မြန်မာဌာန | သတင်းများ
AA ဖမ်းထားတဲ့ NLD ပါတီဝင် သုံးဦး မိသားစုဆီ ပြန်ရောက်
2021-01-01
Email storyComment on this storySharePrint story
ပုံနှိပ်ပါရှယ်ပါမှတ်ချက်ပေးပါအီးမေးလ်ပို့ရန်
AA ဖမ်းထားတဲ့ NLD ပါတီဝင် သုံးဦး မိသားစုဆီ ပြန်ရောက်
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က NLD လွှတ်တော် ကိုယ်စားလှယ်လောင်း သုံးဦးကို ၂၀၂၀ ဇန်နဝါရီ ၁ ရက်နေ့က တပ်မတော်ရဟတ်ယာဉ်နဲ့ စစ်တွေမြို့ကို ပို့ဆောင်ခဲ့စဉ်
ဓာတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့
နှစ်လကျော်ကြာ ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် သုံးဦးဟာ ဇန်နဝါရီ ၁ ရက် ဒီညနေမှာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာပါတယ်။
သူတို့ သုံးဦးကို ရက္ခိုင့်တပ်တော် AA ဆီကနေ ခေါ်ဆောင်လာခဲ့ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနဲ့အဖွဲ့က စစ်တွေမြို့က နယ်မြေခံတပ်ဌာနချုပ်ရိပ်သာမှာ အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ မိသားစုဝင်တွေဆီကို လွှဲအပ်ခဲ့တာဖြစ်ပါတယ်။
NLD ပါတီဝင် သုံးဦး ပြန်လွတ်လာရေးအတွက် AA အဖွဲ့နဲ့ ဆွေးနွေးခဲ့ပြီး ဒီလိုဆွေးနွေးရတာဟာလည်း လုံခြုံရေးအရ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့နေရာတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ဦးတည်ဆောင်ရွက်ခဲ့တာလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးက ပြောပါတယ်။
ရွေးကောက်ပွဲပြုလုပ်ဖို့ ကျန်တဲ့နေရာတွေမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖြစ်မဖြစ်ကတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။
ဒီလိုပြန်လွတ်လာနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြတဲ့ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ်နဲ့ ဂျပန်နိုင်ငံ နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ယိုဟိဆာဆာကာဝါကိုလည်း ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
https://www.rfa.org/burmese/news/aa-detains-toungup-nld-free-01012021072133.html
No comments:
Post a Comment