Thursday, November 5, 2020

အမည်မသိသူမှ UP အဖွဲ့ခေါင်းဆောင် ဆရာစိုင်းအောင်ဝင်းအား သေနတ်ဖြင့် လာရောက်ပစ်ခတ်

 သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်တွင် လူမှုညီညွတ်ရေးအသင်း (UP) အဖွဲ့ခေါင်းဆောင် ဆရာစိုင်းအောင်ဝင်းအား အမည်မသိသူတစ်ဦးမှ သေနတ်ဖြင့် နေအိမ်အထိ လာရောက်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ ည ၆ နာရီတွင် နမ့်ခမ်းမြို့နယ် နောင်စန့်ရပ်ကွက်ရှိ လူမှုညီညွတ်ရေးအသင်း (UP) ၏ အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ဆရာစိုင်းအောင်းဝင်း အိမ်ရှေ့၌ရှိနေစဥ် အမည်မသိ/အဖွဲ့အစည်းမသိ လူတစ်ဦးမှ ဆိုင်ကယ်စီးနင်းလာပြီး သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရှိရသည်။အဆိုပါပစ်ခတ်မှုကြောင့် ဆရာစိုင်းအောင်ဝင်းသည် ထိခိုက်ဒဏ်ရာ ၂ ချက်ရရှိသည့်အပြင် ၎င်း၏ သားဖြစ်သူမှာလည်း လက်မောင်းတွင် ထိခိုက်ဒဏ်ရာရရှိပြီး ၎င်းတို့အား နမ့်ခမ်းဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေရကြောင်း ၊ ဆရာစိုင်းအောင်ဝင်း၏နေအိမ်တွင်လည်း ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးနေကြောင်း နှင့် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင်လည်း ၎င်း၏နေအိမ်တွင် ဖောက်ခွဲမှုဖြစ်ပွားခဲ့ဖူးကြောင်း ဒေသတွင်း သတင်းပေးပို့ချက်အရ သိရှိရပါသည်။

ဆရာစိုင်းအောင်ဝင်းအား နေအိမ်အထိ လာရောက်ပစ်ခတ်သည့် သေနတ်သမားသည် မည်သူဖြစ်ပြီး မည်သည့်အကြောင်းအရင်းဖြစ် ယခုလို လာရောက်ပစ်ခတ်ခဲ့သည်ကို တာဝန်ရှိသူများမှ ဆုံစမ်းစစ်ဆေးနေဆဲဖြစ်ပါသည်။

https://bur.taifreedom.com/2020/11/05/%e1%80%a1%e1%80%99%e1%80%8a%e1%80%ba%e1%80%99%e1%80%9e%e1%80%ad%e1%80%9e%e1%80%b0%e1%80%99%e1%80%be-up-%e1%80%a1%e1%80%96%e1%80%bd%e1%80%b2%e1%80%b7%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba/

No comments:

Post a Comment