ANP နဲ႔ NLD ေတြ႕ဆုံေရး ဘယ္လိုအေျခအေနရွိေနပါသလဲ
ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေနရာကို ANP ပါတီက တကယ္ေတာင္းမွာလား
(ANP ဥကၠ႒ ဦးသာထြန္းလွနဲ႔ ေမးျမန္းခန္း)
နိရဥၥရာ၊ ဒီဇင္ဘာ ၂၅/၂ဝ၂ဝ (အင္တာဗ်ဴး)
ရခိုင္ျပည္နယ္မွ အင္အားႀကီးပါတီတစ္ခုျဖစ္တဲ့ ရခိုင္အမ်ိဳးသားပါတီ (ANP) နဲ႔ လက္ရွိ တစ္နိုင္ငံလုံး အတိုင္းအတာနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္အမ်ားဆုံး အနိုင္ရထားတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) တို႔ ေတြ႕ဆုံမယ္လို႔ သတင္းေတြ ထြက္ေပၚေနတဲ့အတြက္ ေနာက္ဆုံး အေျခအေနဘယ္လိုရွိေနတယ္ဆိုတာ သိရွိနိုင္ေအာင္ ရခိုင္အမ်ိဳးသားပါတီ (ANP) ဥကၠ႒ ဦးသာထြန္းလွကို ေမးျမန္းတင္ျပေပးလိုက္ပါတယ္။
ေမး- ဥကၠ႒ခင္ဗ်ား။ NLD နဲ႔ ေတြ႕မယ့္ တိုင္းရင္းသားပါတီေတြအထဲမွာ ANP လည္း ေတြ႕မယ္ဆိုၿပီးေတာ့ သိရပါတယ္။ အဲဒါ ဘယ္ေတာ့ေလာက္ ေတြ႕ျဖစ္မွာပါလဲ ခင္ဗ်ာ။
ဦးသာထြန္းလွ- က်ေနာ္တို႔ကိုေတာ့ ေလာေလာဆယ္ တရားဝင္ေတြ႕ဆုံဖို႔အတြက္ တရားဝင္ကမ္းလွမ္းတာ ဘာမွ မရွိေသးပါဘူး။ ေရြးေကာက္ပြဲအလြန္ နိုဝင္ဘာ ၁၁ ရက္ေန႔က အြန္လိုင္းေပၚမွာတင္ခဲ့တဲ့ NLD ပါတီက တိုင္းရင္းသားပါတီေတြကို ဒီမိုကေရစီ ျပည္ေထာင္စုတည္ေဆာက္ေရးအတြက္ ပူးေပါင္းပါဝင္ဖို႔ တိုက္တြန္းတယ္ ဆိုတဲ့ အဲဒီ စာတစ္ေစာင္ေတာ့ က်ေနာ္တို႔ဆီကို ပါတီကိုေရာက္တာရွိခဲ့တဲ့ အတြက္ေၾကာင့္ က်ေနာ္တို႔ အဲဒီစာကို လက္ခံရရွိတဲ့အေၾကာင္း က်ေနာ္တို႔ NLD ကို တရားဝင္ စာျပန္ထားတာရွိပါတယ္။ အဲလို အေျခအေနမ်ိဳးပဲ ရွိပါေသးတယ္။
ေမး- NLD က တိုင္းရင္းသားပါတီေတြနဲ႔ ေရွ႕လဆန္းပိုင္းေလာက္မွာ ေတြ႕မယ္လို႔ က်ေနာ္တို႔ သိရပါတယ္။ အဲဒီအထဲမွာေရာ ေတြ႕မယ့္ အစီအစဥ္ ရွိပါလား။
ေျဖ- က်ေနာ္တို႔ကေတာ့အခု NLD (CEC) အစည္းအေဝးဆုံးျဖတ္ခ်က္အရ ေဒါက္တာေအာင္မိုးညိဳပါဝင္တဲ့ ပုဂၢိဳလ္ ၃ ဦးကို တာဝန္ေပးထားတယ္လို႔ က်ေနာ္တို႔ အဲဒီ သတင္းမီဒီယာေတြက တဆင့္ က်ေနာ္တို႔ သိထား ရပါတယ္။ က်ေနာ္တို႔ ပါတီအေနနဲ႔ေတာ့ အဲလို ေတြ႕ဆုံေဆြးေႏြးဖို႔အတြက္ အဆင့္ဆင့္ ဖန္တီးတာကို ႀကိဳဆိုတဲ့ သေဘာထားနဲ႔ က်ေနာ္တို႔ အဲလိုေျပာထားတာရွိတဲ့အတြက္ေၾကာင့္ အဲလို ေတြ႕ဆုံေဆြးေႏြးဖို႔ ကမ္းလွမ္း လာရင္ေတာ့ က်ေနာ္တို႔ပါတီအေနနဲ႔ လက္ခံေတြ႕ဆုံမယ္ဆိုတဲ့သေဘာထားေတာ့ က်ေနာ္တို႔ အဲဒီလို အတည္ျပဳေပးနိုင္ပါတယ္။
ေမး- ဟုတ္ကဲ့။ အဲဒီေတာ့ တကယ္လို႔ NLD နဲ႔ေတြ႕တယ္ဆိုရင္ ဥကၠ႒တို႔ဘက္က ဘယ္လိုဟာေတြကို အဓိကထားၿပီးေတာ့ ေဆြးေႏြးမယ္ဆိုတဲ့ အစီစဥ္မ်ိဳးေရာ၊ ဆုံးျဖတ္ထားတာမ်ိဳးေရာ ရွိပါသလား။
ေျဖ- က်ေနာ္တို႔ ဟို ေရွ႕ကေရာက္ခဲ့တဲ့ စာတစ္ေစာင္ဟာဆိုရင္ ဒီတိုင္းရင္းသားေတြရဲ့ဆႏၵကို အေလးထားမယ္ ဆိုတဲ့ သေဘာထားပါတာရွိတဲ့အတြက္ေၾကာင့္ က်ေနာ္တို႔ အဲဒီအေပၚမွာလည္း က်ေနာ္တို႔ ႀကိဳဆိုတဲ့အေၾကာင္း က်ေနာ္တို႔ အဲဒီလို အေၾကာင္းထားတာရွိပါတယ္။ ဒါေပမဲ့ အခုေတာ့ ေလာေလာဆယ္ က်ေနာ္တို႔ ေဒါက္တာေအာင္မိုးညိဳ ဦးေဆာင္တဲ့ ဒီေကာ္မတီက ေတြ႕ဆုံေဆြးေႏြးမယ့္ ပုံစံရယ္၊ အခင္းအက်င္းက်ေတာ့ က်ေနာ္တို႔က သတင္းမီဒီယာကတဆင့္ သိရတဲ့အေျခအေနရွိေနတဲ့အတြက္ အဲဒီလိုအေျခအေနပဲ ရွိတဲ့ အတြက္ေၾကာင့္ က်ေနာ္တို႔က အဲဒီ NLD ေျပာေရးဆိုခြင့္ရွိသူေတြရဲ့ သတင္းမီဒီယာေပၚမွာ ေျပာၾကားခ်က္ေတြကို က်ေနာ္တို႔ ေလ့လာသုံးသပ္ေနတဲ့အေျခအေနပဲ ရွိေနပါေသးတယ္။ က်ေနာ္တို႔ တိတိက်က်၊ က်ေနာ္တို႔ဆီကို ဘာအေၾကာင္းအရာေတြကို ေဆြးေႏြးမယ္ဆိုတာကိုလည္း က်ေနာ္တို႔ တိတိက်က်၊ ဒီေန႔အခ်ိန္ထိ သိရတဲ့အေျခအေနမရွိေသးပါဘူး။ သတင္းမီဒီယာ ေျပာၾကားတဲ့အေျခအေနကိုပဲ က်ေနာ္တို႔ သိရတဲ့အေျခအေနပဲရွိပါေသးတယ္။
ေမး- ေနာက္တစ္ခုေနၿပီးေတာ့ ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္နဲ႔ပတ္သက္ၿပီးေတာ့ ANP ဘက္ကေရာ ဘယ္လိုသေဘာထားရွိပါသလဲ ခင္ဗ်ာ။ သူတို႔နဲ႔ေတြ႕ရင္ ဘယ္လို အဲဒီသေဘာထားေလး သိခ်င္ပါတယ္။
ေျဖ- က်ေနာ္တို႔ကေတာ့ ေလာေလာဆယ္မွာ က်ေနာ္တို႔ကေတာ့ အဲဒီလိုဆိုရင္ က်ေနာ္တို႔က ေရြးေကာက္ပြဲ အခင္းအက်င္းကိုလည္း က်ေနာ္တို႔ ျပန္သုံးသပ္ဖို႔ လိုမယ္လို႔ ထင္ပါတယ္။ ရခိုင္ျပည္နယ္မွာ လုပ္ခဲ့တဲ့ ေရြးေကာက္ပြဲက မဲဆႏၵနယ္ေျမနဲ႔တြက္မယ္ဆိုရင္ ၆ ၿမိဳ႕နဲ႔ ၂ ျခမ္းပဲလုပ္ခဲ့တဲ့ အေျခအေနရွိပါတယ္။ မဲဆႏၵနယ္ေျမက က်ရင္ ၄ဝ% ေလာက္ပဲ လုပ္ခဲ့တယ္။ မဲေပးပိုင္ခြင့္ရွိတဲ့ ျပည္သူေတြ မဲေပးတဲ့ အခင္းအက်င္းကို ျပန္ၾကည့္မယ္ဆိုရင္လည္း ရခိုင္ျပည္နယ္မွာ မဲဆႏၵရွင္ ၁၆ သိန္းေက်ာ္မွာ ၄ သိန္း နီးပါးေလာက္ပဲ မဲေပးနိုင္ခဲ့တဲ့ အေျခအေနရွိတဲ့အတြက္ေၾကာင့္ ၂၅% ပတ္ဝန္းက်င္ေလာက္ပဲ မဲေပးနိုင္တဲ့ အခင္းအက်င္း အေျခအေနပဲ ရွိခဲ့တဲ့အတြက္ေၾကာင့္ က်ေနာ္တို႔ကေတာ့ ဒီေန႔အခ်ိန္ထိ ရခိုင့္တပ္ေတာ္ AAကလည္း ထုတ္ျပန္ေၾကညာတယ္။ ျမန္မာ့တပ္မေတာ္ကလည္း ထုတ္ျပန္ေၾကညာတယ္။ က်ေနာ္တို႔ ပါတီကလည္း အဲဒီထုတ္ျပန္ ေၾကညာခ်က္ အေပၚမွာ ေနာက္ဆက္တြဲ ေရြးေကာက္ပြဲေတြကို ျပန္လည္ က်င္းပဖို႔အတြက္ ပါတီကလည္း အဲဒီအေပၚမွာ သေဘာတူတဲ့အေၾကာင္း၊ ႀကိဳဆိုတဲ့အေၾကာင္း က်ေနာ္တို႔ ထုတ္ျပန္ ေၾကညာခဲ့ၿပီးျဖစ္ပါတယ္။ ဒီဇင္ဘာ ၁၅၊ ရခိုင္ျပည္နယ္ေန႔မွာလည္း နိုင္ငံေတာ္သမၼတက ေရြးေကာက္ပြဲ ျပန္လည္က်င္းပဖို႔အတြက္ သက္ဆိုင္ရာ ပုဂၢိဳလ္ေတြ၊ အဖြဲ႕အစည္းေတြ ဝိုင္းဝန္းကူညီ ပူးေပါင္းေဆာင္ရြက္ၾကဖို႔ တိုက္တြန္းတဲ့ဥစၥာကိုလည္း ေတြ႕တဲ့အတြက္ေၾကာင့္ ရခိုင္ျပည္နယ္မွာ က်ေနာ္တို႔ ရခိုင္ျပည္သူ အမ်ားစုကို ကိုယ္စားျပဳတဲ့ေရြးေကာက္ပြဲ အခင္းအက်င္းျဖစ္ေအာင္ အတြက္ အရင္ဖန္တီးေပးဖို႔ လိုတယ္လို႔ ျမင္ပါတယ္။ အဲဒီလိုမွ က်ေနာ္တို႔ ဒီမိုကေရစီ စံခ်ိန္စံညြန္းနဲ႔ကိုက္ညီတဲ့ လႊတ္ေတာ္တစ္ရပ္ ေပၚလာတဲ့ အခါမွ အဲဒီလႊတ္ေတာ္ကို ကိုယ္စားျပဳတဲ့ အစိုးရ အဖြဲ႕ကလည္း ဒီမိုကေရစီ စံခ်ိန္စံညြန္းနဲ႔ ကိုက္ညီတဲ့ အစိုးရအဖြဲ႕မ်ိဳး ေပၚေပါက္လာဖို႔ အေရးႀကီးတယ္လို႔ ျမင္ပါတယ္။
ေမး- ဝန္ႀကီးခ်ဳပ္ေနရာကို ANP ပါတီက ေတာင္းမယ္ဆိုၿပီးေတာ့ သတင္းေတြ ထြက္ေနပါတယ္။ အဲဒါကေရာ တကယ္ ေတာင္းမွာပါလား။
ေျဖ- အဲဒါကေတာ့ က်ေနာ္တို႔လည္း သတင္းမီဒီယာက တစ္ဆင့္ က်ေနာ္တို႔ ANP ပါတီက မူဝါဒေရးရာ ဦးေဆာင္ေကာ္မတီ အဖြဲ႕ဝင္တစ္ေယာက္က မိမိဆႏၵသေဘာထားကို သတင္းမီဒီယာကို ေျဖၾကား လိုက္တယ္လို႔ အဲဒီလိုပဲ က်ေနာ္တို႔ ယူဆပါတယ္။ အဲဒီ ပုဂၢိဳလ္ရဲ့ သေဘာဆႏၵေတြကို သတင္းမီဒီယာက လွမ္းေမးလို႔ ပုဂၢိဳလ္တစ္ဦးတစ္ေယာက္ရဲ့ သေဘာဆႏၵအတိုင္းေျဖလိုက္တယ္လို႔ က်ေနာ္တို႔ အဲဒီလို သုံးသပ္ပါတယ္။
ေမး- ဟုတ္ကဲ့။ ဥကၠ႒ ခင္ဗ်ား။ အခုက ဒီရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ကို ပထမတစ္ေခါက္ကလည္း USDP ကရသြားတယ္။ တစ္ခါ NLD ကလည္း ရသြားတယ္။ ၿပီးရင္ ဒီျပည္နယ္မွာက အနိုင္ရရွိတာက ရခိုင္အမ်ိဳးသားပါတီေတြပဲ အနိုင္ရရွိေနတာဆိုေတာ့ ဒီတစ္ႀကိမ္မွာ ဒီဝန္ႀကီးခ်ဳပ္နဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္လိုပုံစံမ်ိဳးျဖစ္ေစခ်င္လဲဆိုတာ ဥကၠ႒တို႔ အျမင္ေလးကိုလည္း သိခ်င္ပါတယ္။
ေျဖ- အမွန္က ဝန္ႀကီးခ်ဳပ္ဆိုတာက ရခိုင္ျပည္နယ္လႊတ္ေတာ္ကို တာဝန္ခံမႈ၊ တာဝန္ယူမႈရွိဖို႔ အေရးႀကီး ပါတယ္။ အဲဒါေၾကာင့္ ရခိုင္ျပည္နယ္လႊတ္ေတာ္က ရခိုင္ျပည္သူ အမ်ားစုကို ကိုယ္စားျပဳတဲ့ လႊတ္ေတာ္ အခင္းအက်င္းျဖစ္ဖို႔ အေရးႀကီးသလို၊ ဝန္ႀကီးခ်ဳပ္ကလည္း ရခိုင္ျပည္နယ္လႊတ္ေတာ္ကို တာဝန္ခံတဲ့၊ တာဝန္ယူတဲ့ ဝန္ႀကီးခ်ဳပ္ျဖစ္ဖို႔ အေရးႀကီးပါတယ္။ အဲဒါေၾကာင့္ ရခိုင္ျပည္နယ္လႊတ္ေတာ္ဟာ လႊတ္ေတာ္ အဂၤါရပ္နဲ႔ျပည့္စုံတဲ့၊ ျပည္သူအမ်ားစုကို ကိုယ္စားျပဳတဲ့ လႊတ္ေတာ္အခင္းအက်င္းျဖစ္ေအာင္ ဖန္တီးၿပီး ရခိုင္ျပည္နယ္က လႊတ္ေတာ္ကိုယ္စားလွယ္အမ်ားစုက သေဘာတူတဲ့လႊတ္ေတာ္ကိုယ္စားလွယ္က ဝန္ႀကီးခ်ဳပ္ ျဖစ္လာဖို႔ အေရးႀကီးတယ္လို႔ က်ေနာ္ အဲဒီလိုျမင္ပါတယ္။
ေမး- ဟုတ္ကဲ့ ဥကၠ႒။ ေက်းဇူးတင္ပါတယ္။ ဒီဟာနဲ႔ပတ္သက္ၿပီးေရာ ျဖည့္စြက္ၿပီးေတာ့ ဘာမ်ား ေျပာစရာရွိပါသလဲ။ ေတြ႕ဆုံေဆြးေႏြးပြဲတို႔၊ ဝန္ႀကီးခ်ဳပ္တို႔ ကိစၥနဲ႔ပတ္သက္ၿပီးေတာ့ ဥကၠ႒တို႔ဘက္က ဘာမ်ား ေနာက္ထပ္ျဖည့္စြက္ၿပီးေတာ့ ေျပာစရာမ်ားရွိပါလဲ။
ေျဖ- ဟုတ္ကဲ့။ က်ေနာ္တို႔က ဒီလက္ရွိ အနိုင္ရပါတီ NLD ပါတီက ဒီတိုင္းရင္းသားပါတီေတြနဲ႔ ေတြ႕ဆုံ ေဆြးေႏြးဖို႔အတြက္ အခင္းအက်င္းဖန္တီးတာကိုေတာ့ က်ေနာ္တို႔အေနနဲ႔ေျပာရမယ္ဆိုရင္ ဒါကိုေတာ့ က်ေနာ္တို႔ ႀကိဳဆိုတယ္လို႔ ေျပာလို႔ရမယ္။ ဘာျဖစ္လို႔လဲရင္ NLD ပါတီကလည္း ၂ဝ၁၅ေရြးေကာက္ပြဲ အလြန္တုန္းကလည္း တိုင္းရင္းသားပါတီေတြနဲ႔ ထိေတြ႕ဆက္ဆံမႈလုံးဝမရွိခဲ့တဲ့ အေျခအေနမ်ိဳး ရွိတဲ့ အတြက္ေၾကာင့္ အခုအခ်ိန္မွာ ၂ဝ၂ဝေရြးေကာက္ပြဲဟာ ျမန္မာနိုင္ငံမွာ အနာဂတ္ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးအတြက္ တိုင္းရင္းသားပါတီေတြနဲ႔ ထိေတြ႕ဆက္ဆံဖို႔ လိုအပ္တယ္ဆိုတဲ့ အယူအဆမ်ိဳး ေပၚေပါက္လာနိုင္တယ္လို႔ က်ေနာ္တို႔ အဲလိုမ်ိဳး ယူဆတယ္။ အဲတာေၾကာင့္ အခုလို ေကာ္မတီဖြဲ႕ၿပီး တိုင္းရင္းသားပါတီေတြနဲ႔ ထိေတြ႕ဆက္ဆံဖို႔အတြက္ အခင္းအက်င္း ဖန္တီးတဲ့ အခင္းအက်င္းကိုေတာ့ က်ေနာ္တို႔ ႀကိဳဆိုတယ္လို႔ က်ေနာ္တို႔ အဲလို ေျပာခ်င္ပါတယ္။
ေမး- ဟုတ္ကဲ့။ ေက်းဇူးတင္ပါတယ္။
ေျဖ- ေက်းဇူးတင္ပါတယ္။
---------------------------------
Unicode -
ANP နဲ့ NLD တွေ့ဆုံရေး ဘယ်လိုအခြေအနေရှိနေပါသလဲ
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာကို ANP ပါတီက တကယ်တောင်းမှာလား
(ANP ဥက္ကဋ္ဌ ဦးသာထွန်းလှနဲ့ မေးမြန်းခန်း)
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၅/၂ဝ၂ဝ (အင်တာဗျူး)
ရခိုင်ပြည်နယ်မှ အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) နဲ့ လက်ရှိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လွှတ်တော်ကိုယ်စားလှယ်အများဆုံး အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ တွေ့ဆုံမယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် နောက်ဆုံး အခြေအနေဘယ်လိုရှိနေတယ်ဆိုတာ သိရှိနိုင်အောင် ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှကို မေးမြန်းတင်ပြပေးလိုက်ပါတယ်။
မေး- ဥက္ကဋ္ဌခင်ဗျား။ NLD နဲ့ တွေ့မယ့် တိုင်းရင်းသားပါတီတွေအထဲမှာ ANP လည်း တွေ့မယ်ဆိုပြီးတော့ သိရပါတယ်။ အဲဒါ ဘယ်တော့လောက် တွေ့ဖြစ်မှာပါလဲ ခင်ဗျာ။
ဦးသာထွန်းလှ- ကျနော်တို့ကိုတော့ လောလောဆယ် တရားဝင်တွေ့ဆုံဖို့အတွက် တရားဝင်ကမ်းလှမ်းတာ ဘာမှ မရှိသေးပါဘူး။ ရွေးကောက်ပွဲအလွန် နိုဝင်ဘာ ၁၁ ရက်နေ့က အွန်လိုင်းပေါ်မှာတင်ခဲ့တဲ့ NLD ပါတီက တိုင်းရင်းသားပါတီတွေကို ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းတယ် ဆိုတဲ့ အဲဒီ စာတစ်စောင်တော့ ကျနော်တို့ဆီကို ပါတီကိုရောက်တာရှိခဲ့တဲ့ အတွက်ကြောင့် ကျနော်တို့ အဲဒီစာကို လက်ခံရရှိတဲ့အကြောင်း ကျနော်တို့ NLD ကို တရားဝင် စာပြန်ထားတာရှိပါတယ်။ အဲလို အခြေအနေမျိုးပဲ ရှိပါသေးတယ်။
မေး- NLD က တိုင်းရင်းသားပါတီတွေနဲ့ ရှေ့လဆန်းပိုင်းလောက်မှာ တွေ့မယ်လို့ ကျနော်တို့ သိရပါတယ်။ အဲဒီအထဲမှာရော တွေ့မယ့် အစီအစဉ် ရှိပါလား။
ဖြေ- ကျနော်တို့ကတော့အခု NLD (CEC) အစည်းအဝေးဆုံးဖြတ်ချက်အရ ဒေါက်တာအောင်မိုးညိုပါဝင်တဲ့ ပုဂ္ဂိုလ် ၃ ဦးကို တာဝန်ပေးထားတယ်လို့ ကျနော်တို့ အဲဒီ သတင်းမီဒီယာတွေက တဆင့် ကျနော်တို့ သိထား ရပါတယ်။ ကျနော်တို့ ပါတီအနေနဲ့တော့ အဲလို တွေ့ဆုံဆွေးနွေးဖို့အတွက် အဆင့်ဆင့် ဖန်တီးတာကို ကြိုဆိုတဲ့ သဘောထားနဲ့ ကျနော်တို့ အဲလိုပြောထားတာရှိတဲ့အတွက်ကြောင့် အဲလို တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်း လာရင်တော့ ကျနော်တို့ပါတီအနေနဲ့ လက်ခံတွေ့ဆုံမယ်ဆိုတဲ့သဘောထားတော့ ကျနော်တို့ အဲဒီလို အတည်ပြုပေးနိုင်ပါတယ်။
မေး- ဟုတ်ကဲ့။ အဲဒီတော့ တကယ်လို့ NLD နဲ့တွေ့တယ်ဆိုရင် ဥက္ကဋ္ဌတို့ဘက်က ဘယ်လိုဟာတွေကို အဓိကထားပြီးတော့ ဆွေးနွေးမယ်ဆိုတဲ့ အစီစဉ်မျိုးရော၊ ဆုံးဖြတ်ထားတာမျိုးရော ရှိပါသလား။
ဖြေ- ကျနော်တို့ ဟို ရှေ့ကရောက်ခဲ့တဲ့ စာတစ်စောင်ဟာဆိုရင် ဒီတိုင်းရင်းသားတွေရဲ့ဆန္ဒကို အလေးထားမယ် ဆိုတဲ့ သဘောထားပါတာရှိတဲ့အတွက်ကြောင့် ကျနော်တို့ အဲဒီအပေါ်မှာလည်း ကျနော်တို့ ကြိုဆိုတဲ့အကြောင်း ကျနော်တို့ အဲဒီလို အကြောင်းထားတာရှိပါတယ်။ ဒါပေမဲ့ အခုတော့ လောလောဆယ် ကျနော်တို့ ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ ဒီကော်မတီက တွေ့ဆုံဆွေးနွေးမယ့် ပုံစံရယ်၊ အခင်းအကျင်းကျတော့ ကျနော်တို့က သတင်းမီဒီယာကတဆင့် သိရတဲ့အခြေအနေရှိနေတဲ့အတွက် အဲဒီလိုအခြေအနေပဲ ရှိတဲ့ အတွက်ကြောင့် ကျနော်တို့က အဲဒီ NLD ပြောရေးဆိုခွင့်ရှိသူတွေရဲ့ သတင်းမီဒီယာပေါ်မှာ ပြောကြားချက်တွေကို ကျနော်တို့ လေ့လာသုံးသပ်နေတဲ့အခြေအနေပဲ ရှိနေပါသေးတယ်။ ကျနော်တို့ တိတိကျကျ၊ ကျနော်တို့ဆီကို ဘာအကြောင်းအရာတွေကို ဆွေးနွေးမယ်ဆိုတာကိုလည်း ကျနော်တို့ တိတိကျကျ၊ ဒီနေ့အချိန်ထိ သိရတဲ့အခြေအနေမရှိသေးပါဘူး။ သတင်းမီဒီယာ ပြောကြားတဲ့အခြေအနေကိုပဲ ကျနော်တို့ သိရတဲ့အခြေအနေပဲရှိပါသေးတယ်။
မေး- နောက်တစ်ခုနေပြီးတော့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ပတ်သက်ပြီးတော့ ANP ဘက်ကရော ဘယ်လိုသဘောထားရှိပါသလဲ ခင်ဗျာ။ သူတို့နဲ့တွေ့ရင် ဘယ်လို အဲဒီသဘောထားလေး သိချင်ပါတယ်။
ဖြေ- ကျနော်တို့ကတော့ လောလောဆယ်မှာ ကျနော်တို့ကတော့ အဲဒီလိုဆိုရင် ကျနော်တို့က ရွေးကောက်ပွဲ အခင်းအကျင်းကိုလည်း ကျနော်တို့ ပြန်သုံးသပ်ဖို့ လိုမယ်လို့ ထင်ပါတယ်။ ရခိုင်ပြည်နယ်မှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲက မဲဆန္ဒနယ်မြေနဲ့တွက်မယ်ဆိုရင် ၆ မြို့နဲ့ ၂ ခြမ်းပဲလုပ်ခဲ့တဲ့ အခြေအနေရှိပါတယ်။ မဲဆန္ဒနယ်မြေက ကျရင် ၄ဝ% လောက်ပဲ လုပ်ခဲ့တယ်။ မဲပေးပိုင်ခွင့်ရှိတဲ့ ပြည်သူတွေ မဲပေးတဲ့ အခင်းအကျင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း ရခိုင်ပြည်နယ်မှာ မဲဆန္ဒရှင် ၁၆ သိန်းကျော်မှာ ၄ သိန်း နီးပါးလောက်ပဲ မဲပေးနိုင်ခဲ့တဲ့ အခြေအနေရှိတဲ့အတွက်ကြောင့် ၂၅% ပတ်ဝန်းကျင်လောက်ပဲ မဲပေးနိုင်တဲ့ အခင်းအကျင်း အခြေအနေပဲ ရှိခဲ့တဲ့အတွက်ကြောင့် ကျနော်တို့ကတော့ ဒီနေ့အချိန်ထိ ရခိုင့်တပ်တော် AAကလည်း ထုတ်ပြန်ကြေညာတယ်။ မြန်မာ့တပ်မတော်ကလည်း ထုတ်ပြန်ကြေညာတယ်။ ကျနော်တို့ ပါတီကလည်း အဲဒီထုတ်ပြန် ကြေညာချက် အပေါ်မှာ နောက်ဆက်တွဲ ရွေးကောက်ပွဲတွေကို ပြန်လည် ကျင်းပဖို့အတွက် ပါတီကလည်း အဲဒီအပေါ်မှာ သဘောတူတဲ့အကြောင်း၊ ကြိုဆိုတဲ့အကြောင်း ကျနော်တို့ ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၅၊ ရခိုင်ပြည်နယ်နေ့မှာလည်း နိုင်ငံတော်သမ္မတက ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့အတွက် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းတဲ့ဥစ္စာကိုလည်း တွေ့တဲ့အတွက်ကြောင့် ရခိုင်ပြည်နယ်မှာ ကျနော်တို့ ရခိုင်ပြည်သူ အများစုကို ကိုယ်စားပြုတဲ့ရွေးကောက်ပွဲ အခင်းအကျင်းဖြစ်အောင် အတွက် အရင်ဖန်တီးပေးဖို့ လိုတယ်လို့ မြင်ပါတယ်။ အဲဒီလိုမှ ကျနော်တို့ ဒီမိုကရေစီ စံချိန်စံညွန်းနဲ့ကိုက်ညီတဲ့ လွှတ်တော်တစ်ရပ် ပေါ်လာတဲ့ အခါမှ အဲဒီလွှတ်တော်ကို ကိုယ်စားပြုတဲ့ အစိုးရ အဖွဲ့ကလည်း ဒီမိုကရေစီ စံချိန်စံညွန်းနဲ့ ကိုက်ညီတဲ့ အစိုးရအဖွဲ့မျိုး ပေါ်ပေါက်လာဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။
မေး- ဝန်ကြီးချုပ်နေရာကို ANP ပါတီက တောင်းမယ်ဆိုပြီးတော့ သတင်းတွေ ထွက်နေပါတယ်။ အဲဒါကရော တကယ် တောင်းမှာပါလား။
ဖြေ- အဲဒါကတော့ ကျနော်တို့လည်း သတင်းမီဒီယာက တစ်ဆင့် ကျနော်တို့ ANP ပါတီက မူဝါဒရေးရာ ဦးဆောင်ကော်မတီ အဖွဲ့ဝင်တစ်ယောက်က မိမိဆန္ဒသဘောထားကို သတင်းမီဒီယာကို ဖြေကြား လိုက်တယ်လို့ အဲဒီလိုပဲ ကျနော်တို့ ယူဆပါတယ်။ အဲဒီ ပုဂ္ဂိုလ်ရဲ့ သဘောဆန္ဒတွေကို သတင်းမီဒီယာက လှမ်းမေးလို့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ သဘောဆန္ဒအတိုင်းဖြေလိုက်တယ်လို့ ကျနော်တို့ အဲဒီလို သုံးသပ်ပါတယ်။
မေး- ဟုတ်ကဲ့။ ဥက္ကဋ္ဌ ခင်ဗျား။ အခုက ဒီရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို ပထမတစ်ခေါက်ကလည်း USDP ကရသွားတယ်။ တစ်ခါ NLD ကလည်း ရသွားတယ်။ ပြီးရင် ဒီပြည်နယ်မှာက အနိုင်ရရှိတာက ရခိုင်အမျိုးသားပါတီတွေပဲ အနိုင်ရရှိနေတာဆိုတော့ ဒီတစ်ကြိမ်မှာ ဒီဝန်ကြီးချုပ်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုပုံစံမျိုးဖြစ်စေချင်လဲဆိုတာ ဥက္ကဋ္ဌတို့ အမြင်လေးကိုလည်း သိချင်ပါတယ်။
ဖြေ- အမှန်က ဝန်ကြီးချုပ်ဆိုတာက ရခိုင်ပြည်နယ်လွှတ်တော်ကို တာဝန်ခံမှု၊ တာဝန်ယူမှုရှိဖို့ အရေးကြီး ပါတယ်။ အဲဒါကြောင့် ရခိုင်ပြည်နယ်လွှတ်တော်က ရခိုင်ပြည်သူ အများစုကို ကိုယ်စားပြုတဲ့ လွှတ်တော် အခင်းအကျင်းဖြစ်ဖို့ အရေးကြီးသလို၊ ဝန်ကြီးချုပ်ကလည်း ရခိုင်ပြည်နယ်လွှတ်တော်ကို တာဝန်ခံတဲ့၊ တာဝန်ယူတဲ့ ဝန်ကြီးချုပ်ဖြစ်ဖို့ အရေးကြီးပါတယ်။ အဲဒါကြောင့် ရခိုင်ပြည်နယ်လွှတ်တော်ဟာ လွှတ်တော် အင်္ဂါရပ်နဲ့ပြည့်စုံတဲ့၊ ပြည်သူအများစုကို ကိုယ်စားပြုတဲ့ လွှတ်တော်အခင်းအကျင်းဖြစ်အောင် ဖန်တီးပြီး ရခိုင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်အများစုက သဘောတူတဲ့လွှတ်တော်ကိုယ်စားလှယ်က ဝန်ကြီးချုပ် ဖြစ်လာဖို့ အရေးကြီးတယ်လို့ ကျနော် အဲဒီလိုမြင်ပါတယ်။
မေး- ဟုတ်ကဲ့ ဥက္ကဋ္ဌ။ ကျေးဇူးတင်ပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီးရော ဖြည့်စွက်ပြီးတော့ ဘာများ ပြောစရာရှိပါသလဲ။ တွေ့ဆုံဆွေးနွေးပွဲတို့၊ ဝန်ကြီးချုပ်တို့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ဥက္ကဋ္ဌတို့ဘက်က ဘာများ နောက်ထပ်ဖြည့်စွက်ပြီးတော့ ပြောစရာများရှိပါလဲ။
ဖြေ- ဟုတ်ကဲ့။ ကျနော်တို့က ဒီလက်ရှိ အနိုင်ရပါတီ NLD ပါတီက ဒီတိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့အတွက် အခင်းအကျင်းဖန်တီးတာကိုတော့ ကျနော်တို့အနေနဲ့ပြောရမယ်ဆိုရင် ဒါကိုတော့ ကျနော်တို့ ကြိုဆိုတယ်လို့ ပြောလို့ရမယ်။ ဘာဖြစ်လို့လဲရင် NLD ပါတီကလည်း ၂ဝ၁၅ရွေးကောက်ပွဲ အလွန်တုန်းကလည်း တိုင်းရင်းသားပါတီတွေနဲ့ ထိတွေ့ဆက်ဆံမှုလုံးဝမရှိခဲ့တဲ့ အခြေအနေမျိုး ရှိတဲ့ အတွက်ကြောင့် အခုအချိန်မှာ ၂ဝ၂ဝရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားပါတီတွေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်ဆိုတဲ့ အယူအဆမျိုး ပေါ်ပေါက်လာနိုင်တယ်လို့ ကျနော်တို့ အဲလိုမျိုး ယူဆတယ်။ အဲတာကြောင့် အခုလို ကော်မတီဖွဲ့ပြီး တိုင်းရင်းသားပါတီတွေနဲ့ ထိတွေ့ဆက်ဆံဖို့အတွက် အခင်းအကျင်း ဖန်တီးတဲ့ အခင်းအကျင်းကိုတော့ ကျနော်တို့ ကြိုဆိုတယ်လို့ ကျနော်တို့ အဲလို ပြောချင်ပါတယ်။
မေး- ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။
ဖြေ- ကျေးဇူးတင်ပါတယ်။
https://burmese.narinjara.com/.../5fe578a73f8935047dbb796...
https://www.facebook.com/narinjara.info/posts/3902891643056217
No comments:
Post a Comment