Wednesday, December 30, 2020

လူ႔အခြင့္အေရးလႈပ္ရွားသူ ကိုသန္းလွအပါအဝင္ ရခိုင္လူငယ္ ၃ ဦး၏အမႈ ႏွစ္ဘက္ေက်ေအးမႈမရွိ၍ ဇန္နဝါရီ ၁၄ ရက္ေန႔ ထပ္မံ႐ုံးခ်ိန္း

 လူ႔အခြင့္အေရးလႈပ္ရွားသူ ကိုသန္းလွအပါအဝင္ ရခိုင္လူငယ္ ၃ ဦး၏အမႈ ႏွစ္ဘက္ေက်ေအးမႈမရွိ၍ ဇန္နဝါရီ ၁၄ ရက္ေန႔ ထပ္မံ႐ုံးခ်ိန္း

ထြန္းခိုင္ (ေတာင္ရင္းကၽြန္း)၊ ေဇာ္ဝင္းေဌး (ငခူေခ်ာင္း)

နိရဥၥရာ၊ ဒီဇင္ဘာ ၃၁/ ၂ဝ၂ဝ

ဒီဇင္ဘာလ (၁ဝ) ရက္ေန႔က စစ္ေတြၿမိဳ႕တြင္ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔ အထိမ္းအမွတ္ လႈပ္ရွားမႈျပဳလုပ္၍ ၿငိမ္စုစီဥပေဒပုဒ္မ (၁၉)ျဖင့္ တရားစြဲခံထားရသူ ကိုသန္းလွ (ခ) ကိုမင္းဘာေခ်က အပါအဝင္ ရခိုင္လူငယ္ (၃)ဦးအမႈႏွင့္ ပတ္သက္ၿပီး တရား႐ုံးတြင္ ႏွစ္ဘက္ေက်ေအးမႈမရွိသျဖင့္ ဇန္နဝါရီ ၁၄ ရက္ေန႔ ကို ထပ္မံ ႐ုံးခ်ိန္းလိုက္သည္ဟု သိရသည္။

တရားစြဲဆိုခံထားရသူ ကိုသန္းလွက “ ဒီေန႔မွာ တရားသူႀကီးက တရားစြဲဆိုတဲ့ တရားလို ရဲအရာရွိဘက္က ဥပေဒအရာရွိကို အမႈကို ေက်ေအးမလားဆိုၿပီးေတာ့ ေမးတယ္။ သူတို႔က မေက်ေအးဘူးလို႔ ေျပာတယ္။ ေက်ေအးတယ္ဆိုလို႔ရွိရင္ က်ေနာ္တို႔အမႈကို တရား႐ုံးက ဖ်က္သိမ္းလို႔ရတယ္” ဟု ေျပာသည္။

၎ေနာက္ စစ္ေတြၿမိဳ႕နယ္ တရားသူႀကီးက ကိုသန္းလွတို႔အား ေက်ေအးမလားဆိုၿပီး ဆက္ေမးခဲ့သည္ဟု ဆိုသည္။

“ သူတို႔က မေက်ေအးလို႔ ေျပာတဲ့အတြက္ တရားသူႀကီးက က်ေနာ္တို႔ကို ထပ္ေမးတယ္။ က်ေနာ္တို႔ဘက္က ေက်ေအးမလားဆိုၿပီးေတာ့။ ေက်ေအးမယ္ဆိုတာက က်ေနာ္တို႔က တရားခံမဟုတ္ဘူး။ ျပစ္မႈေတြကို က်ဴးလြန္ထားတဲ့ လူေတြလည္း မဟုတ္ဘူး။ အဲဒါေၾကာင့္ က်ေနာ္တို႔ကလည္း မေက်ေအးနိုင္ဘူး။ က်ေနာ္တို႔ဟာ အမွားလုပ္တာမဟုတ္ဘူး။ အမွန္တရားကိုလုပ္တာျဖစ္တယ္” ဟုေျပာသည္။

သို႔အတြက္ အမႈကို ဆက္လက္ စစ္ေဆးရန္ တရားသူႀကီးက ဇန္နဝါရီ ၁၄ ရက္ေန႔ကို ထပ္မံ ႐ုံးခ်ိန္းေပးလိုက္သည္ဟု သိရသည္။

အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔ ဒီဇင္ဘာ (၁ဝ)ရက္ေန႔အား ႀကိဳဆိုေထာက္ခံသည့္အေနျဖင့္ စစ္ေတြ ကမ္းေျခတြင္ ႀကိဳဆိုမႈျပဳလုပ္ခဲ့သည္ကို စစ္ေတြၿမိဳ႕မ ရဲစခန္းကတရားလိုလုပ္ၿပီး တရားစြဲဆိုမႈအေပၚ ဥပေဒဘက္ေတာ္သားမ်ားက လက္ခံသည္မွာ ျမန္မာနိုင္ငံ၏ တရားဥပေဒစိုးမိုးမႈ ပ်က္စီးသြားၿပီဟု ထင္ျမင္ေၾကာင္း ကိုသန္းလွက ဆက္လက္ေျပာၾကားသည္။

တရားစြဲဆိုခံရေနသူ သုံးဦးမွာ ရခိုင္လူငယ္မ်ိဳးဆက္သစ္ကြန္ရက္မွ ကိုမင္းဘာေခ် (ေခၚ)ကိုသန္းလွ၊ ကိုနိုင္နိုင္ထြန္းႏွင့္ မခိုင္ျမတ္သူတို႔ျဖစ္ၾကသည္။

၄င္းတို႔ ၃ ဦးအား ဒီဇင္ဘာလ (၂၁)ရက္ေန႔က  စစ္ေတြၿမိဳ႕နယ္တရား႐ုံးတြင္ စစ္ေတြၿမိဳ႕နယ္ရဲမႉးမွ တရားလိုလုပ္ တရားစြဲဆိုျခင္းသည္။

၄င္းတို႔ ၃ ဦးအား ဒီဇင္ဘာလ ၁ဝ ရက္ေန႔က က်ေရာက္သည့္ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔တြင္ ၿငိမ္းစုစီမတင္ဘဲ လူစုလူးေဝး ျပဳလုပ္သည္ဟုဆိုကာ ရဲတပ္ဖြဲ႕ဝင္မ်ားက ၎ေန႔ နံနက္ပိုင္းတြင္ ဖမ္းဆီးသြားခဲ့ၿပီး ယင္းေန႔ ညေန ၄ နာရီအခ်ိန္ခန္႔တြင္ အာမခံျဖင့္ ျပန္လည္လႊတ္ေပးခဲ့သည္။

----------------------------

Unicode -

လူ့အခွင့်အရေးလှုပ်ရှားသူ ကိုသန်းလှအပါအဝင် ရခိုင်လူငယ် ၃ ဦး၏အမှု နှစ်ဘက်ကျေအေးမှုမရှိ၍ ဇန်နဝါရီ ၁၄ ရက်နေ့ ထပ်မံရုံးချိန်း

ထွန်းခိုင် (တောင်ရင်းကျွန်း)၊ ဇော်ဝင်းဌေး (ငခူချောင်း)

နိရဥ္စရာ၊ ဒီဇင်ဘာ ၃၁/ ၂ဝ၂ဝ

ဒီဇင်ဘာလ (၁ဝ) ရက်နေ့က စစ်တွေမြို့တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်၍ ငြိမ်စုစီဥပဒေပုဒ်မ (၁၉)ဖြင့် တရားစွဲခံထားရသူ ကိုသန်းလှ (ခ) ကိုမင်းဘာချေက အပါအဝင် ရခိုင်လူငယ် (၃)ဦးအမှုနှင့် ပတ်သက်ပြီး တရားရုံးတွင် နှစ်ဘက်ကျေအေးမှုမရှိသဖြင့် ဇန်နဝါရီ ၁၄ ရက်နေ့ ကို ထပ်မံ ရုံးချိန်းလိုက်သည်ဟု သိရသည်။

တရားစွဲဆိုခံထားရသူ ကိုသန်းလှက “ ဒီနေ့မှာ တရားသူကြီးက တရားစွဲဆိုတဲ့ တရားလို ရဲအရာရှိဘက်က ဥပဒေအရာရှိကို အမှုကို ကျေအေးမလားဆိုပြီးတော့ မေးတယ်။ သူတို့က မကျေအေးဘူးလို့ ပြောတယ်။ ကျေအေးတယ်ဆိုလို့ရှိရင် ကျနော်တို့အမှုကို တရားရုံးက ဖျက်သိမ်းလို့ရတယ်” ဟု ပြောသည်။

၎င်းနောက် စစ်တွေမြို့နယ် တရားသူကြီးက ကိုသန်းလှတို့အား ကျေအေးမလားဆိုပြီး ဆက်မေးခဲ့သည်ဟု ဆိုသည်။

“ သူတို့က မကျေအေးလို့ ပြောတဲ့အတွက် တရားသူကြီးက ကျနော်တို့ကို ထပ်မေးတယ်။ ကျနော်တို့ဘက်က ကျေအေးမလားဆိုပြီးတော့။ ကျေအေးမယ်ဆိုတာက ကျနော်တို့က တရားခံမဟုတ်ဘူး။ ပြစ်မှုတွေကို ကျူးလွန်ထားတဲ့ လူတွေလည်း မဟုတ်ဘူး။ အဲဒါကြောင့် ကျနော်တို့ကလည်း မကျေအေးနိုင်ဘူး။ ကျနော်တို့ဟာ အမှားလုပ်တာမဟုတ်ဘူး။ အမှန်တရားကိုလုပ်တာဖြစ်တယ်” ဟုပြောသည်။

သို့အတွက် အမှုကို ဆက်လက် စစ်ဆေးရန် တရားသူကြီးက ဇန်နဝါရီ ၁၄ ရက်နေ့ကို ထပ်မံ ရုံးချိန်းပေးလိုက်သည်ဟု သိရသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဒီဇင်ဘာ (၁ဝ)ရက်နေ့အား ကြိုဆိုထောက်ခံသည့်အနေဖြင့် စစ်တွေ ကမ်းခြေတွင် ကြိုဆိုမှုပြုလုပ်ခဲ့သည်ကို စစ်တွေမြို့မ ရဲစခန်းကတရားလိုလုပ်ပြီး တရားစွဲဆိုမှုအပေါ် ဥပဒေဘက်တော်သားများက လက်ခံသည်မှာ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှု ပျက်စီးသွားပြီဟု ထင်မြင်ကြောင်း ကိုသန်းလှက ဆက်လက်ပြောကြားသည်။

တရားစွဲဆိုခံရနေသူ သုံးဦးမှာ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ ကိုမင်းဘာချေ (ခေါ်)ကိုသန်းလှ၊ ကိုနိုင်နိုင်ထွန်းနှင့် မခိုင်မြတ်သူတို့ဖြစ်ကြသည်။

၄င်းတို့ ၃ ဦးအား ဒီဇင်ဘာလ (၂၁)ရက်နေ့က  စစ်တွေမြို့နယ်တရားရုံးတွင် စစ်တွေမြို့နယ်ရဲမှူးမှ တရားလိုလုပ် တရားစွဲဆိုခြင်းသည်။

၄င်းတို့ ၃ ဦးအား ဒီဇင်ဘာလ ၁ဝ ရက်နေ့က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ငြိမ်းစုစီမတင်ဘဲ လူစုလူးဝေး ပြုလုပ်သည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်များက ၎င်းနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးသွားခဲ့ပြီး ယင်းနေ့ ညနေ ၄ နာရီအချိန်ခန့်တွင် အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။

https://burmese.narinjara.com/.../5fed515d3f8935047dbb79a0


https://www.facebook.com/narinjara.info/posts/3918872861458095

No comments:

Post a Comment