရေး အလှမ်းဝေးစေပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှာလည်း စိတ်ပျက်ဖွယ်ရာဟု ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂ( ဦးဆောင်ကော်မတီ) က ပြောဆိုလိုက်သည်။
အဆိုပါ ပြောဆိုချက်များကို ဒီဇင်ဘာ ၂၄ ရက် နေ့စွဲဖြင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ထုတ်ပြန်သည့် “ ပြည်သူအားကိုယ်စားပြုသော မြန်မာ့တပ်မတော်မှ ကျောင်းသားတစ်ဦးအား နေအိမ်မှဆွဲခေါ်ကာ ဖမ်းဆီးနှိပ်စက်သည့် ကိစ္စနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ကြေညာချက်” ထဲတွင် ဖော်ပြထားသည်။
၄င်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က “ အခုနယ်မြေ တည်ငြိမ်အေးချမ်းနေတဲ့အချိန်မှာ ပြည်သူ့ကိုယ်စားပြုတပ်မတော်က ကျောင်းသားလူငယ်တွေကို ပစ်မှတ် ထားပြီးတော့ ဖမ်းဆီးညှဉ်းပမ်း စစ်ဆေးနေတာတွေကို ကျနော်တို့အနေနဲ့ သဘောထား ထုတ်ပြန်ရခြင်း ဖြစ်တယ်။ အဓိက ကျနော်တို့အနေနဲ့ စစ်အာဏာရှင်စနစ်ကိုလည်း တွန်းလှန်သွားဖို့ဖြစ်တယ်” ဟုပြောသည်။
အဆိုပါ ကြေညာချက်ကို ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့ ညနေပိုင်းက ကျောက်တော်မြို့နယ်၊ အပေါက်ဝ ကျေးရွာတွင် နေထိုင်သည့် ဆယ်တန်းကျောင်း သားတစ်ဦးဖြစ်သူ (ဘ) ဦးသိန်းထွန်း၏ သား ကိုအောင်နေဝင်း (၁၈ နှစ်) ကို မြန်မာ့တပ်မတော်သားတချို့မှ ဖမ်းဆီး နှိပ်စက်ခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဦးဆောင်ကော်မတီက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထုတ်ပြန်ချက်ထဲတွင် မင်းမဲ့တိုင်းပြည်တွင်နေသည့်သဖွယ် “မသင်္ကာ၍စစ်ဆေးသည်” ဟူသည့် ခေါင်းစဉ် အောက်တွင် အပြစ်မဲ့ပြည်သူများအား အသက်အန္တရာယ်ထိခိုက်စေနိုင်သည်အထိ ရိုက်နှက် စစ်ဆေးခြင်း များသည် ပြည်သူ့တပ်မတော် တစ်ရပ်မှလုပ်သင့်သည့် လုပ်ရပ်များမဟုတ်၊ ယုတ်ညံ့သော ဖက်ဆစ်တို့၏ လုပ်ရပ်သာ ဖြစ်ကြောင်း ဖော်ပြသည်။
ကျောင်းသားများအား ဖမ်းဆီးနှိပ်စက်ရိုက်နှက်ခြင်းသည် ယခုတစ်ကြိမ်မဟုတ်တော့ဘဲ လွန်ခဲ့သော လအနည်းငယ်ခန့်က ကျောက်ဖြူပညာရေးကောလိပ်မှကျောင်းသား တစ်ဦးကိုလည်း မြန်မာ့တပ်မတော်မှ ရိုက်နှက်နှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
လက်ရှိ အစိုးရနှင့် ပတ်သက်ပြီးလည်း ဖော်ပြထားသည်မှာ “ လက်ရှိအာဏာရ အစိုးရအနေဖြင့်လည်း ရက္ခိုင်ပြည်အတွင်း အပြစ်မဲ့ပြည်သူများ မတရားသတ် ဖြတ်ခံနေရခြင်းအပေါ် ပြည်သူများဖက်မှ မားမားမတ်မတ် မရပ်တည်ခြင်းသည် ၄င်းတို့ကြွေးကြော်နေ သော ‘ဖက်ဒရယ်ပြည်ထောင်စုနှင့် အမျိုးသား ရင်ကြားစေ့ရေး’ ကို အလှမ်းဝေးစေသည် ဟု မိမိတို့ အနေဖြင့်မှတ်ယူကြောင်း ဖော်ပြသည်။
၎င်းပြင် ‘မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်’ ဆိုသည်မှာလည်း အမည်ခံမျှသာရှိ၍ ရက္ခိုင် ပြည်သူများ နေ့စဉ်နှင့်အမျှ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုအပေါ် မမြင်ဟန်၊ မကြားဟန် ဆောင်နေ သည်မှာ အများပြည်သူတို့ စိတ်ပျက်ဖွယ်ရာဖြစ်သည်ဟု ဖော်ပြထားသည်။
အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းသည် ပြည်သူကိုကိုယ်စားပြုသော လက်နက်ကိုင် တပ်မတော်တစ်ရပ်နှင့်အပ်စပ်သောလုပ်ရပ်များမဟုတ်သဖြင့် ကျောင်းသားကို မတရားနှိပ်စက်ခဲ့သည့် တပ်မတော်သားများအား အများပြည်သူမြင်သာအောင်အပြစ်ပေးအရေးယူရန် မျှော်လင့်ကြောင်း၊ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂအနေဖြင့် ပြည်သူကို အမှန်တကယ် ကိုယ်စားပြုသော လက်နက်ကိုင် တပ်မတော်နှင့် အစိုးရကိုသာအလိုရှိကြောင်းကိုလည်း ကြေညာချက်၌ ဖော်ပြထားသည်။
https://burmese.narinjara.com/.../5fe561923f8935047dbb796a
https://www.facebook.com/narinjara.info/posts/3902715179740530
No comments:
Post a Comment