၂၀၂၀ ခုနှစ် ဇန်နဝါလမှ ဇွန်လအတွင်း မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ၏ တိုက်ရိုက်အကျိုးဆက်ကြောင့် ကလေးငယ် ၄၃ဦးသေဆုံးပြီး၊ ၁၀၃ဦး ကိုယ်လက်အင်္ဂါ ချို့ယွင်းခဲ့ကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က သတင်းထုတ်ပြန်သည်။
ထိုအရေအတွက်သည် ၂၀၁၉ သို့မဟုတ် ၂၀၁၈ ခုနှစ်၏ စုစုပေါင်း ထိခိုက်သေဆုံးမှုထက် များစွာပိုကြောင်း UNICEF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
၂၀၂၀ ခုနှစ်အတွင်း၌ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခ အနည်းအကျဉ်းသာဖြစ်ပွားခဲ့ကာ ရခိုင်ပြည်နယ်တွင် အများဆုံးဖြစ်ပွားခဲ့ပြီး နေရပ်စွန့်ခွာ စစ်ဘေးရှောင်ဦးရေမှာလည်း သိန်းနှင့်ချီရှိနေသည်။
http://www.theladiesnewsjournal.com/news/tue-2020-11-24-1400/14089
No comments:
Post a Comment