NLD အစိုးရနဲ့ တပ်မတော် ဆက်ဆံရေး တင်းမာနေမှု ကောင်းလာမလား၊ ထပ်ဆိုးမလား
By ရန်ကုန်ခေတ်သစ်
၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ တပ်မတော်နှင့် အစိုးရအကြား တစ်ဖက်နှင့်တစ် ဖက် ကြေညာချက်ထုတ်၍ ပြစ်တင်ဝေဖန်မှုများရှိခဲ့ပြီး ယင်းအခြေအနေကြောင့် နှစ်ဖက် ဆက်ဆံရေးတင်းမာမှုအခြေအနေမှာ တိုင်းသိပြည်သိ ဖြစ်ခဲ့ရသည်။
NLD က နိုဝင် ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့စည်းနိုင်သည်အထိ အပြတ်အသတ် အနိုင်ရရှိပြီးနောက် နှစ်ဖက်တင်းမာနေသော စစ်ဘက်- အရပ်ဘက် ဆက်ဆံရေးမှာ တိတ်ဆိတ်နေလျက်ရှိနေသည်။
မုံရွာအောင်ရှင်
NLD ဗဟိုပြန်ကြားရေးကော်မတီ၊ အတွင်းရေးမှူး
ရွေးကောက်ပွဲကြေညာစာတမ်းကိုပဲ ပြန်ပြီးတော့ ညွှန်းမှာပါ။ ရွေးကောက်ပွဲကြေညာ စာတမ်းမှာ ကာကွယ်ရေးနဲ့ တပ်မတော်ကာလဆိုတာပါတယ်။ ကာကွယ်ရေးနဲ့ တပ်မ တော် ကာလာမှာတော့ တပ်မတော်ဟာ တကယ်ဒီမိုကရေစီကာကွယ်တဲ့ တပ်မတော် ပြည်သူ့လူထုချစ်တဲ့တပ်မတော် နောက်တစ်ခုက အရည်အသွေးမြင့်တဲ့တပ်မတော်ပေါ့။ဒါမျိုးတွေဖြစ်ပေါ်သင့်တယ်ဆိုပြီးတော့ ကျွန်တော်တို့က ဒါ အကြမ်းဖျဉ်းပေါ့လေ။ ပြော ထားတာရှိတယ်။
ခံစားမှုပြင်းထန်လာတာကိုတွေ့ရတယ်။ သူ့ကတော့ ဘာကိုပြောချင် လည်းဆိုရင် ဖွဲ့ စည်း ပုံအခြေခံဥပဒေပြင်ဆင်ေရးထက် အမျိုးသားအကျိုးစီးပွားနဲ့ ငြိမ်းချမ်းရေးကို အဓိကဇောင်းပေးပြီးတော့ ပြောတာတွေ့လာရတယ်။
ကျွန်တော်တို့ နိုင်ငံရဲ့ စစ်ဘက်အရပ်ဘက်ဆက်ဆံရေးပေါ့လေ။ စစ်ဘက်အရပ်ဘက်ဆက်ဆံရေးဟာ ရွေးကောက်ပွဲနီးလာတာနဲ့ အမျှ ပွတ်တိုက်မှုတွေ ပြင်းထန် လာတယ်လို့ ကျွန်တော်တို့ သိလာရတယ်။ ဒီကြားထဲမှာ တစ်ခါ မှတ်မိကြမလားမသိဘူး။ ၃၄ပါတီနဲ့တွေ့တဲ့အခါကျတော့လည်း ထုံးစံအတိုင်းပေါ့ဗျာ။
ကာလုံခေါ်ပေးဖို့တောင်းတဲ့အကောင်က တောင်း၊ အာဏာသိမ်းဖို့လောက်ထိ နမိတ်ပြ မေးခွန်းတွေ ပြောတဲ့လူကပြောပေါ့။ ဒါမျိုးတွေဖြစ်လာတဲ့အခါကျတော့ ကျွန်တော်တို့ ဒီ ပြည်သူလူထုကကြည့်နေတာ မသိဘူး မဟုတ်ဘူး။ သိပ်သိတာ ဘယ်လိုတွေက ဘယ် လို တွန်းခြောက်နေတယ်။
တောခြောက်ရင်တော့ တောမှောက်တယ်ဆိုတာတော့ သူတို့မသိကြဘူး။ တကယ်တမ်းကတော့ တကယ် တောမှောက်သွားတာပဲ။ ဒီကနေ့ ကာလက အဲဒီလိုအခြိမ်းအခြောက်တွေများလာမှာ လူထုရဲ့ သဘောထားတွေကလည်းသိလာတယ်။
ဘယ်သူတွေက ဘာတွေလုပ်နေတယ်။ ဘယ်သူတွေက ဘယ်လမ်းကို ထွင်နေတယ်ဆိုတာ သိတယ်ဗျ။သိတဲ့အတွက်ကြောင့်လည်း ဒီကနေ့ ရွေးကောက်ပွဲမှာ NLD ထပ်ပြီးတော့ ဟတ်လား တောင်ပြိုကမ်းပြိုမက အနိုင်ရလာတာ အဲဒီ အကျိုးဆက်တွေလည်းပါတယ်။
အဲဒီတော့ ထပ်ပြောရလို့ရှိရင်တော့ ခုနက ကျွန်တော်တို့ရဲဘော်တွေပြောသလိုပဲ နိုင်ငံရေး ဘောင်ကတော့ ချဲ့ဖို့လိုတယ်။ နိုင်ငံရေးဘောင်ချဲ့ရမယ်။ စစ်ဘောင်ကိုတော့ ကျဉ်းရမယ်။ စစ်ဘက် အရပ်ဘက်ဆက်ဆံရေးကို တကယ်သင့်တင့်မျှတတဲ့ အနေ အထားမျိုးဖြစ်အောင်တော့ လုပ်ရမယ်ပေါ့။
အဲဒီတော့ ဒီနေရာမှာ ကျွန်တော်တို့က အရင်စကားဟောင်းပဲ ပြန်ပြောရတာပဲ။ ကျွန် တော် တို့ ဒီလိုဖြစ်ဖို့အတွက်ကတော့ ဟိုဟာပေါ့ ဘာခေါ်မလဲ ယုံကြည်မှုတည်ဆောက်ရေးပေါ့နော်။ ယုံကြည်မှုတည်ဆောက်ရေးအခြေခံပဲ။ အဲဒါရအောင်လုပ်နိုင်မှဖြစ်မှာ ယုံကြည်မှုတည်ဆောက်ရေးဆိုတာကတော့ စကားအရပြောရရင်တော့ လွယ်ပါတယ်။ စကားအရပြောရရင်တော့ကောင်းတာပေါ့။
အခု ကျွန်တော်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်တယ်။ ဒီပင်လုံကိစ္စတွေပြောကြတဲ့အခါကျေတာ့ ပြောတာနဲ့လောက်မရဘူး။ All Inclusive ပြောတာပဲ ပြောတာနဲ့ မရဘူး။ အပြန်အလှန်ပူးပေါင်းဆောင်ရွက်တဲ့ အဆင့်တစ်ခုပေါ့လေ။
အပြန်အလှန်ဆွေးနွေးတဲ့ ဒီ In Touch ဖြစ်ရမယ်လုပ်ငန်းတွေ ဆက်ပြီးလုပ်ဖို့လိုတယ်။ အဲဒါမှ အပြန်အလှန် ပူပေါင်းဆောင်ရွက်မှ တစ်ဦးရဲ့ အားနည်းချက် တစ်ဦးရဲ့ အား ကောင်းချက်ကို သိတာကို ဒီအဆင့်တွေကိုကျော်လို့ ကျော်နိုင်လို့ရှိရင်ကတော့ ကျွန်တော်မြင်တာတော့လေ။
ဒီအပြန်အလှန် ခုနကပြောတဲ့ ယုံကြည်မှုတည်ဆောက်ရေးကို ရထားလိမ့်မယ့်။အပြန် အလှန်ယုံကြည်မှုတည်ဆောက်ရေးရမှ ကျွန်တော်တို့လိုချင်တဲ့ စစ်ဘက် အရပ်ဘက်ဆက်ဆံရေးအကောင်းဆုံးဖြစ်မယ်။ စစ်ဘောင်ဒီရပ်ပြီးတော့ အရပ်ဘက် ဘောင်ပေါ့လေ။
နိုင်ငံရေးဘောင် ကျယ်နိုင်မယ်ဆိုတာကိုတော့ ကျွန်တော်ကတော့ မြင်တယ်။ အဲဒီတော့ ကျွန်တော်တို့ လုပ်စရာတွေတော့ အများကြီးပါပဲ။ ဒီနေရာမှာ တစ်ဦးနဲ့ တစ်ဦးပေါ့လေ။ ကျွန်တော်တို့ အပြန်အလှန်ဆွေးနွေးကြတာတွေ အပေးအယူတွေ အများကြီးလုပ်ကြရမယ်။ အပေးအယူတွေ အများကြီးလုပ်ကြရမယ်။
တစ်ယောက်ရဲ့အကြောင်းတစ်ယောက်နားလည်အောင် သိအောင်လုပ်ကြရမယ် တစ်နည်းအားဖြင့်ပြောရရင်တော့ ဟို တူညီတဲ့ပိုင်းခြေတစ်ခုပေါ့လေ။တူညီတဲ့ပိုင်းခြေတစ်ခုကို ရအောင်ရှာဖို့ အရေးကြီးတယ်လိုပဲ ပြောချင်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောတာတော့ ဒီ ပြည်သူလူထုကရွေးချယ်တင်မြှောက်တဲ့ ဒီမိုကရေစီနည်းကြ ရွေးကောက်ပွဲရလဒ်ကိုတော့ အသိအမှတ်ပြုရမှာပေါ့။ ဒါတော့ မပြုလို့မရဘူး အသိအမှတ်ပြုရကြပါ။ အဲဒီအဆင့်ကို ကျွန်တော်တို့ ဘာပဲဖြစ်ဖြစ် အနေအထားကောင်းတယ်လိုပဲ ကျွန်တော်ကတော့ ပြောချင်ပါတယ်။
စာရေးဆရာမောင်မောင်စိုး
နိုင်ငံရေးလေ့လာသုံးသပ်သူ
တပ်နဲ့ အစိုးရနဲ့ သဘောတူချက်မရရင် ဘာငြိမ်းချမ်းရေးမှ မအောင်မြင်ဘူးဗျာ။ ဒါတော့ရှင်းတယ်။ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က အစိုးရရယ် တပ်ရယ် တိုင်းရင်းလက်နက်ကိုင် ဆွေးနွေးရတာပေါ့။ သူတို့ နှစ်ဦးမှာ သဘောတူညီချက်မရှိလို့ရှိရင် တိုင်းရင်းသားတွေနဲ့ ဘာသဘောတူညီချက်မှ မယူနိုင်ဘူး။
အဲဒီတော့ ဒါက အရေးကြီးတယ်လို့ ကျွန်တော်ကတော့ ထင်တယ်။ အဲဒါအတွက်ညှိနိူင်းမှုက ရှိမလားဆိုတော့ ၂၀၂၀နဲ့ ၂၀၁၅ကြားမှာ ကျွန်တော်ကတော့နည်းတယ် အတော် နည်းတယ်ထင်တယ်။ အတော်နည်းတယ်ထင်ဆိုတာ ဥပမာ အခြေခံဥပဒေပြင်ဆင်ရေး မျိုးကိုကြည့်လိုက်လေ။ ဘာမှမညှိနှိုင်းဘူးဆိုတာ သိသာတယ်နော် ဘာမှ မညှိနှိုင်းဘူး။
တစ်ဖက်ကလည်း ကိုယ့်ပြင်ချင်တာပြင်တယ်။နောက်တစ်ဖက်လည်း ကိုယ်ပြင်ချင်တာပြင်တယ်။ သူ့ပြင်ချင်တာကို ကိုယ့်ကန့်ကွက်ပြီး ကိုယ့်ပြင်ချင်ကို သူ့ကန့်ကွက်တာကို ဒါနဲ့ ပြီးသွားတာကို ဒါကတော့ ညှိနိူင်းမှုမရှိလို့ပဲ။ ညှိနိူင်းမှုရှိတယ်ဆိုလို့ရှိရင် ဒီပြဿနာကိုဖြေရှင်းနိုင်လိမ့်မယ်လို့ထင်တယ်။
နောက်တစ်ခုက ဒီအစိုးရကရော တပ်ရောစဉ်းစားဖို့လိုတာက တိုင်းရင်းသားပြဿနာဖြေရှင်းမယ်ဆိုရင် အခြေခံဥပဒေပြင်ဆင်ရေးမှာတိုင်းရင်းသားပတ်သက်တဲ့ အခန်းကဏ္ဍာကို အခြေခံ ဥပဒေကို အရင်ဦးစားပေးရင် ပြင်ဖို့လိုတယ်ဘက်ကို အရင် သဘော တူညီမှု ယူဖို့လိုတယ်လို့ထင်တယ် ဆရာ သီအိုရီတစ်ခုတော့ရှိတာပေါ့ဗျာ။
ဘာလဲဆိုတော့ ဒီမိုကရေစီမရမဘဲနဲ့ ဖက်ဒရယ်မရနိုင်ဘူး။ ဒါပေမယ့် တိုင်းရင်းသားတွေက မဟုတ်ပြန်ဘူး။ တိုင်းရင်းသားတွေက ဖက်ဒရယ် ။ငါတို့ ခေတ်က ဖက်ဒရယ် ဒီမိုကရေစီမဟုတ်ဘူး။ တိုင်းရင်းသားတွေ ပြောလိုက်ရင် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုလို့ပြောတာ ကျွန်တော်တို့ အစိုးရဘက်က သုံးရင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုလို့သုံးတာ အဲဒီတော့ တစ်ဖက်ကကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ လွှတ်တော်ကာလအတွင်းမှာ တိုင်းရင်းသားတွေပတ်သက်ပြီးတော့ ဒီ ပြည်နယ်တွေ မှာ ၂၆၁ ပြင်ပေးဖို့ အစ အပါဝင်ပေါ့ဗျာ။
တပ်ကလည်း သဘောတူထားရှိတဲ့ အခြေခံအပေါ်မှာ ဒီအပေါ်မှာ အလုပ်ဖြစ်ရေးကို တကယ်လက်တွေ့ ကျကျပြင်လို့ရှိရင် ဒီ ၂၆၁ အပါအဝင် ဒီဥစ္စာကြီး ပြင်ပေးဖို့ ကိစ္စကို ကျွန်တော်တို့ ဦးတည်မှု တိုင်းရင်းသားတွေ ပတ်သတ်တဲ့ အချက်အလက်တွေပေါ့နော်။
တိုင်းရင်းသားတွေ ပြည်နယ်ဖွဲ့စည်းပုံနဲ့ ပတ်သက်တဲ့ ဦးစားပေးပြင်ရင်ပြင်လို့ရနိုင်မယ်လို့ထင်တယ်။ အဲဒီအတွက် ဘုံသဘောတူညီချက်တစ်ခု အစိုးရနဲ့ တပ်နဲ့ အရင်ညီဖို့တော့လိုပါတယ်။ အစိုးရနဲ့ တပ်နဲ့ သဘောတူတယ်ဆိုလိုရှိရင် လွှတ်တော် ပြင်လို့ရသွားပြီ ။၇၅ ရခိုင်နူန်းကျော် လွှတ်တော်မှာ ပြင်လို့ရသွားပြီ။ အခြေခံဥပဒေ အဲဒီတော့ တိုင်းရင်းသားပြဿနာဖြေရှင်းဖို့ အရေးကြီးပါတယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်။
ဦးခိုင်မောင်ရည်
လွှတ်တော်အမတ်ဟောင်း၊ နိုင်ငံရေးသမား
ပြောမယ်ဆိုရင်တော့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးဆိုတာထက် ဒီမိုကရက်တစ်နဲ့ စစ်ဘက်လို့ပြောရမှာပေါ့နော်။ တစ်လျှောက်လုံးက ထိပ်တိုက်တွေ့ခဲ့တာ ဒီမိုကရက်တစ်တွေနဲ့ ပြောမယ်ဆိုရင်တော့ ဟိုအရင်ခေတ်က တပ်မတော်အစိုးရ နောက် နဝတ နအဖ တစ်လျောက်လုံးဆန့်ကျင်ခဲ့တာ ဒီမိုကရက်တစ်တွေ ဆန့်ကျင်ခဲ့တာပေါ့။ အဲဒီပုံစံမျိုးဖြစ်ခဲ့တယ်။အဲဒါ ဒီမိုကရက်တစ်နဲ့ တပ်နဲ့ ဆက်ဆံရေးပဲ ပြောရမှာပေါ့။
အဲဒီလိုပုံစံမျိုးက ဒီဘက်မှာတပ်က သူ့ အမြုတေသူ့ဟာသူ့ပဲ တည်ပြီးတော့ အဖွဲ့အစည်းအဖြစ်ရှိနေမယ်။ ဒီမိုကရက်တစ်ကျတော့ အမြုတေ ပျက်သွားပြီးတော့ ကွဲသွားတယ်။ အုပ်စုလိုက်။ ဒါပေမယ့်စောစောကပြောသလိုပဲ ၃၄ပါတီ ခေါ်တွေတဲ့ကိစ္စမျိုးတွေ ဖြစ်လာတာတို့ ဒါကတပ်ကလည်း သူလုပ်နိုင်ခြေရှိထားတဲ့အတိုင်းထဲက သူလုပ်နေတာပဲ။
ဒီမိုကရက်တစ်တွေကလည်း ကိုယ့်နိုင်ငံ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ အတွက်ကို ဘယ်လိုကြိုးစားသွားကြမလဲဆိုတဲ့ ကိုယ့်ဘက်လည်း အကြံအစည်တွေရှိကြမှာပေါ့။ သူ့ဘက်က ပြောရမယ်ဆိုရင် တပ်က တစ်လျောက်လုံး ဘယ်ပါတီ ထောက်ခံတာလည်းဆိုတာအားလုံးသိတယ်။
တပ်ပြင်ပမဲရုံတွေအားလုံးက ဘယ်ပါတီအနိုင်ရတယ်ဆိုတာသိတယ်။ဒါတစ်လျောက်လုံး ဒီအဲဒီအတိုင်းပဲ သွားတော့မှာလား။ကျွန်တော်တို့ဖြစ်ချင်တာ တပ်သည် ဘယ်ဘက်မှ ဘက်မလိုက်ဘဲနဲ့နေ။ သူ့ကြိုက်တဲ့ပါတီကို မဲပေးဖို့အတွက် တပ်မတော်သား ဘယ်သူဖြစ်စေ တပ်မတော်သား မိသားစုထဲက ဘယ်သူဖြစ်စေ ကြိုက်တဲ့ပါတီကို မဲပေး။ ဒီလိုမျိုးဖြစ်ရမယ်။
ဒါပေမယ့် အမိန့်တစ်စုံတစ်ရာအောက်မှာ အကြောက်တရားအောက်မှာ ရှိနေကြတဲ့မိသားစုတွေလိုပဲ ကျွန်တော်မြင်နေရတယ်။ သူတို့ဘက်က လာမယ့် မဲက ဘယ်ကိုသွားမှာလဲဆိုတာ ကျွန်တော်က အဲဒီဟာကြီးက ပေးထားချက်ကြီးဖြစ်နေပြီ။ ပုံသေနည်းကြီးဖြစ်နေပြီ။ အဲဒါကြီးကို ကျွန်တော်ဘယ်လိုဖြတ်ကြမလဲ။
အဲဒီတော့ တပ်ထဲမှာရှိတဲ့ တပ်မိသားစုတွေလည်း ပြည်သူ့တွေပဲ ကျွန်တော်တို့အတွက်ပြောရင် မဲဆန္ဒရှင်တွေပဲ။ သူတို့ပေးချင်တဲ့ သူတို့ဆန္ဒရှိတဲ့လူကို ပေးခွင့်ရှိဖို့ ကျွန်တော်တို့ ဖန်တီးနိုင်ရမယ်။ ဖန်တီးဖို့လည်း ကျွန်တော်တို့ တာဝန်ရှိတယ်။
ဒါအပိုင်းတစ်ပိုင်း တက်လာတဲ့အစိုးရက ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က ကံအားလျှော် စွာပဲဖြစ်စေ ကျွန်တော်တို့ ကံကောင်းတယ်ပဲပြောချင်ပြောဒီမိုကရက်တစ်အစိုးရ တက်လာတဲ့အခါမှာ ဒီမိုကရက်တစ်အစိုးရသည် တပ်ကို ဒါ အမျိုးသားရင်ကြားစေ့ ရေးပဲ ဖြစ်ဖြစ် တပ်ကို ဘာဖြစ်လဲဆိုရင် ကိုယ့်ရဲ့ အုပ်ချုပ်ရေးပါဝါ ရနေတဲ့အချိန်မှာ သူတို့နဲ့ အဆင်ပြေအောင်တော့ ပူးပေါင်းဖို့လိုပါပြီ။ ပူးပေါင်းတယ်ဆိုတာက တိုင်းပြည်ကို ကြည့်ပြီးလုပ်တာပါပဲ။
တိုင်းပြည်ထပ်မနာဖို့ ဒီအတိုင်းကြီးပဲ ကျွန်တော်တို့သွားနေရင် တိုင်းပြည်က ဟိုတိုးတက်မှုမဟုတ်ဘဲနဲ့ ရန်စောင်ပြီးတော့ သွားနေတဲ့ပုံစံဖြစ်တယ်။ ရန်စောင်မှုတွေကို ရပ်ဖို့ ဘယ်လိုနည်းနဲ့ ရအောင်လုပ်မလဲ။ တပ်သည် အုပ်ချုပ်ရေး ကဏ္ဍဆိုရင် အစိုးရရဲ့ အဖွဲ့အစည်းရဲ့ အောက်မှာရောက်သွားမယ်။ Institution တစ်ခုအဖြစ် သမ္မတရဲ့ အောက်ကို ရောက်သွားမယ်။
တပ်သည် အဖွဲ့အစည်းတစ်ရပ်အဖြစ် ရပ်တည်သွားမယ်။ ကျွန်တော်တို့ ပထမအကြိမ်လွှတ်တော်တုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ကြတဲ့အခါမှာ သူတို့က ရာခိုင်နူန်း ၂၅ရာခိုင်နူန်းကနေ တဖြည်းဖြည်း လျှော့သွားဖို့ သူတို့ဘက်မှာ အစီစဉ်ရှိပါတယ်။
ဒါဟာချက်ချင်းကြီးတော့ ဗုန်းကနဲ့တော့ရမှာမဟုတ်ဘူး။ ရာခိုင်နူန်း ၅ရာခိုင်နူန်း ၁၀ရာခိုင်နူန်းလျှော့သွားစရာ အကြောင်းရှိပါတယ်လို့ ဒီလိုပဲ စကားတွေပြောခဲ့ကြတယ်။ ကျွန်တော်တို့ အများကြီး ကတိတွေရခဲ့တယ်လို့ ထင်ခဲ့တယ်။
ဒီအခု NLD အစိုးရလက်ထက်မှာ ၅ရာခိုင်နူန်းလောက်လျှော့သွားမလား။ ကျွန်တော်တို့အထင်ပေါ့။ အဲဒီဖြစ်နေ ဒါပေမယ့် ညှိနိူင်းမှုမရှိဘဲ ဆောင်ရွက်တယ်။ ဆိုလိုတာက ညှိနိူင်းဖို့တော့လိုတယ်။ဘာကြောင့်ပဲဖြစ်ဖြစ် တပ်နဲ့ ညှိနိူင်းဖို့ အတွက်ကိုတော့ အာဏာရပါတီ ခေါင်းဆောင် ခေါင်းဆောင်ပိုင်း အဲဒီအပိုင်းတွေက မာနေလို့တော့ မရဘူး။
ပြည်သူ့လူထုမျက်နှာကြည့်ပြီးတော့လျှော့သင့်တာ လျှော့ရမယ်။ ပူးပေါင်းသင့်တာတွေ ပူးပေါင်းရမယ်။ အဲဒီ အမျိုးသားပြန်လည်သင့်မြတ်ရေး သင့်မြတ်ရေးစကားလုံးသုံးပြီးတော့မှ ဒီအုပ်ချုပ်ရေး အဖွဲ့အစည်းထဲမှာ ရှိနေတဲ့ အချင်းချင်းကို လက်မတွဲနိုင်ဘူးဆိုရင် ကျွန်တော်တို့ တွေ့နေရတယ် ပြည်ထဲရေးဝန်ကြီးတို့ အခြားဝန်ကြီးတွေ တပ်ပိုင်းဆိုင်ရာကနေ ပါလာတဲ့ပုဂ္ဂိုလ်များ ဒါအစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လေးလေးစားစားနဲ့ ဆက်ဆံကြတာတွေ့ ပုဂ္ဂိုလ်ရေးအရ တစ်ဦးချင်းတစ်ဦးချင်းကို အဲဒီလို စည်းရုံးနိုင်တယ်။
တစ်ဦးချင်းကို မေတ္တာထားနိုင်တယ်။ ခေါင်းဆောင်ပိုင်းကိုလည်း မေတ္တာထားပြီး စည်းရုံးဖို့လိုတယ် ။အဲဒါမှပဲ ရှေ့ဆက်သွားမယ်ဥစ္စာကဖြောင့်ဖြူးမယ် ဒီအတိုင်းဆိုရင် တပ်နဲ့အစိုးရဆက်ဆံရေးပဲ တပ်နဲ့ ဒီမိုကရက်တစ်ဆက်ဆံရေးပဲ။ တပ်နဲ့ အရပ်ဘက်မဟုတ်တော့ဘူး။
အဲဒီဆက်ဆံရေးက ပြေလည်ဖို့ အတွက်က လူထုကိုခေါင်းဆောင်နေတဲ့သူတွေ တာဝန်ရှိတယ်။ အဲဒီအတိုင်းပဲ ရှေ့ဆက်သွားဖို့အတွက်ကို ဒီမိုကရက်တစ်တွေ အကွဲအပြဲကို ပြန်စု တပ်နဲ့ ပြေလည်အောင်သွားရင် ကျွန်တော်တို့ နိုင်ငံပြေလည်မယ့်လမ်းကြောင်းကို ရောက်မယ်လို့ ဒီလိုပဲပြောလို့တယ်။
ဒေါ်မြနန္ဒာသင်း
New Myanmar Foundation)
ဒီ အစိုးရတစ်ရပ်ဖြစ်တဲ့အခါမှာကျတော့ ဒါကိုယ့်နိုင်ငံထဲကကိစ္စဆိုတဲ့အခါမှာ အစိုးရတစ်ရပ်အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုအနေနဲ့ သွားပြီးဖြေရှင်းရတဲ့ဟာတွေရှိမှာပေါ့။ ဆိုတော့ တစ်ဖက်မှာလည်းပဲ အစိုးရတစ်ရပ်အနေနဲ့ကတော့ ခုနက ဆရာတွေ ဆွေးနွေးသလိုပဲ ဒီတပ်နဲ့ကတော့ စေ့စပ်ညှိနိူင်းရေးလမ်းကြောင်းကို သွားဖို့အတွက်ဆိုပြီးတော့ ဒီသွားနေတဲ့ပုံစံမျိုးတော့ရှိမှာပေါ့နော်။
တစ်ပြိုင်နက်တည်းမှာပဲ ဒီဟာအပေါ်မှာအဆင်မပြေတဲ့ ဒီ ခံစားချက်ခြင်းမတူတဲ့ အုပ်စု တွေလည်းရှိတာပေါ့နော်။ ဥပမာတိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေပဲ ဖြစ်ဖြစ် ဒါမှမဟုတ်တိုင်းရင်းသားဒေသတွေမှာရှိတဲ့ ဒီပြည်သူ့လူထုတွေ အရပ်ဖက်အဖွဲ့အစည်း သူတို့ရဲ့ အမြင်နဲ့တော့ မတူနိုင်ဘူးပေါ့နော်။
ဘာလို့လဲဆိုတော့ သူတို့ကကျတော့ ဒီတရားမျှတမှုနဲ့ ဒီဟိုဟာပေါ့ တန်းတူအခွင့် အရေးကိုသူတို့ဖြစ်ချင်တယ်။ နောက်ပြီးတော့ သူတို့ရဲ့ ဒေသခံ ပြည်သူလူထုတွေ ဒါ အသက်တွေဆုံးရူံးနေရတာတွေရှိတယ် နောက် တိုက်ပွဲတွေကြားထဲမှာ ဒါခံနေရတဲ့ဟာရှိတယ်ပေါ့နော်။
အဲဒီလိုမျိုးဟာမျိုးဆိုတဲ့အခါကျေတာ့ ကျွန်မတို့က ဒီနောက်ပိုင်းပေါ့ အခု အစိုးရအသစ် တပ်လာပြီးတဲ့အချိန်မှာဆိုရင်တော့ ပိုပြီးတော့မှ တိုင်းရင်းသားအရေးကိုလည်း ဒါဦးစားပေးသင့်တယ်။ ဒီထက်ပိုပြီးတော့မှ တပ်နဲ့ ပတ်သတ်လာတယ်ဆိုလိုရှိရင်တော့ ပိုပြီးတော့မှ ဘယ်လိုပြောမလည်း သိပ်အရမ်းပျော့တာမဟုတ်ပဲနဲ့လေ။
ဒီတိုင်းရင်းသားတွေရဲ့ အသံကိုလည်းနားထောင်မယ်။ ကြားထဲကနေ ပိုပြီးတော့မှ တိုးမြှင့်ပြီးဆောင်ရွက်သင့်တဲ့ဟာတွေရှိတယ်ပေါ့နော်။ သိပ်ပျော့လွန်းအားကြီးလို့ရှိရင်လည်း။ တစ်ခါတစ်လေကျလို့ရှိရင် နှစ်တွေကြာသွားနိုင်တယ်။ အဲဒီလိုမျိုးတော့ ထင်တယ်။
https://www.facebook.com/khitthitnews/posts/1071117529992259?__cft__[0]=AZX8W8VfcfVrfUkL3yAgFCDsKCM1QaQ9c-L8dF0L-11FvLiURti6Asxcuf20IAh7wkAenfAE0ZAgoeXhPFOqV7Lli9vpLCkHAu6YjdmlC2T4mnezvRl3gZwnDoZlgQOA77BgXRToAd5jHqO5JLbwA3ql&__tn__=%2CO%2CP-R
No comments:
Post a Comment