Wednesday, December 23, 2020

ေျမပုံ-ေညာင္ကန္ေက်းရြာမွ ရန္ကုန္သို႔ ေဆးကုရန္ေရာက္ေနသည့္မႏွင္းယုလွိုင္ ဦးေခါင္းခြဲစိတ္ ကုသရန္မလိုေတာ့ဟုဆို

 ေျမပုံ-ေညာင္ကန္ေက်းရြာမွ ရန္ကုန္သို႔ ေဆးကုရန္ေရာက္ေနသည့္မႏွင္းယုလွိုင္ ဦးေခါင္းခြဲစိတ္ ကုသရန္မလိုေတာ့ဟုဆို

ေဆာင္းဇာျခည္

နိရဥၥရာ၊ ဒီဇင္ဘာ ၂၄/ ၂ဝ၂ဝ

ရခိုင္ျပည္နယ္၊ ေျမပုံၿမိဳ႕နယ္၊ ေညာင္ကန္ေက်းရြာမွ လက္နက္ႀကီးက်ည္စ ဦးေခါင္းကို ထိမွန္ဒဏ္ရာရရွိခဲ့သည့္ အသက္ ၂၂ ႏွစ္အရြယ္ မႏွင္းယုလွိုင္မွာ ရန္ကုန္သို႔ သြားေရာက္ကုသမႈခံယူရေသာ္လည္း ခြဲစိတ္ရန္ မလိုေတာ့ေၾကာင္း ဖခင္ျဖစ္သူ ဦးေမာင္ျဖဴသီးက ေျပာသည္။

“စစ္ေတြမွာ ကုသတုန္းက ဦးေခါင္းမွာ က်ည္စရွိေနေသးလို႔ ရန္ကုန္ကို သြားကုရမယ္ေျပာလို႔ သြားတာ။ ဒီမွာ ဓါတ္မွန္ရိုက္ၾကည့္ေတာ့ ဦးေခါင္းမွာ အရိုးက ေခါက္သြားတာလို႔ ေျပာပါတယ္။ အဲဒါေၾကာင့္ က်ည္စ မဟုတ္ေတာ့လို႔ ခြဲစိတ္ဖို႔ မလိုေတာ့ပါဘူး” ဟု နိရဥၥရာသု႔ိ ေျပာသည္။

မႏွင္းယုလွိုင္မွာ သူမ၏ မိဘမ်ားႏွင့္အတူ ဒီဇင္ဘာ ၂၂ ရက္ေန႔က စစ္ေတြမွ ေလေၾကာင္းျဖင့္ ရန္ကုန္ေဆး႐ုံသို႔ ေဆးကုသမႈခံယူရန္ သြားခဲ့ျခင္းျဖစ္ျဖစ္သည္။

လက္ရွိတြင္ ခြဲစိတ္ကုသရန္ မလိုေတာ့ေသာ္လည္း သူမအား ေဆး႐ုံ၌ထားကာ ပုံမွန္အေျခေနျပန္ျဖစ္ရန္ ေလ့က်င့္ခန္းမ်ား ျပဳလုပ္ေပးမည္ျဖစ္ေၾကာင္းကို ဆရာဝန္မ်ားက ေျပာေၾကာင္း ဦးေမာင္ျဖဴသီးက ေျပာသည္။

“သူ႔ကို ေဆး႐ုံတင္ထားၿပီးေတာ့ ဆရာဝန္က သီးသန္႔နဲ႔ ေလ့က်င့္ခန္းလုပ္ေပးမယ္လို႔ ေျပာပါတယ္။ ဘယ္ေလာက္ၾကာမလဲေတာ့ မသိဘူး။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ ေလာေလာဆယ္ ရန္ကုန္က လာလို႔ မရေသးဘူး။ သူက လမ္းေတာ့ ျဖည္းျဖည္းခ်င္းေလၽွာက္နိုင္တယ္။ စကားေတာ့ သိပ္မေျပာနိုင္ေသးဘူး။ မွတ္ဉာဏ္လည္း သိပ္မရေသးဘူး” ဟု ၄င္းက ဆက္ေျပာသည္။

မႏွင္းယုလွိုင္မွာ က်ည္ထိမွန္ဒဏ္ရရွိခဲ့ၿပီးေနာက္ စစ္ေတြေဆး႐ုံတြင္ ၄၆ ရက္ၾကာ ေဆးကုသမႈခံခဲ့ရေၾကာင္း မိသားစုဝင္မ်ား ေျပာျပခ်က္အရ သိရသည္။

ၿပီးခဲ့သည့္ စက္တင္ဘာ ၈ ရက္ေန႔က ေျမပုံၿမိဳ႕နယ္၊ ေညာင္ကန္ေက်းရြာအတြင္းသို႔ အနီးအနားရွိ တပ္စခန္း တစ္ခုက ပစ္လိုက္သည့္ လက္နက္ႀကီးက်ည္ ရြာထဲ က်ေရာက္ ေပါက္ကြဲမႈေၾကာင့္ ကေလးငယ္ ႏွစ္ဦး အပါအဝင္ ေက်ာင္းဆရာမ တစ္ဦးႏွင့္ အရပ္သားတစ္ဦး စုစုေပါင္း ၄ ဦး ေသဆုံးသြားခဲ့ၿပီး အေဝးသင္ ေနာက္ဆုံးႏွစ္ ေက်ာင္းသူ မႏွင္းယုလွိုင္အပါအဝင္ ၁၄ ဦး ဒဏ္ရာရရွိသြားခဲ့ေၾကာင္း ရြာသားမ်ား ေျပာျပခ်က္အရ သိရသည္။

(ဓာတ္ပုံ- ဆရာသန္းထြန္းပို႔စ္)

--------------------------------------

Unicode -

မြေပုံ-ညောင်ကန်ကျေးရွာမှ ရန်ကုန်သို့ ဆေးကုရန်ရောက်နေသည့်မနှင်းယုလှိုင် ဦးခေါင်းခွဲစိတ် ကုသရန်မလိုတော့ဟုဆို

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဒီဇင်ဘာ ၂၄/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာမှ လက်နက်ကြီးကျည်စ ဦးခေါင်းကို ထိမှန်ဒဏ်ရာရရှိခဲ့သည့် အသက် ၂၂ နှစ်အရွယ် မနှင်းယုလှိုင်မှာ ရန်ကုန်သို့ သွားရောက်ကုသမှုခံယူရသော်လည်း ခွဲစိတ်ရန် မလိုတော့ကြောင်း ဖခင်ဖြစ်သူ ဦးမောင်ဖြူသီးက ပြောသည်။

“စစ်တွေမှာ ကုသတုန်းက ဦးခေါင်းမှာ ကျည်စရှိနေသေးလို့ ရန်ကုန်ကို သွားကုရမယ်ပြောလို့ သွားတာ။ ဒီမှာ ဓါတ်မှန်ရိုက်ကြည့်တော့ ဦးခေါင်းမှာ အရိုးက ခေါက်သွားတာလို့ ပြောပါတယ်။ အဲဒါကြောင့် ကျည်စ မဟုတ်တော့လို့ ခွဲစိတ်ဖို့ မလိုတော့ပါဘူး” ဟု နိရဥ္စရာသို့ ပြောသည်။

မနှင်းယုလှိုင်မှာ သူမ၏ မိဘများနှင့်အတူ ဒီဇင်ဘာ ၂၂ ရက်နေ့က စစ်တွေမှ လေကြောင်းဖြင့် ရန်ကုန်ဆေးရုံသို့ ဆေးကုသမှုခံယူရန် သွားခဲ့ခြင်းဖြစ်ဖြစ်သည်။

လက်ရှိတွင် ခွဲစိတ်ကုသရန် မလိုတော့သော်လည်း သူမအား ဆေးရုံ၌ထားကာ ပုံမှန်အခြေနေပြန်ဖြစ်ရန် လေ့ကျင့်ခန်းများ ပြုလုပ်ပေးမည်ဖြစ်ကြောင်းကို ဆရာဝန်များက ပြောကြောင်း ဦးမောင်ဖြူသီးက ပြောသည်။

“သူ့ကို ဆေးရုံတင်ထားပြီးတော့ ဆရာဝန်က သီးသန့်နဲ့ လေ့ကျင့်ခန်းလုပ်ပေးမယ်လို့ ပြောပါတယ်။ ဘယ်လောက်ကြာမလဲတော့ မသိဘူး။ ဒါကြောင့် ကျွန်တော်တို့ လောလောဆယ် ရန်ကုန်က လာလို့ မရသေးဘူး။ သူက လမ်းတော့ ဖြည်းဖြည်းချင်းလျှောက်နိုင်တယ်။ စကားတော့ သိပ်မပြောနိုင်သေးဘူး။ မှတ်ဉာဏ်လည်း သိပ်မရသေးဘူး” ဟု ၄င်းက ဆက်ပြောသည်။

မနှင်းယုလှိုင်မှာ ကျည်ထိမှန်ဒဏ်ရရှိခဲ့ပြီးနောက် စစ်တွေဆေးရုံတွင် ၄၆ ရက်ကြာ ဆေးကုသမှုခံခဲ့ရကြောင်း မိသားစုဝင်များ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်နေ့က မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာအတွင်းသို့ အနီးအနားရှိ တပ်စခန်း တစ်ခုက ပစ်လိုက်သည့် လက်နက်ကြီးကျည် ရွာထဲ ကျရောက် ပေါက်ကွဲမှုကြောင့် ကလေးငယ် နှစ်ဦး အပါအဝင် ကျောင်းဆရာမ တစ်ဦးနှင့် အရပ်သားတစ်ဦး စုစုပေါင်း ၄ ဦး သေဆုံးသွားခဲ့ပြီး အဝေးသင် နောက်ဆုံးနှစ် ကျောင်းသူ မနှင်းယုလှိုင်အပါအဝင် ၁၄ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ရွာသားများ ပြောပြချက်အရ သိရသည်။

(ဓာတ်ပုံ- ဆရာသန်းထွန်းပို့စ်)

https://burmese.narinjara.com/.../5fe4281b3f8935047dbb795a


https://www.facebook.com/narinjara.info/posts/3900405239971524

No comments:

Post a Comment