တရုတ်မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက် ကောင်းမှုလွယ်ရပ် နယ်မြေ ၅ ကောင်းခါး ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်း ဦးလွေလွင်ရဲ့နေအိမ်မှာ ဒီကနေ့ နိုဝင်ဘာလ ၂၉ ရက် မနက် ၆ နာရီခွဲအချိန်ခန့်က အသံမိုင်းတလုံးပေါက်ကွဲခဲ့ပါတယ်။
အသံမိုင်းပေါက်ကွဲခဲ့တဲ့နေရာကို နယ်မြေခံတပ်ရင်းတပ်ဖွဲ့တွေ၊ ခရိုင်မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်စစ်ဆေးချက် အရ ကောင်းခါးပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းနေအိမ် ခြံဝန်းအတွင်းကို လူတစ်ဦးက အထုပ်တစ်ထုပ်ပစ်သွင်း ဖေါက်ခွဲတာ ဖြစ်ကြောင်း သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မူဆယ်မြို့မစခန်းရဲ့ စခန်းမှူး ဒုရဲမှူးသန့်ဇော်ဦးကိုမေးကြည့်တော့“ဖြစ်စဉ်မှန်ပါတယ်၊ ကျွန်တော်တို့ စစ်ဆေးနေဆဲဖြစ်လို့ အသေးစိတ်မဖြေနိုင်သေးတာ နားလည်ပေးပါ နောက်မှထပ်ဆက်ပါလို့” ဆိုပါတယ်။
ပေါက်ကွဲမှုကြောင့် အလျား ၁၇ ပေ အနံ ၁၄ ပေခန့် လုံခြုံရေးအစောင့်များနေထိုင်ရာ အဆောက်အအုံရဲ့ အပေါ်မျက်နှာကျက် ပျက်စီးခဲ့ပြီး နှစ်ပေပတ်လည်နှင့် တွင်းအနက်တစ်လက်မခန့် ချိုင့်ခွက်ဖြစ်ပေါ်ခဲ့ကာ ထိခိုက်ဒဏ်ရာ ရရှိသူမရှိဘူးလို့ သိရပါတယ်။
ဒီပေါက်ကွဲမှုကြောင့် အဖွဲ့ပေါင်းစုံက စုံစမ်းစစ်ဆေးနေပြီး ပိတ်ဆို့ရှာဖွေမှုတွေပြုလုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၂၅ ရက်နေ့ည ၈ နာခွဲအချိန်ခန့်ကလည်း မူဆယ်မြို့က လုံထန်ပြည်သူ့စစ်ခေါင်ဆောင်ရဲ့ နေအိမ်ခြံဝင်း အတွင်း ဆိုင်ကယ်စီးလာတဲ့ လူနှစ်ယောက်က အသံမိုင်းတစ်လုံးပစ်သွင်းဖေါက်ခွဲ့လို့ အလုပ်သမားတန်းလျား အခန်းတစ်ခန်းပျက်စီးခဲ့မှုဖြစ်စဉ်ရှိခဲ့သေးပြီး တရားခံကိုတော့ဖော်ထုတ်ဖမ်းဆီးနိုင်တာ မရှိသေးပါဘူး။
http://thevoicemyanmar.com/news/44728-meu
No comments:
Post a Comment