Sunday, December 20, 2020

DMG သတင္းေထာက္အမႈဖြင့္သည့္ကိစၥ MPC က ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ထံေမတၱာရပ္ခံစာ ေပးပို႔ေသာ္လည္းတစုံတရာအေၾကာင္းမျပန္

 DMG သတင္းေထာက္အမႈဖြင့္သည့္ကိစၥ MPC က ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ထံေမတၱာရပ္ခံစာ ေပးပို႔ေသာ္လည္းတစုံတရာအေၾကာင္းမျပန္

ေဆာင္းဇာျခည္

နိရဥၥရာ၊ ဒီဇင္ဘာ ၂၁/ ၂ဝ၂ဝ

စစ္ေတြၿမိဳ႕ အေျခစိုက္ DMG (Development Media Group) သတင္းဌာနမွ သတင္းေထာက္ ကိုေအာင္ေက်ာ္မင္း (ေက်ာ္မ်ိဳးေအာင္) ၆၆(ဃ)ျဖင့္ အမႈဖြင့္ခံရမႈႏွင့္ပတ္သက္ၿပီး ျမန္မာနိုင္ငံသတင္းမီဒီယာ ေကာင္စီ (MPC)က ဝန္ႀကီးခ်ဳပ္ ဦးညီပုထံ ဒီဇင္ဘာ ၁၅ ရက္ေန႔က ေမတၱာရပ္ခံစာ ေပးပို႔ထားေသာ္လည္း ယေန႔ထိ တစုံတရာ အေၾကာင္းျပန္မႈမရွိေသးေၾကာင္း MPC မွ အတြင္းေရးမႉး ဦးေက်ာ္စြာမင္းက ေျပာသည္။

“ကၽြန္ေတာ္တို႔က ဝန္ႀကီးခ်ဳပ္ဦးညီပုအပါအဝင္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးနဲ႔ အဲဒီ လမ္းကိစၥက အရာရွိဆီကို ေမတၱာရပ္ခံစာေပးပို႔ထားပါတယ္။ သတင္းမီဒီယာ ေကာင္စီက မ႑ိဳင္ေလးရပ္ေတြ႕ဆုံပြဲေတြ၊ ကမၻာ့သတင္းမီဒီယာလြတ္လပ္ခြင့္ အခမ္းနားေတြ အကုန္လုံး အခမ္းအနားေတြထဲမွာ ေျပာခဲ့တာရွိတယ္။ အဲဒါဘာလဲဆိုေတာ့ ျမန္မာနိုင္ငံမွာ သတင္းမီဒီယာနဲ႔ပတ္သက္လို႔ ေဆာင္ရြက္တာရွိတယ္၊ သတင္းမီဒီယာ ေကာင္စီရွိတယ္။ သတင္းမီဒီယာဥပေဒေတြ ရွိတယ္။ ဒါေၾကာင့္မို႔လို႔ သတင္းလုပ္ငန္းကိစၥနဲ႔ ဆက္စပ္တယ္ ဆိုလို႔ရွိရင္ သတင္းမီဒီယာဥပေဒအရပဲ သတင္းသမားေတြကို အေရးယူဖို႔၊ ေကာင္စီကို တိုင္ၾကားဖို႔ ကၽြန္ေတာ္တို႔ တစိုက္မတ္မတ္ ေျပာခဲ့တာေတြ ရွိပါတယ္” ဟု ၎က နိရဥၥရာသို႔ ေျပာသည္။

၎စာကို ဒီဇင္ဘာ ၁၅ ရက္ေန႔ကတည္းက ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ဦးညီပုအပါအဝင္ လၽွပ္စစ္၊ စက္မႈႏွင့္ လမ္းပန္း ဆက္သြယ္ေရး ဝန္ႀကီး ဦးေအာင္ေက်ာ္ဇံႏွင့္ တရားလိုတို႔ထံ ေမတၱာရပ္ခံစာ ေပးပို႔ခဲ့ျခင္းျဖစ္ေၾကာင္း ၎က ဆက္ေျပာသည္။

ဒီဇင္ဘာ ၁၁ ရက္ေန႔က ေမာင္ေတာ ၃ မိုင္တံတား ၿပိဳပ်က္ေန၍ အျမန္ဆုံးျပဳျပင္ရန္ လိုအပ္ေနေၾကာင္း DMG သတင္းေထာက္ ကိုေအာင္ေက်ာ္မင္း (ေက်ာ္မ်ိဳးေအာင္) သတင္းေရးသားရာတြင္ အင္တာဗ်ဴး ေျဖၾကားခ်က္ ထဲတြင္ စကားလုံးအခ်ိဳ႕ကို ေျပာဆိုခဲ့ျခင္းမရွိဘဲ သတင္းတြင္ထည့္သြင္းေဖာ္ျပသည္ဟုဆိုကာ ေမာင္ေတာခရိုင္ လမ္းတံတားအထူးအဖြဲ႕ (၄) မွ အင္ဂ်င္နီယာ ဦးေမာင္ဝင္းက ဆက္သြယ္ေရး ပုဒ္မ ၆၆ (ဃ) ျဖင့္ အမႈဖြင့္ ခဲ့ေၾကာင္း DMG သတင္းဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

“ကၽြန္ေတာ္တို႔ မီဒီယာေကာင္စီအေနနဲ႔ ဒါကို လက္မခံဘူး။ သတင္းမီဒီယာဥပေဒရွိတဲ့အတြက္ သတင္း မီဒီယာဥပေဒအရပဲ ေဆာင္ရြက္ပါေစလို႔ အျမဲတမ္းေျပာခဲ့ပါတယ္။ သတင္းမီဒီယာဥပေဒအျပင္ က်န္တဲ့ ႀကီးေလးတဲ့ ဥပေဒပဲျဖစ္ျဖစ္၊ က်န္တဲ့ ဥပေဒေတြနဲ႔စြဲတာကို ကၽြန္ေတာ္တို႔ ေကာင္စီအေနနဲ႔ လက္မခံဘူး။  ကၽြန္ေတာ္တို႔ ေကာင္စီအေနနဲ႔ကေတာ့ သတင္းသမားေတြကို သတင္းမီဒီယာဥပေဒေတြနဲ႔ပဲ အေရးယူပါ။ ေကာင္စီကိုတိုင္ပါ၊ က်န္တဲ့ဥပေဒေတြနဲ႔ အေရးမယူပါနဲ႔ဆိုတာကို အျမဲတမ္းေျပာဆိုတယ္။ အဲလိုမ်ိဳးပဲ လုပ္ပါဆိုၿပီးေတာ့ ကၽြန္ေတာ္တို႔ တိုက္တြန္းထားတယ္။ ” ဟု နိရဥၥရာသို႔ ေျပာသည္။

၂ဝ၁၄ ခုႏွစ္၊ မတ္လ ၁၄ ရက္ေန႔ ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳျပ႒ာန္းထားေသာ သတင္းမီဒီယာ ဥပေဒ အခန္း(၈) ပုဒ္မ ၂၁ တြင္  နစ္နာေသာ ဌာန၊ အဖြဲ႕အစည္း သို႔မဟုတ္ ပုဂၢိဳလ္သည္ သတင္း မီဒီယာသမားတစ္ဦးက ပုဒ္မ ၉ တြင္ ျပ႒ာန္း ထားသည့္ တာဝန္ႏွင့္က်င့္ဝတ္သိကၡာ တစ္ရပ္ရပ္ကို ခ်ိဳးေဖာက္ေၾကာင္းယူဆလၽွင္ ေရွးဦးစြာ ေကာင္စီသို႔ တိုင္ၾကားနိုင္သည္ဟု ေဖာ္ျပပါရွိသည္။

DMG ဒုတိယ တာဝန္ခံ အယ္ဒီတာ ဦးေနဝင္းစံက “အမႈကိစၥက ကၽြန္ေတာ္တို႔အတြက္ ပိုၿပီးအေရးႀကီးပါတယ္။ MPC နဲ႔ အစိုးရအဖြဲ႕ေတြက ဒီအစိုးရအဖြဲ႕ေတြနဲ႔ ဒီထက္ပိုၿပီး အမ်ားႀကီးခ်ိတ္ဆက္ဖို႔ လိုေသးတယ္လို႔ ကၽြန္ေတာ္တို႔ ျမင္ပါတယ္။ အခုအခ်ိန္ဆိုရင္ MPC ဟာ ကၽြန္ေတာ္တို႔မွာ တစ္ခုတည္းေသာ အားကိုးရာလို႔ ေျပာလို႔ရတယ္ေပါ့ေနာ္။ ကၽြန္ေတာ္တို႔ သတင္းမီဒီယာေတြအတြက္ တကယ့္ကို အေရးႀကီးတဲ့ေနရာမွာ ရွိေနတယ္ေပါ့။ သို႔ေသာ္လည္း MPC က ေပးပို႔တဲ့ စာေတာင္မွ အစိုးရအဖြဲ႕နဲ႔ အခုလိုအခ်ိန္အၾကာႀကီး ကင္းကြာေနတယ္ဆိုလို႔ရွိရင္ ဒါဟာ အလုပ္ျဖစ္ဖို႔ အမ်ားႀကီးလိုအပ္ေသးတယ္လို႔ ကၽြန္ေတာ္တို႔က ျမင္ပါတယ္” ဟု ေျပာသည္။

DMG ၏ ထုတ္ျပန္ခ်က္တြင္လည္း  လမ္းတံတားအထူးအဖြဲ႕ (၄) ႏွင့္ အစိုးရအဖြဲ႕တို႔မွာ ျမန္မာနိုင္ငံသတင္း မီဒီယာေကာင္စီ (MPC) မွတစ္ဆင့္ ေရွးဦးစြာညႇိႏွိုင္းေဆာင္ရြက္မႈ မျပဳလုပ္ခဲ့ဘဲ သတင္းသမားတစ္ဦးကို တိုက္ရိုက္အမႈဖြင့္လွစ္ျခင္းသည္ သတင္းမီဒီယာဥပေဒႏွင့္ လြဲေခ်ာ္ေနသည့္အျပင္ ဥပေဒအရ တရားဝင္ ဖြဲ႕စည္းထားသည့္ ျမန္မာနိုင္ငံ သတင္း မီဒီယာေကာင္စီကို အသိအမွတ္မျပဳ၊ အေလးမထားရာ ေရာက္ေနသည္ဟု ေဖာ္ျပထားသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာ ၁၄ ရက္ေန႔က DMG သတင္းဌာနမွ တာဝန္ရွိသူမ်ားက ယင္းအမႈဖြင့္ခံရမႈႏွင့္ပတ္သက္ၿပီး ျမန္မာနိုင္ငံသတင္းမီဒီယာေကာင္စီ (MPC)  သို႔ တိုင္ၾကားခဲ့သည္။

ျမန္မာနိုင္ငံသတင္းမီဒီယာေကာင္စီ (MPC)မွ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္တို႔ထံ ေမတၱာရပ္ခံစာေပးပို႔ထားသည့္ ကိစၥႏွင့္ပတ္သက္ၿပီး လၽွပ္စစ္၊ စက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးေအာင္ေက်ာ္ဇံအား နိရဥၥရာမွ ဆက္သြယ္ခဲ့ရာ အစည္းေဝးလုပ္ေနေၾကာင္းေျပာၿပီး ဖုန္းခ်သြားသည္။

စည္ပင္ဝန္ႀကီးဦးဝင္းျမင့္အား နိရဥၥရာမွ ဆက္သြယ္ခဲ့ေသာ္လည္း ထိုကိစၥအား ဦးေအာင္ေက်ာ္ဇံကို ေမးရမည္ျဖစ္ေၾကာင္း ေျပာဆိုသည္။

----------------------------------

Unicode -

DMG သတင်းထောက်အမှုဖွင့်သည့်ကိစ္စ MPC က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံမေတ္တာရပ်ခံစာ ပေးပို့သော်လည်းတစုံတရာအကြောင်းမပြန်

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဒီဇင်ဘာ ၂၁/ ၂ဝ၂ဝ

စစ်တွေမြို့ အခြေစိုက် DMG (Development Media Group) သတင်းဌာနမှ သတင်းထောက် ကိုအောင်ကျော်မင်း (ကျော်မျိုးအောင်) ၆၆(ဃ)ဖြင့် အမှုဖွင့်ခံရမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ (MPC)က ဝန်ကြီးချုပ် ဦးညီပုထံ ဒီဇင်ဘာ ၁၅ ရက်နေ့က မေတ္တာရပ်ခံစာ ပေးပို့ထားသော်လည်း ယနေ့ထိ တစုံတရာ အကြောင်းပြန်မှုမရှိသေးကြောင်း MPC မှ အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောသည်။

“ကျွန်တော်တို့က ဝန်ကြီးချုပ်ဦးညီပုအပါအဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့ အဲဒီ လမ်းကိစ္စက အရာရှိဆီကို မေတ္တာရပ်ခံစာပေးပို့ထားပါတယ်။ သတင်းမီဒီယာ ကောင်စီက မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲတွေ၊ ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့် အခမ်းနားတွေ အကုန်လုံး အခမ်းအနားတွေထဲမှာ ပြောခဲ့တာရှိတယ်။ အဲဒါဘာလဲဆိုတော့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာနဲ့ပတ်သက်လို့ ဆောင်ရွက်တာရှိတယ်၊ သတင်းမီဒီယာ ကောင်စီရှိတယ်။ သတင်းမီဒီယာဥပဒေတွေ ရှိတယ်။ ဒါကြောင့်မို့လို့ သတင်းလုပ်ငန်းကိစ္စနဲ့ ဆက်စပ်တယ် ဆိုလို့ရှိရင် သတင်းမီဒီယာဥပဒေအရပဲ သတင်းသမားတွေကို အရေးယူဖို့၊ ကောင်စီကို တိုင်ကြားဖို့ ကျွန်တော်တို့ တစိုက်မတ်မတ် ပြောခဲ့တာတွေ ရှိပါတယ်” ဟု ၎င်းက နိရဥ္စရာသို့ ပြောသည်။

၎င်းစာကို ဒီဇင်ဘာ ၁၅ ရက်နေ့ကတည်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုအပါအဝင် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံနှင့် တရားလိုတို့ထံ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဒီဇင်ဘာ ၁၁ ရက်နေ့က မောင်တော ၃ မိုင်တံတား ပြိုပျက်နေ၍ အမြန်ဆုံးပြုပြင်ရန် လိုအပ်နေကြောင်း DMG သတင်းထောက် ကိုအောင်ကျော်မင်း (ကျော်မျိုးအောင်) သတင်းရေးသားရာတွင် အင်တာဗျူး ဖြေကြားချက် ထဲတွင် စကားလုံးအချို့ကို ပြောဆိုခဲ့ခြင်းမရှိဘဲ သတင်းတွင်ထည့်သွင်းဖော်ပြသည်ဟုဆိုကာ မောင်တောခရိုင် လမ်းတံတားအထူးအဖွဲ့ (၄) မှ အင်ဂျင်နီယာ ဦးမောင်ဝင်းက ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် ခဲ့ကြောင်း DMG သတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“ကျွန်တော်တို့ မီဒီယာကောင်စီအနေနဲ့ ဒါကို လက်မခံဘူး။ သတင်းမီဒီယာဥပဒေရှိတဲ့အတွက် သတင်း မီဒီယာဥပဒေအရပဲ ဆောင်ရွက်ပါစေလို့ အမြဲတမ်းပြောခဲ့ပါတယ်။ သတင်းမီဒီယာဥပဒေအပြင် ကျန်တဲ့ ကြီးလေးတဲ့ ဥပဒေပဲဖြစ်ဖြစ်၊ ကျန်တဲ့ ဥပဒေတွေနဲ့စွဲတာကို ကျွန်တော်တို့ ကောင်စီအနေနဲ့ လက်မခံဘူး။  ကျွန်တော်တို့ ကောင်စီအနေနဲ့ကတော့ သတင်းသမားတွေကို သတင်းမီဒီယာဥပဒေတွေနဲ့ပဲ အရေးယူပါ။ ကောင်စီကိုတိုင်ပါ၊ ကျန်တဲ့ဥပဒေတွေနဲ့ အရေးမယူပါနဲ့ဆိုတာကို အမြဲတမ်းပြောဆိုတယ်။ အဲလိုမျိုးပဲ လုပ်ပါဆိုပြီးတော့ ကျွန်တော်တို့ တိုက်တွန်းထားတယ်။ ” ဟု နိရဥ္စရာသို့ ပြောသည်။

၂ဝ၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းထားသော သတင်းမီဒီယာ ဥပဒေ အခန်း(၈) ပုဒ်မ ၂၁ တွင်  နစ်နာသော ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် သတင်း မီဒီယာသမားတစ်ဦးက ပုဒ်မ ၉ တွင် ပြဋ္ဌာန်း ထားသည့် တာဝန်နှင့်ကျင့်ဝတ်သိက္ခာ တစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်းယူဆလျှင် ရှေးဦးစွာ ကောင်စီသို့ တိုင်ကြားနိုင်သည်ဟု ဖော်ပြပါရှိသည်။

DMG ဒုတိယ တာဝန်ခံ အယ်ဒီတာ ဦးနေဝင်းစံက “အမှုကိစ္စက ကျွန်တော်တို့အတွက် ပိုပြီးအရေးကြီးပါတယ်။ MPC နဲ့ အစိုးရအဖွဲ့တွေက ဒီအစိုးရအဖွဲ့တွေနဲ့ ဒီထက်ပိုပြီး အများကြီးချိတ်ဆက်ဖို့ လိုသေးတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ အခုအချိန်ဆိုရင် MPC ဟာ ကျွန်တော်တို့မှာ တစ်ခုတည်းသော အားကိုးရာလို့ ပြောလို့ရတယ်ပေါ့နော်။ ကျွန်တော်တို့ သတင်းမီဒီယာတွေအတွက် တကယ့်ကို အရေးကြီးတဲ့နေရာမှာ ရှိနေတယ်ပေါ့။ သို့သော်လည်း MPC က ပေးပို့တဲ့ စာတောင်မှ အစိုးရအဖွဲ့နဲ့ အခုလိုအချိန်အကြာကြီး ကင်းကွာနေတယ်ဆိုလို့ရှိရင် ဒါဟာ အလုပ်ဖြစ်ဖို့ အများကြီးလိုအပ်သေးတယ်လို့ ကျွန်တော်တို့က မြင်ပါတယ်” ဟု ပြောသည်။

DMG ၏ ထုတ်ပြန်ချက်တွင်လည်း  လမ်းတံတားအထူးအဖွဲ့ (၄) နှင့် အစိုးရအဖွဲ့တို့မှာ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ (MPC) မှတစ်ဆင့် ရှေးဦးစွာညှိနှိုင်းဆောင်ရွက်မှု မပြုလုပ်ခဲ့ဘဲ သတင်းသမားတစ်ဦးကို တိုက်ရိုက်အမှုဖွင့်လှစ်ခြင်းသည် သတင်းမီဒီယာဥပဒေနှင့် လွဲချော်နေသည့်အပြင် ဥပဒေအရ တရားဝင် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီကို အသိအမှတ်မပြု၊ အလေးမထားရာ ရောက်နေသည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်နေ့က DMG သတင်းဌာနမှ တာဝန်ရှိသူများက ယင်းအမှုဖွင့်ခံရမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC)  သို့ တိုင်ကြားခဲ့သည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC)မှ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့ထံ မေတ္တာရပ်ခံစာပေးပို့ထားသည့် ကိစ္စနှင့်ပတ်သက်ပြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ အစည်းဝေးလုပ်နေကြောင်းပြောပြီး ဖုန်းချသွားသည်။

စည်ပင်ဝန်ကြီးဦးဝင်းမြင့်အား နိရဥ္စရာမှ ဆက်သွယ်ခဲ့သော်လည်း ထိုကိစ္စအား ဦးအောင်ကျော်ဇံကို မေးရမည်ဖြစ်ကြောင်း ပြောဆိုသည်။

https://burmese.narinjara.com/.../5fe06b9d3f8935047dbb793d


https://www.facebook.com/narinjara.info/posts/3893352214010160

No comments:

Post a Comment