Sunday, November 8, 2020

ရွေးကောက်ပွဲရလဒ် အဖြေထွက်ခါနီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံးဆွေးနွေးဖို့ လိုအပ်ကြောင်း တပ်မတော်ထုတ်ပြန်

 ရွေးကောက်ပွဲရလဒ် အဖြေထွက်ခါနီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံးဆွေးနွေးဖို့ လိုအပ်ကြောင်း တပ်မတော်ထုတ်ပြန်

ရွှေဖီမြေ၊ နိုဝင်ဘာ ၉ ရက်၊ လားရှိုး

တစ်နိုင်ငံလုံးမှာ ရွေးကောက်ပွဲအပြီး ဒီနေ့ နိုဝင်ဘာ ၉ ရက်နေ့မှာတော့ ရွေးကောက်ပွဲရလဒ် အဖြေအားလုံးနီးပါး ထွက်ခါနီးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက တိုင်းရင်းသားလက်နက်ကိုင်တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး ဆက်လက်ဆွေးနွေးဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ချက် ထုတ်လိုက်ပါတယ်။

ထုတ်ပြန်ချက်မှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ် ရေးထိုးပြီး လက်နက်ကိုင်အဖွဲ့တွေနဲ့ လက်မှတ်ရေးထိုးရန် ဆက်လက် ဆွေးနွေးဆဲဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိထားပါတယ်။

လက်နက်ကိုင်အဖွဲ့တွေနဲ့ ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ လိုအပ်လို့ တပ်မတော်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိလာပါက ဆက်လက် ဆွေးနွေးနိုင်ဖို့အတွက် တပ်မတော်ရဲ့ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီကို ဖွဲ့စည်းလိုက်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကော်မတီအဖွဲ့ထဲမှာ ဥက္ကဌအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ အဖွဲ့ဝင်တွေကတော့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နဲ့ အတွင်းရေးမှူးကတော့ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတို့ ဖြစ်ကြပါတယ်။

#ငြိမ်းချမ်းရေး #ရွေးကောက်ပွဲ #တပ်မတော်

#ဓာတ်ပုံ- မိုင်းအတ္တ၊ ရွှေဖီမြေ

https://www.facebook.com/451214215694715/posts/832960287520104/


https://www.facebook.com/shwepheemyaynews/posts/832960287520104

No comments:

Post a Comment