Tuesday, December 1, 2020

မောင်တောရွှေဇားတွင် မီးလောင်မှုဖြစ်ပွား၍ ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ထိခိုက်ဒဏ်ရာရ

 မောင်တောရွှေဇားတွင် မီးလောင်မှုဖြစ်ပွား၍ ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ထိခိုက်ဒဏ်ရာရ

ဆောင်းဇာခြည်

နိရဉ္စရာ၊ ဒီဇင်ဘာ ၂/ ၂၀၂၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရွှေဇား (မူဆလင်) ကျေးရွာတွင် ယနေ့ နေ့လယ်ပိုင်းက မီးလောင်မှု ဖြစ်ပွား၍ ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသူများမှာ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် သူမ၏ ၁၀ နှစ်အရွယ်နှင့် ၈ နှစ်အရွယ် သားငယ်နှစ်ဦးတို့ မီးလောင်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း မောင်တောမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းရွှေခိုင်က ပြောသည်။

“အိမ်က ဝါးနဲ့ဆောက်ထားတာ။ ပျဉ်ခင်း၊ သွပ်မိုးပေါ့။ အဲဒီအိမ်တစ်လုံး မီးလောင်လို့ သွားတယ်။ သားနှစ်ယောက်နဲ့ သူတို့ရဲ့ အမေဖြစ်သူက မီးလောင်တော့ အပူဟတ်ပြီး ဒဏ်ရာရသွားတယ်။ ခြေတွေ၊ လက်တွေမှာ ရသွားတာ။ ဒဏ်ရာကတော့ မပြင်းဘူးပေါ့။ ထမင်းချက်နေတုန်း မီးလောင်တာပါ။ ထင်းနဲ့ချက်တာ သူတို့မှာ။ မီးလောင်တာနဲ့ ကျွန်တော်တို့ မီးသတ်က သွားပြီး မီးငြိမ်းပေးခဲ့ပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရသွားသူ အမျိုးသမီး၏ နေအိမ် ပျက်စီးသွားကာ ဆုံးရှုံးမှုတန်ဖိုး ၃ သိန်းခွဲရှိကြောင်း ၎င်းက ပြောဆိုသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် အဆိုပါ ဒဏ်ရာရသူ ၃ ဦးအား ဂရုဏာကွန်ယက် လူမှုကူညီရေးအသင်း (မောင်တော)၏ အကူညီဖြင့်  မောင်တောဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဓါတ်ပုံ-ဖေ့စ်ဘုတ်

------------------------- 

Unicode:



နိရဉ်စရာ၊ ဒီဇငျဘာ ၂/ ၂၀၂၀







https://burmese.narinjara.com/.../5fc7746f3f8935047dbb789e


https://www.facebook.com/narinjara.info/posts/3840944085917640

No comments:

Post a Comment