ရှမ်းမြောက်ဒေသ ကချင်စစ်ရှောင်များ ခရစ္စမတ် အပြီး နေရပ်ပြန်မည်
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကချင်စစ်ဘေး ရှောင်များ ခရစ္စမတ်ပွဲ ကျင်းပပြီးနောက် နေရပ်ပြန်မည်ဟု ကချင်ဒေသ စစ်ဘေးရှောင်များအား ကူညီစောင့် ရှောက်ရေး ကော်မတီ KHCC က ပြောသည်။
ကချင်ဒေသ စစ်ဘေးရှောင်များအား ကူညီစောင့် ရှောက်ရေး ကော်မတီ KHCC အနေဖြင့် ကချင်ပြည်နယ် ရှိ စစ်ဘေးရှောင်များ နေရပ်ပြန်ရေးကို လုပ်ဆောင်သကဲ့သို့ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကချင် စစ်ဘေး ရှောင်များ နေရပ်ပြန်ရေးကိုလည်း တစ်ပြိုင်တည်း လုပ်ဆောင်သွားမည်ဟု ဥက္ကဋ္ဌ ဒေါက်တာ ခါလမ်ဆမ်ဆွမ်က ပြောသည်။
“အခုတစ်ခါတည်း။ တစ်ပြိုင်တည်းလုပ်မှာ တစ်ခုစီတစ်ခုစီမဟုတ်ဘူး ဟိုဖက်ဆိုရင် အခု ကျနော်တို့ ခရစ်စ မတ်ပြီး တာနဲ့ သူတို့ပြန်တော့မယ်” ဟု ဒေါက်တာ ခါလမ်ဆမ်ဆွန် က ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ နမ္မတူ စသည့် မြို့နယ် ၅ မြို့နယ်မှ စစ် ဘေးရှောင် စခန်း ၂၀ ကျော် ရှိသည့်အနက် နမ့်ခမ်းမြို့နယ်ရှိ စစ်ရှောင် စခန်း ၅ ခုက စစ်ဘေးရှောင်များ ခရစ်မတ်ပွဲပြီးနောက် နေရပ်ပြန်မည်ဟု KHCC က ဆိုသည်။
ဒေါက်တာ ခါလမ်ဆမ်ဆွန်က “Camp ကတော့ ၂၀ ကျော် ပတ်ဝန်းကျင်မှာ ရှိမယ်။ ဆိုတော့ အခုပြန်မယ့် ကမ့်တွေကတော့ နမ့်ခမ်းမြို့မှာရှိတဲ့ Camp တွေဖြစ်တယ်။ Camp ၅ ခု က စစ်ရှောင်တွေပြန်မှာ ဖြစ်တယ်။ လူဦးရေကတော့ အိမ်ထောင်စုကတော့ ၂၀၀ ကျော်တယ်။ ၂၅၀ လောက်ရှိပါတယ်” ဟုပြောသည်။
KHCC နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တို့ စစ်ဘေးရှောင်များ နေရပ် ပြန်ရေး မူဝါဒရေးဆွဲစဉ်က ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်ရေးကို အစိုးရက မူဝါဒ ထဲတွင် ထည့်သွင်းခြင်း မပြုပဲ ကချင်ပြည်နယ် တစ်ခုတည်းကိုသာ ထည့်သွင်းရေးဆွဲလာသည့် အ တွက် ကချင်ပြည်နယ်အစား ကချင်ဒေသစစ်ဘေးရှောင်များအား ကူညီစောင့်ရှောက်ရေး ကော်မတီဟု မြန် မာလို အမည်နာမကို သုံးနှုန်းခဲ့သည်ဟု ဒေါက်တာခါလမ်ဆမ်ဆွမ်က ဆိုသည်။
ထို့စကားလုံး အသုံးအနှုန်းအတိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်ရေးအ တွက် NRPC ကနေတစ်ဆင့် ရှမ်းပြည်နယ်အစိုးရနှင့်လည်း ပြောဆိုဆွေးနွေးသွားရန်ရှိသည်ဟု KHCC ဥက္ကဋ္ဌ က ပြောသည်။
ဒေါက်တာခါလမ်ဆမ်ဆွန် က “ကချင်ဒေသဆိုတာ ရှမ်းမြောက်လည်း ပါတယ်။ နောက်ပြီး ကျနော်တို့ အသင်းတော် အနေနဲ့ ကြည့်ရတာ ဆိုတော့ ရှမ်းမြောက်မှာရှိတဲ့ ကျနော်တို့ အသင်းတော်တွေ တော်တော် များများ ရှိတယ်။ ဆိုတော့ အခုကျနော်တို့ နေရပ်ပြန်ရေးမှာ သူတို့အတွက် လည်း ကျနော်တို့က အမြဲတမ်း ထည့်ပါ တယ်။ သူတို့အတွက်လည်း ကျနော်တို့ဖြစ်လာတဲ့ ပြဿနာတွေကို ကျနော် တို့ NRPC ကနေတစ် ဆင့် ရှမ်း ပြည်နယ် အစိုးရနဲ့လည်း ကျနော်တို့ ပြောဖို့အစီစဉ်တွေ ရှိပါတယ်။ ဆိုတော့ အခု သူတို့ မန်ဝိန်း ကို ၅ ရွာပြန်မယ့် ကိစ္စတွေ အခု ကျနော်တို့ တင်ပြမှာ ဖြစ်တယ်။ ဆိုတော့ ရှမ်းမြောက်မှာ ရှိတဲ့ ကျနော်တို့ ကချင် ကျနော် တို့ရဲ့ လူထု တွေကလည်း ကျနော်တို့ KHCC ရဲ့ နေရပ်ပြန်ရေးမှာ ကျနော်တို့ ထည့်ထား ပါတယ်ဆိုတာ ပြောချင်ပါတယ်” ဟု ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းနည်းတူ ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ အစရှိသည့် မြို့နယ်များရှိ စစ်ဘေးရှောင်များမှာလည်း လာမည့်နှစ်အတွင်း နေရပ်ပြန်နိုင်အောင် KHCC ၊ အစိုးရ၊ တပ်မ တော်တို့ လုပ်ဆောင်လျက်ရှိသည်။
လက်ရှိတွင် ဝိုင်းမော်မြို့နယ် စစ်ရှောင်စခန်းများသို့ ရောက်ရှိနေသည့် ဒဘတ်ယာန်ကျေးရွာမှ စစ်ရှောင် များ နေရပ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များက အိမ်ထောင်စု စာရင်းကောက်ယူခြင်း၊ မြေနေရာ စီစစ်ခြင်းများ လုပ်ဆောင်ထားသကဲ့သို့ တပ်မတော်မှလည်း အဆိုပါကျေးရွာအား မိုင်းရှင်း လင်းရေး လုပ်ငန်း များကို လုပ်ဆောင်ပေးထားသည်ဟု သိရသည်။
ထို့အပြင် အိမ်ဆောက်လုပ်ရေးလုပ်ငန်းများကို လာမည့်နှစ်ဆန်းပိုင်းတွင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းများ ပြီးမြောက်ပါက မတ်လအတွင်း စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်မည်ဟု KHCC က ဆိုသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ဘေးရှောင်များမှာ ၂၀၁၁ ခုနှစ်မှ စတင်ကာ တပ်မ တော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားလာခဲ့သည့် တိုက်ပွဲ များကြောင့် မြို့နယ်အသီးသီးမှ ပြည်သူများမှာ နီးစပ်ရာ ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ကာ စစ်ဘေး ရှောင်စခန်းတွင် စစ်ဘေးရှောင်များအဖြစ် နေထိုင်နေရ သည်မှာ ယနေ့ အချိန်အထိဖြစ်သည်။
http://www.nmg-news.com/2020/12/25/12615
No comments:
Post a Comment