Thursday, November 5, 2020

မူဆယ်ခရိုင်၊ နမ်းခမ်းမြို့တွင် နမ့်ခမ်းသွေးလှူရှင်များအသင်း ဘဏ္ဏာ‌ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရ

 မူဆယ်ခရိုင်၊ နမ်းခမ်းမြို့တွင် နမ့်ခမ်းသွေးလှူရှင်များအသင်း ဘဏ္ဏာ‌ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရ

PUBLISHED 5 NOVEMBER 2020
 
ပြည့်စုံ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် နိုဝင်ဘာလ ၄ ရက် ညနေ ၆ နာရီကျော် အချိန်ခန့်က လူတစ်ဦး သေနတ်ပစ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခံရသူမှာ ဦးစိုင်းအောင်ဝင်းဖြစ်ပြီး နောင်စန့်ရပ်ကွက်၊ နမ့်ခမ်းမြို့ပေါ်၌ နေထိုင်ကာ (UP) နမ့်ခမ်းသွေးလှူရှင်များ အသင်း၏ ဘဏ္ဏာ‌ရေးမှူးဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဦးစိုင်းအောင်ဝင်းသည် နေအိမ်ရှေ့ မျက်နှာစာတွင် ရေဒီယိုနားထောင်ရင်း လမ်းလျှောက်နေစဉ် အမည်မသိ၊ အဖွဲ့မသိ၊ လူတစ်ဦးမှ ဆိုင်ကယ်ဖြင့် လာရောက်၍ ချောင်းမြောင်းပစ်ခတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

“ညနေ ၆ နာရီကျော်‌လောက်မှာပေါ့၊ ညနေပိုင်းမှာပေါ့? စိုင်း‌အောင်ဝင်းက နေအိမ်ရှေ့မှာ အိမ်ရှေ့မှာဘဲ  ရေဒီယို နားထောင်ရင်း လမ်းလျှောက်နေတဲ့အချိန်မှာ ဆိုင်ကယ်စီးလာတဲ့ သေနတ်သမားက ပစ်ခက်သွားတာ ရွေးကောင်ပွဲကာလ၊ စည်းရုံးရေးကာလမှာ အဲ့လိုဖြစ်တာတော့ မကောင်းဘူးပေါ့၊ အခုဖြစ်စဉ်က နယ်စပ်ဖြစ်နေတော့ လက်နက်ကိုင်တွေ အဖွဲ့အစည်းတွေက အများကြီးပဲလေ၊ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ အရင်ရက်တွေက ခြိမ်းချောက်မှုတွေ မရှိခဲ့ဘူး ဒီနေ့မှဖြစ်တာပါ၊ ဘယ်အဖွဲ့ဘဲဖြစ်ဖြစ် အခုလို ဖြစ်သွားတာတော့ မကောင်းပါဘူး၊ ဒီလိုမျိုး လုပ်ရပ်တွေကတော့ မကောင်းပါဘူး” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းလိန်မောင်းက ပြောကြားသည်။

အဆိုပါ သေနတ်ပစ်ခံခဲရမှုကြောင့် စိုင်းအောင်းဝင်းတွင် ဝဲဘက်တင်ပဆုံမှဝင်၍ ညာဘက်ဝမ်းဗိုက် ဖေါက်ထွက်ဒဏ်ရာ တစ်ချက်၊ ကျောဘက် ရှက်ထိဒဏ်ရာ တစ်ချက်တို့ ထိမှန်ခဲ့ပြီး နမ့်ခမ်းပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မူဆယ်ခရိုင် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ခရိုင်အတွင်းရှိ နမ့်ခမ်း မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ နမ့်ခမမြို့မရဒစခန်းမှ တပ်ဖွဲ့ဝင်များ၊ မူဆယ်မြို့နယ် ရဲတက်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်ရင်း တပ်ဖွဲ့များက ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်လျက်ရှိပြီး သေနတ်ဖြင့်ပစ်ခတ် သွားသူအား ဆက်လက်စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ရွေးကောက်ပွဲကာလမှာမှ မဟုတ်ပါဘူး။ ယခင်ထဲက မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်တွေမှာ ပိတ်ဆို့ရှာဖွေမှုတွေကို ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်၊ အခုရွေးကောက်ပွဲကာလမှာ ပိုပြီးတော့ ရပ်ကင်း ဝတ်ကင်း လှည့်ကင်းတွေနဲ့ စီမံဆောင်ရွက် ထားတာရှိတယ်၊ အခုလည်း ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ အချိန်မီ ဖမ်းဆီးနိုင်အောင် စုံးစမ်းရှာ‌ဖွေမှုတွေ လုပ်နေပါတယ်၊ အခုဖြစ်တဲ့ ဖြစ်စဉ်တွေမှာလည်း နယ်မြေခံတပ်ရင်း တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ပိတ်ဆို့ရှာဖွေ စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်၊ ကျွန်တော်က အခုဆေးရုံမှာခင်ဗျ၊ လူနာအခြေအနေကို စောင့်ကြည့်နေပါတယ်၊ ထိတာတော့ နှစ်ချက်ထိတာ၊ ဝဲဘက်တင်ပဆုံကနေ ဝင်ပြီးတော့ ညာဘက်ဝမ်းဗိုက် ဖေါက်ထွက်ဒဏ်ရာတစ်ချက်၊ ကျောဘက်ကို ရှက်ထိဒဏ်ရာ တစ်ချက် တွေ့ရတယ်၊ အခုစုံစမ်းစစ်ဆေးဆဲပါပဲ” ဟု နမ်းခမ်းမြို့နယ်မှူး ရဲမှူးနိုင်မင်းသိန်းက ပြောကြားသည်။

https://news-eleven.com/article/197117

No comments:

Post a Comment