Sunday, November 8, 2020

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံးဆက်လက် ဆွေးနွေးနိုင်ရန်အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ တပ်မတော်ဖွဲ့စည်း

 တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံးဆက်လက် ဆွေးနွေးနိုင်ရန်အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ တပ်မတော်ဖွဲ့စည်း  

နိရဉ္စရာ၊ နိုဝင်ဘာ ၉/၂၀၂၀ 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်တွင် လက်မှတ်ရေးထိုးပြီးသော လက်နက်ကိုင် အဖွဲ့များနှင့် လက်မှတ်ရေးထိုးရန်၊ ဆက်လက်ဆွေးနွေးနေဆဲ ဖြစ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အမြန်ဆုံး ဆက်လက် ဆွေးနွေးရန် လိုအပ်လျက်ရှိကြောင်း တပ်မတော် သတင်းထုတ်ပြန်လိုက်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ထာဝရငြိမ်းချမ်းရေး ပြီးဆုံးအောင်မြင်သည်အထိ လိုအပ်၍ တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးရန် ရှိလာပါက ဆက်လက်ဆွေးနွေးနိုင်ရန်အတွက် တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီအား အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်ကြောင်းဖော်ပြထားသည်။ 

၎င်းတို့မှာ

(က) ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်- ဥက္ကဋ္ဌ 

(ခ) ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် - အဖွဲ့ဝင်

(ဂ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း - အဖွဲ့ဝင်

(ဃ) ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင် - အဖွဲ့ဝင် 

(ခ) ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး - အတွင်းရေးမှူးတို့ဖြစ်ကြသည်။ 

၎င်းတပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လမ်းကြောင်းအတိုင်း NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ငြိမ်းချမ်းရေး ပိုမို ခိုင်မာအောင် ဆက်လက်ဆွေးနွေးခြင်းနှင့် NCA လက်မှတ် မရေးထိုးရသေးသော  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား NCA လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက်ဆွေးနွေးခြင်းနှင့် ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ လိုအပ်သည်များအား ဆွေးနွေးသွားရန် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွငပါရှိသည်။ 

(ထုတ်ပြန်ချက် အပြည့်အစုံ အောက်တွင် ဖော်ပြထားပါသည်။)

---------------------- 

Unicode: 


နိရဉ်စရာ၊ နိုဝငျဘာ ၉/၂၀၂၀ 



၎င်းငျးတို့မှာ

(က) ဒုတိယ ဗိုလျခြုပျကွီး ရာပွည့ျ - ဥက်ကဋ်ဌ 








https://www.facebook.com/narinjara.info/posts/3773851745960208

No comments:

Post a Comment