"အပြုသဘောမဆောင်တဲ့ ဒီလို တင်းမာတဲ့ တုန့်ပြန်ဝေဖန်ချက်တွေ ဆောင် ရွက် နေတာသည် ပြောမယ်ဆိုရင် အများပြောနေကြတဲ့ ယှဉ်ပြိုင်အစိုးရဆိုတဲ့သဘောမျိုးခံယူနေသလားလို့ ကျွန်တော်တို့ကမြင်တယ်"
By ရန်ကုန်ခေတ်သစ်
နိုဝင်ဘာလ ၈ ရက်နေ့မတိုင်မီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပ်မတော်ဘက်က လက်ရှိ အာဏာရအစိုးရအပေါ် ငြိမ်းချမ်းရေး အောင်မြင်စွာ မဆောင် ရွက်နိုင်ခြင်း၊ ရွေးကောက်ပွဲ တရားမျှတလွတ်လပ်စွာ ဆောင်ရွက်မှု မရှိနိုင်ခြင်း စသည့် ပြစ်တင် ဝေဖန်မှုများ လုပ် ဆောင်ခဲ့သည်။ ယင်းသို့ လုပ်ဆောင်မှုများကို အစိုးရဘက်ကလည်း ပြန်လည် တုံ့ပြန်ခဲ့ပြီး နှစ်ဖက်အကြား အခြေအနေတင်းမာလျက်ရှိသည်။
ဒီမိုကရေစီနိုင်ငံများတွင် စစ်တပ်အကြီးအကဲအနေဖြင့် အစိုးရကို ဝေဖန်ခွင့် ဥပဒေက ခွင့်ပြုထားခြင်းရှိ၊ မရှိ အပါအဝင် မြန်မာ့ဥပဒေများနှင့် နှိုင်းချိန်၍ ဥပဒေပညာရှင်များကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။
ဦးခင်မောင်မြင့် ၊ဥပဒေအကြံပေး
==================
နံပါတ်(၁)အချက်က ဒီ တပ်မတော်ဟာ ခုန အချုပ်အခြာအာဏာ သုံးရပ် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အချုပ်အခြာအာဏာသုံးချက်ကို စီမံခန့်ခွဲ ကျင့်သုံးပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းတစ်ရပ်မဟုတ်ဘူး။ သူက ဒီနိုင်ငံတော်အစိုးရပေါ့။ အုပ်ချုပ်ရေး အာဏာကို ကျင့်သုံးရင် နိုင်ငံတော် အစိုးရရဲ့ လက်အောက်ခံ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။
ဒါကြောင့် တပ်မတော်က တိုက်ရိုက် UEC ကိုဖြစ်စေ UEC ရဲ့ ဆောင်ရွက်ချက် ဆုံးဖြတ်ချက်တွေကို ဖြစ်စေ နောက် သူရဲ့ အထက်က ဒီပြည်ထောင်စုအစိုးရကိုဖြစ်စေ တိုက်ရိုက် ဒီလိုမျိုး ဝေဖန်ဆောင်ရွက်ခွင့် မရှိပါဘူး။ ဒါ ဥပဒေနဲ့လည်း ညီညွတ်မှုမရှိဘူးပေါ့နော်။
သို့သော် ဘာကြောင့် ဒီလိုပြောသလဲဆိုတော့ ကျွန်တော်တို့ ပြန်ပြီးကြည့်တဲ့အခါမှာ ၂၀၀၈ဖွဲ့စည်းပုံထဲမှာ ပါတဲ့ တချို့ပြဌာန်းချက်တွေပေါ်မှာ အကောက်အယူလွဲတယ်။ အကောက်အယူတိမ်းစောင်းတယ်လို့ ကျွန်တော်မြင်ပါတယ်။ ပုဒ်မ ၂၀ (စ)မှာဆိုရင် ဒီတပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်လို့ ပြဌာန်းထားတယ်နော်။
ပြဌာန်းထားတော့ ဒီအကောက်အယူက ဘယ်လိုယူလည်းဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်ကြီးကိုပဲ ဒီစာအုပ်ကြီးကိုပဲ ကာကွယ်စောင့်ရှောက်ရမယ့် သဘောမျိုးယူရင်တော့ ဒီပုံစံမျိုးဖြစ်မှာပေါ့။ တကယ်တမ်းက ဒီဖွဲ့စည်းပုံအခြေခံဥပဒေက ပြဌာန်းချက်တွေအရ ပေါ်ပေါက်လာတဲ့ ဒီအုပ်ချုပ်ရေး ဥပဒေပြုရေးအရ လွှတ်တော်သုံးရပ် အုပ်ချုပ်ရေးအရ ပြည်ထောင်စုအစိုးရနဲ့ နောက်တစ်ခါ တိုင်းဒေသကြီး ပြည်နယ်အစိုးရ နောက်တစ်ခါ တရားစီရင်ရေးအာဏာကို ကျင့်သုံးတဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အပါအဝင် တရားရုံးအသီးသီးပေါ့။
ဒီအုပ်ချုပ်ရေးအာဏာသုံးရပ်ကို ဒီဥပဒေအရ ကျင့်သုံးတဲ့ အဖွဲ့အစည်းတွေကို တပ်မတော်က ကာကွယ်ပေးရမယ်။ ဒီနိုင်ငံတော်နိုင်ငံသားနှင့် နိုင်ငံတော်ရဲ့ အချုပ်အာဏာကို စောင့်ထိန်းခြင်းသည်။ အဲဒီ အချုပ်အာဏာကျင့်သုံးတဲ့ အဖွဲ့ အစည်းသုံးရပ်ကို ကာကွယ်စောင့်ရှောက်ပေးရမယ်။ အဲဒီလိုကာကွယ်စောင့်ရှောက်မှု မပြုပဲနဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုဖြစ်တဲ့ ဒါတွေ ဆိုကြပါဆို အကြောင်းအချဉ်းကာအရ လွဲနေတယ် မှားနေတယ်။
ဆိုခဲ့ရင်တာတောင်မှ ယခုကဲ့သို့ ပြောဆိုနေတဲ့ ပုံစံမျိုးနဲ့ အတိုက်အခံ ပုံစံမျိုးနဲ့ ပြောရမှာမဟုတ်ဘူး။ အောက်ကနေပြီးတော့ အထက်ကို တင်ပြတဲ့ ပုံစံမျိုး ဒါ တပ်မတော်က ကာကွယ်ရေးဦးစီးချုပ်ကဖြစ်စေ ကာကွယ်ရေးဝန်ကြီးကဖြစ်စေ ဒါနိုင်ငံတော်သမ္မတကို ဖြစ်ပေါ်နေတဲ့အနေအခြေအနေနဲ့ ပတ်သတ်ပြီးတော့ ဒါ UEC ကို ထိန်းကြောင်းပေးဖို့ သို့မဟုတ် တကယ်တန်းတော့ ဥပဒေအရ ထိန်းကြောင်းလို့မရဘူး။ လွတ်လပ်သော အဖွဲ့အစည်းဖြစ်တယ်။
သူကို ဘယ်လို ဒီမှားယွင်းမှုတွေအတွက် တစ်စုံတစ်ရာ ခုန ညှိနိူင်းပေးဖို့ ညှိနိူင်းဆောင်ရွက်ပေးဖို့ ဒါတင်ပြလို့ရှိရင် နိုင်ငံတော်သမ္မတကလည်း UEC ကို ဒါသူ ညှိနိူင်းဆောင်ရွက်ပြီးတော့ လုပ်လို့ရတာပေါ့။ တကယ်တန်းက နိုင်ငံတော်သမ္မတကလည်း UECကို တိုက်ရိုက်ကြီး ခုနကလို အရေးယူလို့မရဘူး အရေးယူလို့ရတာသည် ပြည်သူ့လွှတ်တော်မှာပဲ ဒီလွှတ်တော်ခေါ်ပြီးတော့မှ ပြည်ထောင်စုလွှတ်တော်မှာပဲ ဒီစွပ်စွဲပြစ်တင်ပြီးတော့မှ ဥပဒေတွေအတိုင်းပဲ သူ့က ပြောမယ်ဟေ့ဆို ဖယ်ရှားလို့ရမယ်။
အဲဒီ နည်းလမ်းတွေကို မကျင့်တော့ဘဲနဲ့ တိုက်ရိုက်ကြီး ခုနကလို သက်ဆိုင်ရာ UECကိုလည်း ဝေဖန်တယ်။ နောက်မိမိအထက်မှာရှိနေတဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ကျင့်သုံးနေတဲ့ ဒီပြည်ထောင်စုအစိုးရကို တိုက်ရိုက်ကြီး ဝေဖန်ပြစ်တင်ဆိုတာကတော့ တကယ်တန်းပြောရင် ဟို ဥပဒေအရကတော့ ညီညွတ်မှုမရှိဘူးလို့ ကျွန်တော်ဒီလိုုမြင်ပါတယ်။ ဒီလိုပဲ သုံးသပ်လို့ရပါတယ်။
တပ်မတော်ကနေ ဆက်တိုက်ပေါ့နော် ဖြစ်စဉ်တွေဖြစ်ပေါ်လာတယ်။ ဖြစ်စဉ်တွေ ဖြစ်ပေါ်လာတယ်ဆိုတာက ကျွန်တော်တို့က အခု ဒီကာလလေးကိုပဲကြည့်တာ တကယ်တန်းဖြစ်ပေါ်တာကတော့ USDP ပါဝင်တဲ့ ၃၄ပါတီက ကာကွယ်ရေးဦးစီးချုပ်နဲ့ သွားရောက်တွေ့ဆုံကတည်းကိုက ပြောမယ်ဆိုရင် ဒီခုနက အခုလိုမျိုးဖြစ်ပေါ်လာမယ့်ဖြစ်စဉ်တွေ စပြီးပေါ်ပေါက်တာပေါ့နော် အဲဒီမှာ ပါတီတွေကလည်းပဲ ခုနကပြောသလို မိမိရဲ့ ဖြစ်ပေါ်မလာသေးတဲ့ အခြေအနေအပေါ်မှာ UEC နဲ့ တင်ပြပြီး ညှိနိူင်းတာမလုပ်ဘဲ ဒီ UEC အဖွဲ့ဝင် ဦးလှသိန်း ဒီဥက္ကဋ္ဌအပါအဝင် UEC အဖွဲ့ဝင်တွေက ဆောင်ရွက်မှုတွေ အားနည်းတယ်။ ဒါကြောင့်မို့လို့ သူတို့ကို ဖယ်ရှားပေးဖို့ သူတို့ရဲ့ ယုံကြည်မရှိဘူး။
သူတို့ အရေးပေးဖို့ ပြီးရင် တရားမျှတဲ့ ရွေးကောက်ပွဲ မဖြစ်ခဲ့ဘူးဆိုရင် ဘယ်လိုတာဝန်ယူပေးမှာလည်းဆိုတဲ့ တကယ်ပြောရင် ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ ပြဿနာတွေကို ပါတီတွေကိုယ်တိုင်က ဥပဒေကို နားမလည်ပဲနဲ့ သွားပြီတင်ပြလိုက်တော့ အဲဒီကနေ ဇာတ်လမ်းက စခဲ့တာပေါ့နော်။
မြင့်တက်လာတဲ့အခြေအနေမှာပဲ ခုနက အရင် ၃၄ပါတီနဲ့ တွေ့ဆုံစဉ်က ဒါညှိနိူင်းဆွေးနွေးကြတာတွေရဲ့ အကျိုးဆက်က ဒီမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ထုတ်ပြန်ပြောကြားချက်တွေ နောက်တစ်ခါ ခုနက တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကနေ ထုတ်ပြန်ချက်တွေ နောက်တစ်ခါ ပေါ်ပြူလာသတင်းဌာန အင်တာဗျုးမှာ ကာကွယ်ရေးဦးစီးချုပ်က အင်တာဗျုးမှာပြောဆိုတာတွေ ဒါတွေ ဆက်တိုက်ဖြစ်လာခဲ့တာပေါ့။
ဖြစ်လာခဲ့တော့ အဲဒီမှာ ခုနက အကောက်အယူလွဲတဲ့ စိုးရိမ်သောကဖြစ်စရာ စကားလုံးတစ်ခုကိုလည်း ကာကွယ်ရေးဦးစီးချုပ်က သုံးမိသွားတယ်။ အသုံးပြုသွားတယ် အဲဒါဘာလဲဆိုရင် ဒီပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင်းပတဲ့ ဒီရွေးကောက်ပွဲရဲ့ ရလဒ်ကို လက်ခံဖို့ စဉ်းစားဦးမယ်။
တကယ်တမ်း ပြောရင်တော့ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ဒီဟာသည် တကယ်ကို ၂၀၀၈ခုနှစ်ဒီ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပြဌာန်းချက်ကို လုံးဝကို ဆန့်ကျင်ပြီးပြောလိုက်တာ ဘာကြောင့်တုန်းဆိုတော့ ဒီ ၂၀၀၈ခြေဥထဲမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ ပတ်သက်တဲ့ ပြဌာန်းချက် ပုဒ်မမှာ ဒီ ပါတီတွေကို ကြီးကြပ်ထိန်းကျောင်းတာနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ရွေးကောက်ပွဲနဲ့ ပတ်သတ်လို့ စီစဉ်ဆောင်ရွက်တာပဲဖြစ်ဖြစ် ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာနဲ့ ပြဿနာတွေကို ဖြေရှင်းဆောင်ရွက်တာပဲဖြစ်ဖြစ် ဒီပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်သည် အပြီးအပြတ်ဖြစ်သည်လို့ ဒါ ယတိပြတ်ပြဌာန်းပေးပြီးသား။
ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုစောင့်ရှောက်ဖို့ တာဝန်ရှိသည့်အတွက် ဒါ သူအနေနဲ့ ဒီလိုလွဲမှားရင် ဘယ်အဖွဲ့အစည်းကိုမဆို ပြောဆိုနိုင်ဆိုတဲ့ အယူအဆတွေကလည်း ဒါလည်းတကယ်တန်းပြောရင်တော့ ဥပဒေအပေါ်မှာအကောက်အယူလွဲတာပဲ ကျွန်တော်က ဒီ ၂၀၀၈ခြေဥရဲ့ ပုဒ်မ ၄၇မှာ နိုင်ငံတော်ဆိုတာကို အတိအကျ အဓိပ္ပယ်ဖွင့်ဆိုပေးထားတယ်။
နိုင်ငံတော်ဆိုတာသည် ဒီ ဥပဒေပြုရေးအာဏာကို သုံးနဲ့ အမျိုးသားလွှတ်တော် ပြည်ထောင်စုလွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ပြည်သူ့လွှတ်တော်နှင့် အမျိုသားလွှတ်တော် အဲဒီမှာပါတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အစုအဝေး အစုအဖွဲ့ နောက်တစ်ခါ အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးတဲ့ ဒီ ကျွန်တော်တို့ ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီး ပြည်နယ်အစိုးရ အဖွဲ့တွေကို ဒါ နိုင်ငံတော်အဖြစ်သတ်မှတ်ပြီးပြောတော့ အဲဒီတော့ အခုကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်အနေနဲ့ နိုင်ငံတော်ကို ကာကွယ်တယ်လို့ဆိုရင် အဲဒီ နိုင်ငံတော်ဆိုတာသည် ၂၀၀၈ဖွဲ့စည်းပုံရဲ့ အခြေခံ ဥပဒေအရ ပြဌာန်းချက်အရ ဒီလွှတ်တော်နဲ့ ဒီပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသ ပြည်နယ်အစိုးရ အဆင့်ဆင့်ကို ကာကွယ်ရမှာလေ။
အဲဒီတော့ ကာကွယ်ရန် တာဝန်ရှိသူက နေပြီးတော့မှ အပြုသဘောမဆောင်တဲ့ ဒီလို တင်းမာတဲ့ တုန့်ပြန်ဝေဖန်ချက်တွေ ဆောင်ရွက်နေတာသည် ပြောမယ်ဆိုရင် အများပြောနေကြတဲ့ ယှဉ်ပြိုင်အစိုးရဆိုတဲ့သဘောမျိုးခံယူနေသလားလို့ ကျွန်တော်တို့ကမြင်တယ်။ အဲဒီလိုမြင်ရင်တော့ အဲဒီလိုခံယူလိုက်တဲ့ဟေ့ဆိုရင် တော့ ဒါသည် မှားယွင်းပြီးတော့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ လုံးလုံးဖြောင့်ဖြောင့် ဆန့်ကျင်သွားတယ်။
၂၀၀၈အခြေခံဥပဒေမှာ တပ်မတော်ကို အဲဒီလိုမျိုး အခွင့်အာဏာပေးထားတာမရှိပါဘူး။ အဲဒီ ခုနက ဒီ ကျွန်တော်တို့ နိုင်ငံတော်အခြေခံမူများ အခန်းပေါ့ သူအခန်း(၁)ပေါ့ အဲဒီမှာ ပုဒ်မ ၂၀မှာကိုပဲ တိတိကျကျ သူကပေးထားတာတွေရှိတယ်။ ပေးထားတာတွေရှိတယ် အဲဒါ ဘာလည်းတွေရှိလည်း ကျွန်တော်တို့ တပ်မတော်အနေနဲ့ ခုနက တပ်ပိုင်းဆိုင်ရာကိစ္စတွေကို လွတ်လပ်စွာ စီမံခန့်ခွဲ စီမံဆောင်ရွက်ပိုင်ခွင့်ရှိသည်လို့ ဒီလိုပါတယ်။
အဲဒီတော့ တပ်ပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်လို့ကတော့ စီမံဆောင်ရွက်ခွင့်ရှိတာပေါ့ သို့သော် လည်းပဲ နိုင်ငံတော်အုပ်ချုပ်ရေးနဲ့ ပတ်သတ်ရင်တော့ ဒါ ပြည်ထောင်စုအစိုးရမှာပဲ တာဝန်ရှိတာပေါ့နော်။ အဲဒီလိုမျိုး ကျွန်တော်တို့ သေသေချာချာခွဲခြားပြီးတော့ ဒါ ကျွန်တော်တို့ သိရမှာပေါ့။
ပုဒ်မ ၄၀ (ဂ) မှာ ဒီနိုင်ငံတော်အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှုတွေ အကြမ်းဖက်မှုစတဲ့ အဓမ္မနည်းနဲ့ရယူရန်ဆောင်ရွက်ခြင်းတွေဒါမှမဟုတ် အဲဒီလိုကြိုးပမ်းအားထုတ်မှုကြောင့် ပြည်ထောင်စု ပြိုကွဲစေမယ့် တိုင်းရင်းသားစည်းလုံးညွတ်ပြိုကွဲစေမယ့်အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံးစေမယ့် အခြေအနေတွေ ပေါ်ပေါက်လာတယ်ဆိုရင်တော့ တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော်အာဏာကို ဤဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ သတ်မှတ်ပြဌာန်းချက်တွေများနှင့်အညီ ရယူသုံးစွဲခွင့်ရှိသည်လို့ ပြဌာန်းထားချက်အရ နိုင်ငံတော်မှာ အဲဒီအခြေအနေမပေါ်ပေါက်သေး၍ ဒါ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှာ ဒီလိုမျိုး ဆောင်ရွက်ပိုင်ခွင့်မရှိပါဘူး။
လက်ရှိအနေအထားမှာလည်းပဲ ဒီလိုအခြေအနေတွေပေါ်ပေါက်နေတာ မရှိပါဘူး။ သာမန်အားဖြင့် ခုနက ဖြစ်ရိုးဖြစ်စဉ်ပေါ့ နိုင်ငံတကာမှာလည်းဖြစ်ကြတာပဲ မြန်မာနိုင်ငံရဲ့ ရှေးအဆက်ဆက် ဒီရွေးကောက်ပွဲတွေပေါ့ ဟိုဘက်က ကျွန်တော်တို့ ဖဆပလခေတ်က ရွေးကောက်ပွဲတွေမှာလည်း ဒီ အခြေအနေတွေပေါ်ပေါက်ခဲ့တာပဲ။
ဒါတွေက ခုနကပြောသလို ဒီ ရွေးကောက်ပွဲတိုင်းမှာကြုံတွေရတက်တဲ့ ပုံမှန်အခြေအနေတွေပါပဲ အဲဒီထက်ပိုပြီး ထူးခြားဆန်းပြားပြီးတော့ ကြီးကြီးကျယ်ကျယ် နိုင်ငံတော်အချုပ်အခြာအာဏာ ထိပါးလောက်တဲ့ အနေအထားမရောက်သေးသည့်အတွက် ဒါသည် ခုနက တစ်ဖက်ကလည်းပဲ ဒီကာကွယ်ရေး ဦးစီးချုပ်ကို သွားရောက်တင်ပြတဲ့ ပါတီတွေအနေနဲ့လည်းပဲ အကဲခတ်တယ်ပေါ့နော်။ အကဲခတ်တယ်။
ရှုံးနိုင်ခြေအပေါ်မှာ ဆင်ခြေတွေရှာတာပေါ့။ ငါတို့နိုင်အောင်ဘယ်လိုလုပ်မလဲဆိုတာထက် ငါတို့ ရှုံးသွားရင် အဲဒီအရှုံးကို ဘယ်လို ပြန်အဖတ်ဆယ်မလဲ။ ဆိုကြပါစို့ ညွှန့်ပေါင်းအခြေအနေရောက်အောင် ဖန်တီးကြတဲ့အနေအထားမျိုး ကျွန်တော်တို့ တွေ့ရတယ်ပေါ့။
အဲဒီတော့ ကျွန်တော်တို့က မြင်တာကတော့ တကယ်ပြောရင် ဒါ ဒီ ခုနက UEC နဲ့သက်ဆိုင်ရာ ရွေးကောက်ခံပါတီတွေရဲ့ အရေးကိစ္စသာ ဖြစ်တဲ့အတွက် တကယ်ပြောရင် တပ်မတော်ကလည်းပဲ လိုအပ်တဲ့ လှုမှုရေးဆိုင်ရာပံ့ပိုးမှုတွေ ထောက်ပံ့မှုတွေ နိုင်ငံတော်အစိုးရကလည်းခုနက လိုအပ်တဲ့ပံံ့ပိုးမှုတွေ ကူညီဆောင်ရွက်မှုတွေက လွဲလို့ ဒီအစိုးရအဖွဲ့ကလည်း ဝင်ရောက်ပြီးတော့ စွက်ဖက်လို့မရဘူး။ သြဇာလွှမ်းမိုးလို့မရဘူး။
အဲဒါဆိုရင်လည်းပဲ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်သလို ဒီတပ်မတော်အနေနဲ့လည်းပဲ တစ်စုံတစ်ရာဝင်ရောက်ပြီးတော့ သြဇာလွှမ်းမိုးပြီးတော့ ဆောင်ရွက်ခွင့်မရှိဘူး။ အဲဒီတော့ အခု အစိုးရနဲ့ တပ်မတော်နှစ်ရပ် အငြင်းပွားနေကြတဲ့ အပြန်အလှန်ထုတ်ပြန်နေတာရယ်သည်။ တကယ်တန်းပြောရင်ခုန လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးကို အဟန့်အတားဖြစ်စေတယ် အနှောက်အယှက်ဖြစ်စေတယ်။
တကယ်ပြောရင် အဲဒီ အဖွဲ့အစည်း နှစ်ခုလုံးရဲ့ အလုပ်သည်ထဲမှာ ဘာမှမပါဘူး။ သူတို့က လုံခြုံအေးချမ်းရေးနဲ့ လိုအပ်တဲ့အထောက်အပံ့တွေရယ်ဆောင်ရွက်ပေးရမှာဖြစ်ပေမယ့် အဲဒီအဖွဲ့အစည်းနှစ်ခုက ဒီဝိဝါဒတွေကွဲပြီး အငြင်းအခုန်တွေ အပြန်အလှန်ဝေဖန်မှုတွေဖြစ်တော့ မဲဆန္ဒပေးရမယ့် မဲဆန္ဒရှင်နိုင်ငံသားတွေရယ်။ ခုနက ရွေးချယ်ခံရမယ့်ကိုယ်စားလှယ်တွေရယ် ယှဉ်ပြိုင်ကြမယ့် ပါတီတွေရယ်မှာ စိုးရိမ်သောကဖြစ်ရတယ်။ ဒါဟာတကယ်တမ်း ပြောရရင်တော့ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူးပေါ့။
Function နဲ့ Rule နဲ့ကို မကွဲတာပေါ့။ Function ဆိုတာကတော့ သူဟာသူရဲ့ လုပ်ရတဲ့ လုပ်ငန်းတာဝန် ပမာဏကိုပြောတာ Rule ဆိုတာကတော့ သူကို သတ်မှတ်ပေးထားတဲ့ ရာထူးအဆင့်ပေါ့။ အဲဒီတော့ တကယ်တန်း ကျွန်တော်တို့က ၂၀၀၈ခြေဥထဲမှာ ပေးထားတာသည် ကာလုံမှာလည်းပဲသူက နံပါတ်(၆)အဆင့်ပဲရှိပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ကထို့အတူပဲ ခုနက နိုင်ငံတော်ရဲ့ အင်္ဂါစဉ်အဆင့်ကြတော့လည်းပဲ ၈ပဲရှိတယ် ၈ပဲရှိတယ်ဆိုတော့။ သူသည် ဘယ်လိုမှ ဒုသမ္မတအောက်မှာမရှိဘူး။
ဟို ဒုသမ္မတနဲ့ တန်းတူလို့ ဘယ်လိုမှပြောလို့ မရဘူး ၂၀၀၈ခြေဥကို ကျွန်တော်တို့ အခြေခံပြီးတော့ ဒါတွေက ရပ်တည်နေတဲ့ အဖွဲ့အစည်းတွေ ၂၀၀၈ခြေဥကိုပဲ ကိုင်တွယ်ပြီးပြောမယ် တပ်မတော်သည် ခုနက ၂၀ (စ)အရ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိက ကန့်ကွက်စောင့်ရှောက်ရန် တာဝန်ရှိသည်ဆိုရင် သူကိုယ်တိုင် ဒီရဲ့ ပြဌာန်းချက်ကို လေးစာလိုက်နာဖို့လိုတာပေါ့။ အဲဒီတော့ ကာလုံဖွဲ့စည်းပုံကိုယ်မှာကိုက အင်္ဂါစဉ်တွေ အဆင့်လိုက်ချလိုက်တဲ့နေရာမှာ အပေါ်ကနေပြီးတော့မှ သမ္မတရှိမယ်။ ပြီးရင် ခုနက ဒီ ကျွန်တော်တို့ ဒုသမ္မတနှစ်ယောက်ရှိမယ်။
ပြီးရင် ပြည်ထောင်စု ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌရှိမယ် ပြီးမှ ကာချုပ်ကာလာတာကို အဲဒီအဆင့်ကိုကြည့်လိုက်တာနဲ့ တစ်ပြိုင်နက်သူသည် ဒုသမ္မတနှစ်ယောက်အောက်မှာ လွှတ်တော်ဥက္ကဋ္ဌနှစ်ယောက်အောက်မှာမှ သူရောက်နေတဲ့အတွက် ဘယ်လိုမှ ဒါ ဥပဒေအရတော့ သူသည် ဒုသမ္မတအဆင့်ရှိတယ်လို့ ဘယ်လိုမှကို မပြောနိုင် ဒါအထောက်အထားအရ သို့သော်တစ်ဖက်ကတော့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ကတော့ သူတို့ပြောဆိုရှင်းလင်းတဲ့အထဲမှာတော့ ခုနက ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတုန်းကအခြေခံမူပေါ့။
အဲဒီဥပဒေမဟုတ်တာကို ကိုင်တွယ်ပြီးပြောကတည်းက ဥပဒေနဲ့ ညီညွတ်တယ်လို့ ကျွန်တော်ပြောလို့မရဘူး။ ဒါတစ်ပိုင်း နောက်တစ်ပိုင်းကကျတော့ တစ်ဖက်ကသူရဲ့Function လုပ်ကိုင်ဆောင်ရွက်ရတဲ့ အဆင့် အရကြတော့ ဒါသူရဲ့ပြောဆိုချက်သည် တစ်နည်းတစ်ဖုံ အားဖြင့် မှန်တယ်လို့ ကျွန်တော်တို့က လက်ခံစရာဖြစ်နေပြန်ရော ဥပဒေအရပြောတာမဟုတ်ဘူးနော်။ ဥပဒေအရတော့ ဒါ ဒုသမ္မတ ညီညွတ်တယ်လို့ ကျွန်တော်တို့ ဘယ်လိုမှ မပြောနိုင်ဘူး။
သို့သော် သူရဲ့ လုပ်ကိုင်ဆောင်ရွက်ရတဲ့ လုပ်ငန်းတာဝန် အရကြတော့ ခုနက ဒီ သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသလိုပဲ သူ့က သမ္မတတွေပြီးရင် ဒုသမ္မတ ဒုသမ္မတပြီးရင် ဝန်ကြီးချုပ် ဝန်ကြီးချုပ်ပြီးရင် ခုနက ကျွန်တော်တို့ ပြည်ထောင်စုဝန်ကြီးအဆင့်တွေ ဝန်ကြီးတွေ လာကြတာပေါ့။
လာတော့ ပြည်ထောင်စုဝန်ကြီးတွေက တကယ်တန်းပြောရင် ခုနက ဖွဲ့စည်းပုံအရ ကာကွယ်ရေးဝန်ကြီးရဲ့အောက်မှာမှ ကာကွယ်ရေးဦးစီးချုပ်ကရှိရမှာကို သို့သော်တကယ်တန်း လက်ရှိဖြစ်စဉ်အရကြတော့ ကာကွယ်ဦးစီးချုပ်က ဒီကာကွယ်ရေးဝန်ကြီးအပါအဝင် ပြည်ထဲရေး ဝန်ကြီးနဲ့ နယ်စပ်ဒေသလုံခြုံရေးဝန်ကြီး သုံးဦး သုံးသားကို သူကနေမှ ရွေးချယ်ပြီးတော့ အမည်စာရင်းပေးရတယ်။
ဟိုဘက်က တိုင်းနဲ့ ပြည်နယ်မှာကြတော့ ဝန်ကြီးချုပ်တွေ သက်သက်သွားတာကို သူ့ဖွဲ့စည်းပုံကြတော့ ဝန်ကြီးဖြစ် အဲဒီဝန်ကြီးကိုယ်တောင်မှ သူ့ကနေမှ ခန့်အပ်ဖို့ အမည်စာရင်းပေးရတယ်ဆိုတဲ့အခါကျေတာ့ သူကသာ ဒုသမ္မတနဲ့ Level သွားဖြစ်တယ်။ တန်းတူညီမျှတဲ့အဆင့်အတန်းဖြစ်တယ်။ယူဆတဲ့အခါကျတော့ ဒါကိုလည်းမမှန်ဘူးလို့ ကျွန်တော်တို့က ပြောလို့မရဘူး။
သို့သော်အဲဒါကျတော့ ဟို ပြဿနာကဘာလဲဆိုရင် ၂၀၀၈ခြေဥပြဌာန်းချက်ထဲမှာကိုက တိကျပြတ်သားတဲ့ ပြဌာန်းချက်မပါခဲ့တဲ့အတွက် ပြောမယ်ဆိုရင် ဥပဒေတွေရဲ့ အားနည်းချို့ယွင်းချက်ပေါ့။ အဲဒီတော့ ကျွန်တော်တို့ ဒီအသုံးအနူန်းကို ဒီရာထူးတာဝန်ကို ဒီပြဌာန်းချက်တွေကို အငြင်းအခုန်ဖြစ်ကြမယ်ဟေ့ဆိုရင် တပ်မတော်ကလည်းပဲ မိမိသဘောနဲ့ မိမိ ဒီလိုထုတ်ပြန်ကြေညာလို့ မရဘူး။ ဒါလည်းလွဲမှားတယ်။
တကယ်တမ်းက ၂၀၀၈ဖွဲစည်းပုံအခြေခံဥပဒေမှာပါတဲ့ အနက်အဓိပ္ပါယ်တွေ စကားရပ်တွေ အကြောင်းအရာတွေ ဥပဒေဖွင့်ဆိုချက်တွေ ဒါတွေနဲ့ ပတ်သတ်လို့ အယူအတွေ ကွဲလွဲကြပြီဆိုရင် ဒါတွေကိုဖြေရှင်းဖို့အတွက် ဖွဲ့စည်းပုံဆိုင်ရာ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို ကျွန်တော်တို့ ဖွဲ့စည်းပေးထားတယ်။
သာမန်အဖွဲ့အစည်းတွေ သာမန်ပါတီလေးတွေ အချင်းများသလိုမျိုး အပြန်အလှန်တွေ ဖြစ်နေကြတာသည် နိုင်ငံတကာအလည်မှာလည်း ရှက်စရာကောင်းသလို ပြည်တွင်းမှာလည်း ဒီအချုပ်အခြာအာဏာနဲ့ ပတ်သက်လို့ စိုးရိမ်သောက ဖြစ်စရာတွေ ဖြစ်ပါတယ်။ အဲဒီတော့တကယ်တန်းအဆုံးအဖြတ်ကတော့ ဥပဒေနဲ့ ညီညွတ်ခြင်းရှိမရှိ ဆိုတာကိုပဲ ကျွန်တော်က မူတည်ပြီးဆုံးဖြတ်ရမှာပေါ့
ဒါတွေနဲ့ ပတ်သတ်လို့ ဘယ်လိုအရေးယူမလဲ။ ဒါတွေဆွေးနွေးမယ် ပြီးမှ ဆွေးနွေးလို့ရမှာပေါ့။ ဟိုလိုဆိုရင်တော့ တိုက်ရိုက်ကြီး အရေးယူဆောင်ရွက်မယ်ဆိုရင်တော့ ဒါက ဒီထက်ပိုပြီးတင်းမာတဲ့ ပဋိပက္ခတွေဖြစ်နိုင်တာပေါ့နော် တကယ်တမ်းပြောရင်တော့ ခုနက ကျွန်တော်ပြောသလိုပဲ ဒီ နိုင်ငံတော်အချုပ်အခြာအာဏာကို ကျင့်သုံးတဲ့ ဒီအမြင့်ဆုံးအာဏာပိုင်ဖြစ်တဲ့ နိုင်ငံတော် သမ္မတပေါ့ ပြီးတော့ ပြည်ထောင်စုအစိုးရပေါ့။
ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ပတ်သက်ပြီးတော့ ဥပဒေနဲ့ အညီတင်ပြဆောင်ရွက်တာ မရှိပဲနဲ့ ဒီပြည်သူ့ကို ခုနကပြောသလို သတင်းကနေတစ်ဆင့် တိုက်ရိုက်ကြီးပြောလိုက်တာကတော့ တကယ်တန်းပြောရင်တော့ ဟို ခုနက အမိန့်အာဏာပေါ့နော်။ သွားနေတဲ့ အမိန့်အာဏာပေါ်မှာတော့ ဆန့်ကျင်ဆောင်ရွက်ရာရောက်တဲ့အတွက် ဒါကတော့ ကောင်းတဲ့အပြုအမှုတော့ မရှိဘူးမဟုတ်ဘူး သို့သော်ခုနက အရေးယူတဲ့အဆင့်မျိုး မစဉ်းစားပဲနဲ့ ကျွန်တော်ဒါကို ဥပဒေကြောင်းအရပဲ ဘယ်လိုညှိနိူင်းဆောင်ရွက် နိုင်မလည်း လမ်းကြောင်းကတော့ ဒါ နိုင်ငံအတွက်ရောအားလုံးအတွက်ရော အဆင်ပြေဆုံးဖြစ်နိုင်ပါတယ်။
ဖြည့်စွက်သုံးသပ်ချင်တာတော့ဗျာ။ ဒီ အခု ဒီ ၂၀၂၀ရွေးကောက်ပွဲက တကယ်ပြောရင်တော့ ရက်ပိုင်းလေးပဲလိုတာပေါ့နော်။ ရက်ပိုင်းလေးပဲလိုတဲ့အခါကျတော့ ဒီပါတီတွေ အဆင်ပြေတဲ့အချိန်မှာအားလုံး မိမိပါတီအနိုင်ရရှိရေးအတွက် စွမ်းအားရှိသမျှ ပြင်ဆင်ဆောင်ရွက်ခဲ့ကြပြီးပြီပေါ့။
ပြင်ဆင်ဆောင်ရွက်ခဲ့ကြပြီးပြီဖြစ်တဲ့အတွက် ဒီခုနက အစိုးရရော တပ်မတော်ကရော ဘယ်သူကမှ ဒီအပေါ်မှာဝင်ရောက်စွက်ဖက်ပြီးတော့ သြဇာလွှမ်းမိုးတာမျိုး ချုပ်ကိုင်တာမျိုးတစ်စုံတစ်ခုကို တွန်းတာရွေ့တာမျိုး မလုပ်တော့ဘဲနဲ့ နိုင်ငံသားတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပေါ့။ နိုင်ငံသားအခွင့်အရေးပေါ့။
တကယ်တမ်းပြောရရင် ဒီအစိုးရတွေရော လွှတ်တော်တွေရော တပ်မတော်ရော အားလုံးသည် နိုင်ငံသားတွေရဲ့ နိုင်ငံသားအခွင့်အရေးကို အကာကွယ်ပေးကြတာကို အဲဒီတော့ ဒီ လွတ်လပ်စွာရွေးချယ်ခွင့်အခွင့်အရေးကို လွတ်လွတ်လပ်လပ် ဒါပေးလိုက်ရင် ပေးလိုက်ဖို့သင့်နေတဲ့အချိန်မှာ ဒါတွေကိုရပ်တန်းက ရပ်ပြီးတော့ လွတ်လွတ်လပ်လပ်လေးဆောင်ရွက်ပေးလိုက်တာ အားလုံးအတွက်စိတ်ချမ်းသာစွာဖြစ်တာပေါ့။
https://www.facebook.com/khitthitnews/posts/1060331287737550?__cft__[0]=AZUi4t1uDj8MnpJrztmX4MOhd0fU0ZImz6_vPOGwMekSsDlQTKlchrT2RO9Db6R_8PHNMizVf9DZ_A320aF74caNURBg6kcztqLICJy-ollVRiqCLPFqjuHAFU5wdl5C-ArT4kfBmkM4h7kvK_ug_1Gi&__tn__=%2CO%2CP-R
No comments:
Post a Comment