Thursday, November 26, 2020

မြန်မာကို တရားစွဲထားသည့် ဂမ်ဘီယာကို ငွေကြေးပံ့ပိုးရန် OIC အစည်းအဝေးတွင် တင်ပြမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးပြော

 မြန်မာကို တရားစွဲထားသည့် ဂမ်ဘီယာကို ငွေကြေးပံ့ပိုးရန် OIC အစည်းအဝေးတွင် တင်ပြမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးပြော

ရန်ကုန်၊ နိုဝင်ဘာ ၂၆
အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုနှင့် တရား စွဲဆိုထားသည့် ဂမ်ဘီယာနိုင်ငံကို ငွေကြေးပံ့ပိုးရန် ၄၇ ကြိမ်မြောက် အစ္စလမ်နိုင်ငံများအဖွဲ့(OIC)၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် တင်ပြ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AK Addul Momen က ပြောဆိုလိုက်ကြောင်း သိရှိသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက နိုင်ဂျာနိုင်ငံတွင် နိုဝင်ဘာလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည့် ၅၇ နိုင်ငံပါဝင်သော OIC နိုင်ငံခြားရေးဝန်ကြီးများ၏ ၄၇ ကြိမ်မြောက်အစည်း အဝေး တက်ရောက်ရန် ထွက်ခွာစဉ် နိုဝင် ဘာလ ၂၄ ရက်နေ့တွင် ထိုသို့ ဝန်ကြီးက ထုတ်ဖော်ပြောဆိုခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရသတင်းဌာန BSS က သတင်းဖော်ပြထားသည်။
"ကျနော်တို့အနေနဲ့ ICJ မှာ (မြန်မာကို) တရားစွဲထားတဲ့ ဂမ်ဘီယာကို OIC က တစ်ဆင့် ငွေထုတ်ပေးဖို့ ရှိပါတယ်။ ဂမ်ဘီယာအနေနဲ့လည်း ရှေ့နေ ငှားပြီးတဲ့နောက်မှာ အမှုအတွက် ငွေရေးကြေးရေးအရ လိုအပ်မှုတွေ ရှိနေပါတယ်" ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
ဂမ်ဘီယာနိုင်ငံသည် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံတွင် လူမျိုးတုန်းသတ် ဖြတ်မှုများ ကျူးလွန်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

https://www.facebook.com/khitthitnews/posts/1073444433092902?__cft__[0]=AZWPRTKUSDRDsuD1p4kMSkLXJYdRGGjQo3xF7juKVXlVJbqqsGjWLFLJC9YaYoNLKKD06eH8vLTCG04iivAGsLAEGxBfDN7k_rybkZBJKVbji19W3p0l_GE3dBCEaFQoM95SB0AXWoVqCAO4pUasHYb2&__tn__=%2CO%2CP-R

No comments:

Post a Comment