Tuesday, December 1, 2020

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်အနေနဲ့စစ်ရေးလှုပ်ရှားမှုကို တစ်လ ထပ်မံတိုးမြှင့်ရပ်ဆိုင်း

 ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်အနေနဲ့စစ်ရေးလှုပ်ရှားမှုကို တစ်လ ထပ်မံတိုးမြှင့်ရပ်ဆိုင်း

လားရှိုး | မားနဂါး ။
Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် တပ်မတော်အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ထာဝရငြိမ်းချမ်း ရေးအတွက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို ဒီနေ့ ဒီဇင်ဘာလ ၁ရက်နေ့ကနေ ၃၁ရက်နေ့ထိ တစ်လတိုးမြှင့်ရပ် ဆိုင်းပေးသွားမှာဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒီကနေ့ ထုတ်ပြန်ကြေညာထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ ထားဝရငြိမ်းချမ်းရေး အောင်မြင်စေရန် ဆွေးနွေးဖို့လုပ်ငန်း တွေ ဆောင်ရွက်ရာမှာ တပ်မတော်နဲ့တွေ့ဆုံဆွေးနွေးရန်လိုအပ်ပါက ဆက်လက်ဆွေး နွေးနိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)လက်မှတ်ရေးထိုးထားရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးပိုမိုခိုင်မာအောင် ဆက်လက်ဆွေးနွေးနိုင်ရေး လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့များအနေ နဲ့လည်း လက်မှတ်ရေးထိုးနိုင်တဲ့အထိ ဆက်လက်ဆွေးနွေးနိုင်ရေး ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးမြောက်တဲ့ အထိ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်နိုင်ရေးနဲ့နိုင်ငံတော်မှ အကြမ်းဖက်အုပ်စု အဖြင့် သတ်မှတ်ကြေညာ ထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရှိတဲ့ နေရာများမှအပ ကျန်နယ်မြေတွေကို တပ်မတော်အနေနဲ့ စစ်ရေး ဆိုင်ရာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းသွားမယ်လို့ရေးသားထုတ်ပြန်ထားပါတယ်။
Covid-19 ကမ္ဘာ့ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ဖို့နှင့် ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတော်မှအကြမ်းဖက် အုပ်စုအဖြစ် သတ်မှတ်ကြေညာထားတဲ့ အကြေမ်းဖက်အဖွဲ့အစည်းတွေရှိတဲ့ နေရာများမှအပ ကျန်နယ်မြေများမှာ နိုဝင်ဘာ ၁ရက်မှ ၃ဝရက်အထိ တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေ ရပ်ဆိုင်းပေးခဲ့တဲ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိရောက်စွာဆောင်ရွက်နိုင်ရန် တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီ ကိုလည်း ဖွဲ့စည်းထားရှိပြီး ဖြစ်ပါတယ်လို့ ရေးသားဖော်ပြထားပါတယ်။
https://www.facebook.com/MarnagarMultimediaNews/posts/4056205727741955?__cft__[0]=AZWVu5zu5ieIHaduKFqwS-kVDXNyvZF6dE_og9ZVdPc-QEC4agk03XDgFX2ET64JvK7Odf_TPHGNsN5FAhbE2tKc2EuXBvMOC0ppz1bjdwAQMOCa1lcrEjmQbAiJNY99HD0X9klKm9c5DkIPcM2OQMOU&__tn__=%2CO%2CP-R

No comments:

Post a Comment