Sunday, November 29, 2020

RCSS/SSA တပ်ဖွဲ့မှ ကျေးရွာသား(၉)ဦးကို မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့အကြောင်းပြပြီးဖမ်းဆီးခေါ်ဆောင်

 RCSS/SSA တပ်ဖွဲ့မှ ကျေးရွာသား(၉)ဦးကို မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့အကြောင်းပြပြီးဖမ်းဆီးခေါ်ဆောင်

မိုင်းနောင် | မားနဂါး ။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့နယ် ဝမ်စိမ်းအုပ်စု ဝမ်ကျောင်းကျေးရွာနဲ့ကျွန်းတောင်းကျေးရွာသား (၉)ဦးကိုမူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ အကြောင်းပြပြီး နိုဝင်ဘာလ ၂၆ရက်နေ့မှာ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ဒီနေ့ထိလွှတ်ပေးခြင်းမရှိသေးကြောင်း ဒီကနေ့နိုဝင်ဘာလ ၃ဝရက်နေ့မှာ ဝမ်းကျောင်းဒေသခံတစ်ဦးပြောပြ ချက်အရသိရပါတယ်။

အဆိုပါကျေးရွာသား ၉ဦးဟာ ကျွန်းတောင်းကျေးရွာက ကျေးရွာသား(၃)ဦးနဲ့ ဝမ်ကျောင်းကကျေးရွာသား (၆)ဦး ဖြစ်ကြပြီး အပီးဆိုသူဆီ ပြောင်းဖူးချိုးဖို့ နေ့စားအလုပ်သွားလုပ်စဉ်မှာ နိုဝင်ဘာလ ၂၆ရက်နေ့ ညနေ ၆နာရီအချိန် မှာ RCSS တပ်ဖွဲ့မှ အပီးခြံထိလာပြီး အဆိုပါ ရွားသား၉ဦးရဲ့ဆီးကို စစ်ဆေးပြီး မူးယစ်ဆေးဝါးသုံးစွဲ တယ်ဆိုပြီး သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

RCSSက ကျေးရွာသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ခြံပိုင်ရှင်ကိုမနေ့သွားရောက်မေး မြန်းထားချက်ကို ဝမ်းကျောင်းဒေသခံတစ်ဦးက
"သူတို့ ၉ယောက်ကို RCSS ထော်လာဂျီနဲ့ဖမ်းခေါ်သွားတယ်။ ဖမ်းခေါ်ရတဲ့အကြောင်းက သူတို့မူးယစ်ဆေးဝါးသုံးစွဲ တယ်ဆိုပြီး ခြံပိုင်ရှင်ကပြောတယ်။ သူတို့အဖွဲ့တွေက ခြံထိလာပြီး ဆီးစစ်တယ်။ မူးယစ်ဆေးဝါးသုံးစွဲတယ်ဆိုပြီး ဖမ်းသွားတယ်။"လို့ မားနဂါးသတင်းဌာနကိုပြောပါတယ်။

ရွာသား(၉)ဦးစလုံးဟာ မူးယစ်ဆေးဝါး သုံးစွဲမှုလည်းမရှိခဲ့ပါ။ကျေးရွာမှာ စည်းကမ်းချိုးဖောက်ရင် အပစ်ပေး ဒဏ်ပေးစနစ်နဲ့ ထောင်ထဲထည့်တာတို့ရှိပါတယ်ဆိုပြီး သူကဆက်ပြောခဲ့ပါတယ်။

ဝမ်ကျောင်းကျေးရွာသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး သူတို့ရဲ့ အမျိုးသမီးတွေအနေ သူတို့အမျိုးသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပေါ်မှာ ဆိုရှယ်စာမျက်နှာမှာ ငိုယိုပြီးပြောနေတဲ့ ဗီဒီယိုဖိုင် တစ်ခု ပျံ့နှံ့နေတာကိုတွေ့ရပါတယ်။

ကျေးရွာသား(၃)ဦးရဲ့ အမျိုးသမီးတွေက သူတို့ယောကျာ်းတွေကို ဖမ်းဆီးခေါ်ဆောင်သွားတော့ သူတို့သားသမီး တွေကိုလုပ်ကျွေးမယ့်သူလည်းမရှိကြောင်း ရူစိင်းလိုပြောတဲ့ဗီဒိုယိုဖိုင်အရ
"အရင် ၂၀၁၈တုန်းက ကျမတို့ သီပေါမှာနေတယ်။ တိုက်ပွဲဖြစ်လို့ ဝမ်ကျောင်းဘက်ကို ထွက်ပြေးလာတယ်။ ခုတော့လည်း ကျမတို့ယောကျာ်းတွေကို ဖမ်းဆီးသွားတာ။ ကျမတို့ယောကျာ်းတွေကို အိမ်ကိုတော့လာမဖမ်းဘူး။ တောထဲသွားဖမ်းသွားတာ။ ကျမတို့ ခြံစောင့်မယ့်သူ လည်းမရှိဘူး။ ကျွဲကြည့်မယ့်သူလည်းမရှိတော့ဘူး။ သားသမီးတွေလည်းအများကြီးပဲ လုပ်ကျွေးမယ့်သူလည်း မရှိတော့ဘူး။"ဆိုပြီး ငိုယိုပြောခဲ့တယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)တို့ သွားလာလှုပ်ရှား ရာနယ်မြေဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့အကြောင်းပြပြီး ကျေးရွာသားတွေကို မကြာခဏဖမ်းဆီးခေါ်ဆောင်မှု ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး RCSS ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းအုမ်ခေးကို ဖုန်းအကြိမ်ကြိမ်ဆက်သွယ် မေးမြန်းရာမှာလည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ ။


https://www.facebook.com/MarnagarMultimediaNews/videos/1026990871139801/?__xts__%5B0%5D=68.ARBzmrAwxA7hLsXAHrOTfRCaf-hQGY9xXZEwpFkYjGarOAn0FGiGblmg5ncLEbXG4rzVQH1UXQexZCLWFuavck0si1xRuwZDQQn57tCsPxPfDyJEBgXvZKVsuzNz8HLrK_87tWFa6ZypO9eg8Z9OTXhVB8zXWOtXnHddSQKOLlhgb_j0nwmqxYrb2A5nDUwYQ-fockNenlD65BaKbAZByZkcWBYcGKchcx41uJ2oYBoSOWteF6VH3juRW2qN2gJ91RWSUt60_ai_KrTZLL6b5dgtKQNipgtnQRRtJ6YpStD_htAnOb0rpvWGXFptmLAMu4-13SIdI6at3lj5&__tn__=-R

No comments:

Post a Comment