မြန်မာ့တပ်မတော်နဲ့(TNLA)တို့ကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် မိုးကုတ်မြို့ပေါ် ဒေသခံပြည်သူ(၁၀၀၀)ဝန်းကျင် တိမ်းရှောင်လာ
မိုးကုတ် | မားနဂါး ။
မြန်မာ့တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် နိုဝင်ဘာလ ၂၅ရက်နေ့မှစပြီး ကျေးရွာဒေသခံပြည်သူ ၁ဝဝဝဝန်းကျင် မိုးကုတ်မြို့ပေါ်မှာ လာရောက်တိမ်း ရှောင်ခိုလှုံနေကြပြီး တချို့လည်းနေရပ် ကိုပြန်သွားတာတို့ရှိတယ်လို့ လီဆူစာပေနှင့်ရိုး ရာယဉ်ကျေးမှု ဒု-ဥက္ကဌ ကဒီကနေ့ နိုဝင်ဘာလ ၂၇ရက်နေ့မှာ မားနဂါးသတင်းဌာနကို ပြောပါတယ်။
အဆိုပါထွက်ပြေးတိမ်းရှောက်လာတဲ့ မိုးကုတ်မြို့နယ် ကျောက်ဝါကျေးရွာ၊ လီတာကျေးရွာ၊ လီဆူကုန်းဆံကျေးရွာ နဲ့ ချောင်းကြီးကျေးရွာဒေသခံတွေဖြစ်ကြပြီး လက်ရှိမှာတော့ မိုးကုတ်မြို့ လီဆူပတ္တမြားခန်းမ၊ ပိတ်ဆည်ဘုရား ကျောင်း၊ အောင်မင်္ဂလာခန်းမ၊ ဆီဆူဗုဒ္ဓဘာသာကျောင်း၊ ရွှေကူခန်းမတွေမှာ လာရောက်ခုံလှုံကြပြီး တချို့က တော့ ဆွေးမျိုး အသိုင်းအဝိုင်းတွေဆီ လာရောက်ခိုလှုံကြတာတွေရှိပါတယ်။
လီဆူပတ္တမြားခန်းမမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထုတွေကို ကူညီကြည့်ရှု့ပေးနေတဲ့ မိုးကုတ်မြို့ နယ် လီဆူစာပေနှင့်ရိုးရာယဉ်ကျေးမှု ဒု-ဥက္ကဌ ကိုအားလုက
“လူဦးရေစာရင်းအတိအကျတော့ကျနော်တို့မရဘူး။ ခန့်မှန်းခြေ ၁ဝဝဝဝန်းကျင်တော့ရှိမယ်။ ကျနော်တို့လီဆူ ပတ္ထမြားခန်းမမှာတော့ လူဦးရေ၄၀၀ ကျော်လောက်ရှိတယ်။ ဒီနေ့တချို့ပြန်တဲ့လူလည်းရှိတယ် ၊ပြန်လာတဲ့လူ လည်းရှိတယ်။ တချို့နေရာတွေက စာရင်းမရဘူး။ တိုက်ပွဲမဖြစ်စေချင်ဘူး။ ပြည်သူလူထုတွေကို ဒုက္ခမရောက်စေ ချင်ဘူးပေါ့၊ပြည်သူလူထုတွေကကြောက်ကြတယ်”လို့မားနဂါးသတင်းဌာနကိုပြောပါတယ်။
တချို့လည်း ဆွေးမျိုးအိမ်တွေမှာလာနေပြီး ခန်းမဆောင်မှာပဲ ထမင်းလာစားကြတာတွေရှိပြီး စာရင်းအတိအကျ တော့ မသိရှိဘူးလို့ သူကဆက်ပြောခဲ့ပါတယ်။
အဆိုပါ ထွက်ပြေးတိမ်းရှောင်နေတဲ့ပြည်သူတွေကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေ သကြီးလွှတ်တော်တွေ၊ ဆေးရုံကကျန်းမာရေးဆရာ/မတွေ၊ကြက်ခြေနီအသင်း၊ အရပ်ဘက်အဖွဲ့အစည်းတွေ စားသောက်နေထိုင်ရေးအတွက် လာရောက်ကြည့်ရှုလှူဒါန်းပေးတာတွေရှိပြီး နိုင်ငံတော်အစိုးရကနေမှ အိမ်ထောင်စုအလိုက် တစ်ဦးကို ၂၁ဝဝနှုန်းနဲ့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေ လာရောက်ထောက်ပံ့ ပေးမှုတွေရှိခဲ့တယ်လို့ ကိုအားလုကပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ရက်နဲ့ ၂၅ရက်နေ့တုန်းက မိုးကုတ်မြောက်ပိုင်းခြမ်းပိန်းပြစ်ကျေးရွာနဲ့ချောင်းကြီးကြားမှာ မြန်မာ့တပ်မတော်နဲ့တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)အကြားဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။
Photo | Our Lisu ။
https://www.facebook.com/MarnagarMultimediaNews/posts/4045148822180979?__cft__[0]=AZWZpvUP3giTXW9RLYaRenR8AjOmEiw88is6uywpdxDAOiArcNMTJ9XUp4sZsWmmuDn_MVh0-U9t_9FTWEFtq92p6PseNhLzLk5GsSItH7xoPxgewMeTzuZq9SKSXQfRa77WtK7qiiZWqEC-7SdEuFzE&__tn__=%2CO%2CP-R
No comments:
Post a Comment