မြန်မာဌာန | သတင်းများ
NLD အမတ်လောင်း သုံးဦး အပါအဝင် ခြောက်ဦးကို ဒီနေ့ ပြန်လွှတ်တယ်လို့ AA ပြော
2021-01-01
Email storyComment on this storySharePrint story
ပုံနှိပ်ပါရှယ်ပါမှတ်ချက်ပေးပါအီးမေးလ်ပို့ရန်
NLD အမတ်လောင်း သုံးဦး အပါအဝင် ခြောက်ဦးကို ဒီနေ့ ပြန်လွှတ်တယ်လို့ AA ပြော
AA အဖွဲ့က ဖမ်းဆီးသွားတဲ့ တောင်ကုတ်မြို့နယ်က NLD အမတ်လောင်း ဦးမင်းအောင်၊ ဒေါ်ချစ်ချစ်ချောနဲ့ ဒေါ်နီနီမေမြင့် တို့ကို တွေ့ရစဉ်
Photo: CJ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ တောင်ကုတ်မြို့နယ် ကိုယ်စားလှယ်လောင်း သုံးဦးကို ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မိကျောင်းတက်ရွာမှာ ရက္ခိုင့်တပ်တော် AA လွဲှပြောင်းရေးအဖွဲ့က တပ်မတော်လက်ခံရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် စိုးတင့် ဦးဆောင်တဲ့အဖွဲ့ဆီ ဒီနေ့ လွှဲပြောင်းပေးမယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက အတည်ပြုပြောပါတယ်။
ဒီမနက်မှာတော့ AA က ဖမ်းဆီးထားတဲ့ တပ်မတော်သားတွေထဲက တပ်မ ၇၇ လက်အောက်ခံ ခမရ ၃၁၃ တပ်ရင်းက အရာခံဗိုလ် တစ်ဦးနဲ့ တပ်သား နှစ်ဦးကို ပလက်ဝမြို့နယ်မှာ တပ်မတော်လက်ခံရေးအဖွဲ့ဆီ လွှတ်ပေးလိုက်ပြီလို့လည်း ဆိုပါတယ်။
သူတို့ သုံးယောက်ကတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၉ရက်နေ့ကတည်းက ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲတစ်ခုမှာ ဖမ်းဆီးခံခဲ့ရတဲ့သူတွေဖြစ်ပါတယ်။
ဒီဇင်ဘာ ၃၀ ရက်နေ့က တပ်မတော်ဘက်က ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရာပြည့်နဲ့ ULA/AA ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းမြတ်နိုင်တို့ အွန်လိုင်းကနေ ဒုတိယအကြိမ်မြောက် မိနစ် ၃၀ကျော်ကြာ ဆွေးနွေးခဲ့ကြပြီးတဲ့နောက် အခုလို ပြန်လွှတ်ပေးလိုက်တာလို့လည်း ပြောပါတယ်။
တပ်မတော်နဲ့ ယုံကြည်မှုတည်ဆောက်နေတဲ့ကာလမှာ ငြိမ်းချမ်းရေးဖြစ်စဉ်တိုးတက်မှုရလဒ်ပေါ် မူတည်ပြီး တိုက်ပွဲကာလအတွင်း ဖမ်းဆီးရမိထားသူတွေထဲက ကျန်းမာရေးမကောင်းသူ၊ အသက်ကြီးတဲ့သူ၊ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတဲ့သူတွေကိုလည်း ထပ်လွှတ်ပေးဖို့ရှိတယ်လို့ ဦးခိုင်သုခက ပြောပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူတို့ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ မသိရသေးဘူးလို့ RFA ကို ဖြေထားပါတယ်။
https://www.rfa.org/burmese/news/aa-detains-toungup-nld-01012021022559.html
No comments:
Post a Comment