တပ်မတော်နှင့် AA အဖွဲ့၏ ဆွေးနွေးမှုရလဒ်များကြောင့် ဖမ်းဆီးခံထားရသည့် NLD လွှတ်တော်ကိုယ်စားလှယ်သုံးဦးနှင့် တပ်မတော်သားသုံးဦးတို့ကို AA က ပြန်လည်လွှဲပြောင်း
တပ်မတော်နှင့် AA အဖွဲ့၏ ဆွေးနွေးမှုရလဒ်များကြောင့် AAကဖမ်းဆီးထားသည့်
တောင်ကုတ်မြို့နယ်NLDလွှတ်တော်ကိုယ်စားလှယ်သုံးဦးနှင့် တပ်မတော်သားသုံးဦးတို့ကို AA ကတပ်မတော်သို့ ယနေ့(ဇန်နဝါရီ ၁ ရက်)မွန်းလွဲပိုင်းက ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တပ်မတော်ကထုတ်ပြန်သည်။
အဆိုပါလွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားများအား ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ တပ်မတော်ရဟတ်ယာဉ်များဖြင့် ဘေးကင်းလုံခြုံစွာ ခေါ်ဆောင်ပေးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့်အဖွဲ့ဝင်များက ယနေ့ညနေပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ထံသို့ နယ်မြေခံတပ်ဌာနချုပ်ရိပ်သာ၌ လွှဲပြောင်းရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အဖွဲ့ဝင်များက လက်ခံခဲ့ကြကြောင်းသိရသည်။
ထိုလွှတ်တော်ကိုယ်စားလှယ်သုံးဦးအား တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များက ကျန်းမာရေးဆေးစစ်ပေးခြင်းများဆောင်ရွက်ပေးခဲ့ရာ ကျန်းမာရေး ကောင်းမွန်ကြောင်းနှင့် COVID-19 ရောဂါပိုးကင်းရှင်းကြောင်းသိရသည်။
တပ်မတော်နှင့် AAတို့ဆွေးနွေးရခြင်းမှာ လုံခြုံရေးအရရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ခြင်းမရှိသေးသည့် မြို့နယ်များတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးဦးတည်ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ပြုလုပ်ရန်ကျန်ရှိသည့်နေရာများ၌ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပခြင်း၊ မကျင်းပခြင်းသည် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ဆုံးဖြတ်ချက်သာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲများ ဆောင်ရွက်ပေးရန်အတွက် ယခုပြန်လည်ရောက်ရှိလာသည့် လွှတ်တော်ကိုယ်စားလှယ်သုံးဦး ပြန်လည်လွတ်မြောက်လာရန်လိုအပ်မည်ဟု ပါတီဝင်များ ကတောင်းဆိုနေကြသည်ကိုလည်း အားလုံးသိရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်မှ ယခုကဲ့သို့အလေးထား ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်ဟုအနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးကဆွေးနွေးပြောကြားခဲ့ကြောင်းထုတ်ပြန်ချက်ကဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များကို AA အဖွဲ့ထံမှ ပြန်လည်လွှဲပြောင်းလက်ခံရရှိနိုင်ရေးအတွက် ကနဦးဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည့် မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန် အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် ဂျပန်နိုင်ငံ၊ နီပွန်ဖောင်ဒေးရှင်းဥက္ကဌ H.E. Mr. Yohei SASAKAWA ကိုလည်း အထူးကျေးဇူးတင်ရှိကြောင်းထုတ်ပြန်ထားသည်။
ထိုသို့AAအဖွဲ့ကဖမ်းဆီးထားသည့်တောင်ကုတ်မြို့နယ်NLDအမတ်လောင်းသုံးဦးကိုပြန်လွှတ်ပေးခြင်းကအပြုသဘောဆောင်သည့်လုပ်ရပ်ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းများပေါ်ပေါက်လာပြီဟု မျှော်လင့်ကြောင်းဒေါက်တာမျိုးညွန့်ကသုံးသပ်ထားသည်။
http://sdtimedaily.com/2021/01/01/kz07-137/
No comments:
Post a Comment