"လက်နက်နဲ့ထပြီးတော့ အာဏာသိမ်းမယ့်အစား တိုင်းပြည် ဖရိုဖရဲ ဖြစ်သည်ထက်ဖြစ်၊ ဖြစ်တဲ့အချိန်မှာ မဖြစ်သာလို့ အာဏာသိမ်းလိုက်ရတယ်ဆိုတာမျိုး။ တစ်လျှောက်လုံးပဲ စစ်တပ်ကတော့ တိုင်းပြည် ချောက်ထဲကျဖို့ လက်နှစ်လုံး အလိုဆိုတာမျိုးနဲ့ ထထပြီးလုပ်တာပဲ။ အခုလည်း အဲဒီအခြေအနေ ဖန်တီးနေတာပဲ"
By ရန်ကုန်ခေတ်သစ်
နိုဝင်ဘာလ ၈ ရက်နေ့မတိုင်မီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပ်မတော်ဘက်က လက်ရှိ အာဏာရအစိုးရအပေါ် ငြိမ်းချမ်းရေး အောင်မြင်စွာ မဆောင် ရွက်နိုင်ခြင်း၊ ရွေးကောက်ပွဲ တရားမျှတလွတ်လပ်စွာ ဆောင်ရွက်မှု မရှိနိုင်ခြင်း စသည့် ပြစ်တင် ဝေဖန်မှုများ လုပ်ဆောင်ခဲ့သည်။ ယင်းသို့ လုပ်ဆောင်မှုများကို အစိုးရဘက်ကလည်း ပြန်လည် တုံ့ပြန်ခဲ့ပြီး နှစ်ဖက်အကြား အခြေအနေတင်းမာလျက်ရှိသည်။
ဒီမိုကရေစီနိုင်ငံများတွင် စစ်တပ်အကြီးအကဲအနေဖြင့် အစိုးရကို ဝေဖန်ခွင့် ဥပဒေက ခွင့်ပြုထားခြင်းရှိ၊ မရှိ အပါအဝင် မြန်မာ့ဥပဒေများနှင့် နှိုင်းချိန်၍ ဥပဒေပညာရှင်များကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။
တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်
ဗဟိုအလုပ်အမှုဆောင် ၊မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း
===========================================
အစိုးရအဖွဲ့တစ်ဖွဲ့လုံးကို တပ်မတော်အနေနဲ့ ဝေဖန်ခွင့်ရှိသလားဆိုတော့ မြန်မာပြည်မှာတော့ ဝေဖန်မှာပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ တပ်က သူ့သီးခြားရပ်တည်မှုနဲ့ သီးခြားဖြစ်တည်မှုနဲ့ ဒါခြေခံဥပဒေကိုက ပေးထားတာကို။ အဲလိုဝေဖန်တဲ့ ကိစ္စ နိုင်ငံတကာစံနှုန်းနဲ့တော့သွား မတွက်နဲ့။
၂ဝဝ၈ အခြေခံဥပဒေအရ နိုင်ငံတကာ စံနှုန်းနဲ့ မညီဘဲနဲ့ လုပ်ထားတာပဲ အဲတော့ တပ်က ဝေဖန်လို့ရသလားဆိုတော့ အခုက တစ်နည်းနည်းနဲ့ အမိန့်ပေးသလိုတောင်မှ လုပ်နေတာပဲ။ အဲတော့ ဒါကတော့ ကျွန်တော်တို့ပြောမယ်ဆိုရင်တော့ နိုင်ငံတကာ ဥပဒေတွေ စံနှုန်းနဲ့ ညီသလား။ အဲဒါကတော့ အစကတည်းကလည်း စပြီးတော့ ဖွဲ့စည်းတည်းကလည်း သူ့ရဲ့ ပုံစံအရကိုပဲ သိတဲ့အတိုင်းပေါ့။
အမေရိကန်နိုင်ငံလိုမှာပဲဖြစ်ဖြစ် ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အရင်တုန်းက ဆိုဗီယက်ယူနီယမ်ပေါ့။ အဲဒီဟာက ကာကွယ်ရေးဦးစီးချုပ် တစ်နည်းတစ်ထွေ တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဟာ ကာကွယ်ရေးဝန်ကြီးအောက်မှာရှိတယ်။ ကာကွယ်ရေးဝန်ကြီးဆိုတာ အစိုးရအဖွဲ့တည်းမှာရှိတာ အခုက ကာကွယ်ရေးဦးစီးက သူ့ဟာသူ အခြေခံဥပဒေအရကိုပဲ တပ်မတော်က သူ့ရဲ့အရေးအရာတွေအကုန်လုံးကို သူ့ဟာသူ လွတ်လပ်စွာ လုပ်ဆောင်ပိုင်ခွင့်ရှိတယ်။
ကာကွယ်ရေး ဦးစီးချုပ်က လက်နက်ကိုင်အဖွဲ့အစည်းတွေ အကုန်လုံးရဲ့ စီမံခန့်ခွဲမှုကို သူရထားတယ်။ အဲတော့ မြန်မာပြည်နဲ့ ပြောတာလား။ နိုင်ငံတကာစံနှုန်းနဲ့ပြောတာလား။ နိုင်ငံတကာ စံနှုန်းနဲ့ပြောရင်တော့ ကာကွယ်ရေး ဦးစီးချုပ်ဆိုတဲ့ သူဟာ အဆင့်အားဖြင့်ဆိုရင် အစိုးရအဖွဲ့ရဲ့ အောက်မှာရှိတာ ဒါပေမယ့် ဗမာပြည်ဟာ အခြေခံဥပဒေက စာအုပ်အစိမ်းကြီးက ၂ဝဝ၈ အခြေခံဥပဒေက ပေးထားတဲ့ အခွင့်အာဏာတွေအရဆိုရင်တော့ သူက သူ့ရဲ့သီးခြားလုပ်ပိုင်ခွင့်ရှိတယ်။
သီးခြားလုပ်ပိုင်ခွင့်ရှိတာ တွေ့နေတာပဲ သမ္မတကနေပြီးပြောရင် ဥပမာ တိုက်ပွဲကိစ္စတွေ စစ်ဆင် ရေးကိစ္စတွေ သမ္မတပြော ပြောတဲ့အတိုင်းမလုပ်ဘူးလေ။တချို့သူတွေရဲ့ စိုးရိမ်ချက်တွေပေါ့။ အဲဒါ တော်တော်ထင်ဟပ်တယ်။ နောက်ဆုံးသူတို့ကတော့ အာဏာသိမ်းတဲ့အထိ ခြိမ်းခြောက်ထားတယ်လို့ ပြောတာပေါ့။
အဲတော့ အခုဘယ်လိုအနေအထားရှိတုန်းဆိုတော့အဲဒီဟာပေါ်မှီပြီးတော့ပေါ့။ ကျွန်တော်သူ့ကို ထောက်ခံတယ်တော့မဟုတ်ဘူးပေါ့။ စဉ်းစားတဲ့အခါမှာ ၂ဝဝ၈ အခြေခံဥပဒေ စွဲပြီးတဲ့အခါလည်း ၂ဝဝ၈ အခြေခံဥပဒေရဲ့ အနေအထားအရဆိုရင် တပ်ပေါ့။ စစ်တပ်ရယ် နောက်တစ်ခါ ရွေးကောက်ပွဲနဲ့တက်လာတယ်ဆိုတဲ့ အရပ်သားအစိုးရရယ်ပေါ့။
အကုန်လုံးကသူက လမ်းကြောင်းတစ်ကြောင်းတည်းက လာပြီးတော့ ပြည်သူလူထု မျက်စိရှေ့မှာ သီးခြားခွဲရပ်တဲ့ ပုံစံမျိုးရှိသော်လည်း လမ်းကြောင်းတစ်ကြောင်းနဲ့ ဦးတည်ချက်တစ်ခုတည်း အဲလိုသွားဖို့အတွက် ရည်ရွယ်ထားတာ အဲလိုသွားဖို့အတွက် ရည်ရွယ်ထားတဲ့နေရာမှာ ၂ဝ၁ဝ မှာစတယ်ပေါ့။ ၂ဝဝ၈ ကိုဆွဲပြီးတဲ့အခါကျတော့ ၂ဝ၁ဝ စတယ်။ ၂ဝ၁ဝမှာ မဆိုးဘူးပေါ့။ အဲဒီမှာကိုပဲ ၂ဝ၁ဝ မှာကိုပဲ သူတို့အချင်းချင်း အတွင်းပဋိပက္ခတွေပေါ့။
ကိုယ်ရေးကိုယ်တာ လိုအင်ဆန္ဒတွေနဲ့ ပြဿနာတက်တယ်။ ဒါပေမယ့် ထိန်းနိုင်တယ်။ နောက်တစ်ခါ ၂ဝ၁၂ ကျတော့ အဲဒီမှာ အက်ကြောင်းတစ်ခုပေါ်လာတယ်။ အဲဒါကတော့ ဘာလဲဆိုတော့ ၄၄ယောက် ဒီမိုကရက်တစ် အင်အားစု ၄၄ယောက် လွှတ်တော်တည်းရောက်လာတာပေါ့။ အဲဒီအချိန်ထိလည်းပဲ သူက အစိုးရလုပ်ပိုင်ခွင့်တွေ ထိပါးလို့မရသေးဘူးလေ။
ဒါပေမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ NLD ကအလုံးအရင်းနဲ့နိုင်လိုက်တဲ့အခါကျတော့ တပ်က သူထင်ထားတဲ့အတိုင်းမဖြစ်ဘူး။ သူထင်ထားတဲ့အတိုင်းမဖြစ်ဘူးဆိုတာက သူတို့သိပ်ပြီးတော့ မလိုလားတဲ့ အင်အားစုတွေက ရမယ်ဆိုရင်တောင်မှ တပ်ရဲ့ ၂၅ရာခိုင်နှုန်းနဲ့ ဟိုဟာက ၂၆ရာခိုင်နှုန်းလောက် ရရင်ကိုပဲ ၅၁ သူတို့ကအစိုးရဖွဲ့နိုင်တယ်။ သမ္မတတောင် သူတို့ကြိုက်သလိုတင်နိုင်တယ်လို့ ထင်ထားတဲ့ဟာ မဖြစ်ဘူး လွတ်ထွက်သွားတယ်။
လွတ်ထွက်သွားပေမယ့် ဒီဖက်ကလည်းပဲ အရပ်သားအစိုးရက ၂ဝ၁၅မှာတက်ပြီးတော့ ၂ဝ၁၆ ဧပြီမှာ အစိုးရစဖွဲ့လိုက်တယ်။ သမ္မတနဲ့ အရပ်သားအစိုးရတွေပေါ့။ တပ်ကို သိပ်ပြီးတော့ ပြတ်ပြတ်သားသား မဆန့်ကျင်ပါဘူး။ သူတို့လည်း လိုက်လျောညီထွေစွာ လုပ်နေတာပဲ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်တယ်။
အရင်က ၂ဝ၁ဝ အောက်မှာတုန်းက အကျိုးစီးပွားခြင်း ပဋိပက္ခဖြစ်တယ်ဆိုတာ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားခြင်း ပဋိပက္ခဖြစ်တာ အခုကျတော့ အစိုးရနဲ့တပ်ကြားမှာ ဘာပဋိပက္ခဖြစ်လဲဆိုတော့ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားမဟုတ်တော့ဘူး။ အာဏာသပ်သပ်နဲ့ မဟုတ်ဘူး။ အာဏာတော့ပါတာပေါ့။
အာဏာရရင် ဘာလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ကိုပဲ တက်လာတာကို အရပ်သားအစိုးရ NLDကလည်း အဲတော့ လားရာလမ်းကြောင်းတွေပါ ပဋိပက္ခတွေ ဖြစ်လာတယ်။ အဲဒီအပေါ်မှာ တပ်ကလည်း သူဘာလုပ်ရမလဲဆိုတာ သူလည်း စဉ်းစားနေတယ်ထင်တယ်။ အဲဒီပေါ်မှာ နောက်ဆုံး ရည်ရွယ်ချက်ကတော့ ဖြစ်တဲ့နည်းနဲ့ သူတို့အာဏာကို လုယူဖို့ လုယူတဲ့နေရာမှာ ပြောင်ပြောင် ပေါ်ပေါ်ထင်ထင်ကြီး အရင်အာဏာသိမ်းခဲ့သလိုပေါ့။
လက်နက်နဲ့ထပြီးတော့ အာဏာသိမ်းမယ့်အစား တိုင်းပြည် ဖရိုဖရဲ ဖြစ်သထပ်ဖြစ် ဖြစ်တဲ့အချိန်မှာ မဖြစ်သာလို့ အာဏာသိမ်းလိုက်ရတယ်ဆိုတာမျိုး။ တစ်လျှောက်လုံးပဲ စစ်တပ်ကတော့ တိုင်းပြည် ချောက်ထဲကျဖို့ လက်နှစ်လုံးအလိုဆိုတာမျိုးနဲ့ ထထပြီးလုပ်တာပဲ အခုလည်း အဲဒီအခြေအနေဖန်တီးနေတာပဲပေါ့။
ဖန်တီးတဲ့နေရာမှာ ပြတ်ပြတ်သားသား ခြိမ်းခြောက် ဒီဘက်ကနေပြီးတော့ ဘာလုပ်မလဲပေါ့။ အဲဒီအပေါ် မှီပြီးတော့ သွေးတိုးစမ်းနေတယ်လို့ပဲ ကျွန်တော်ထင်တယ်။ အဲဒီပေါ်မှာ ပြည်သူလူထုရဲ့ တုံ့ပြန်မှုဘာရှိမလဲ။ နိုင်ငံတကာ တုံ့ပြန်မှုဘာရှိမလဲ။ အဲဒီပေါ်မှာ မှီပြီးတော့ သူတို့တစ်ခုခု လုပ်လိမ့်မယ်ထင်တယ်။
အခြေခံဥပဒေအရ သူ့ (ကာကွယ်ရေးဦးစီးချုပ်) ကိုပေးထားတာတွေတော့အများကြီးပေါ့။ ဒါပေမယ့် အဲဒီစာအုပ်အစိမ်းကြီးအရကိုပဲ အတိအကျသူဟာ ဒုသမ္မတ အဆင့်ရှိတယ်လို့ မဖော်ပြထားဘူး။ အဲတော့ အခု Protocol အရ Protocol ဆိုတာကတော့ လုပ်ပိုင်ခွင့်နဲ့တော့ သိပ်မဆိုင်ဘူးပေါ့။ Protocol ဆိုတာ အခမ်းအနားရှိရင် ဘယ်သူဘယ်နေရာ ထိုင်ရမယ်ဆိုတာမျိုးပါ။ အဲဒီ Protocol အရ သူက နံပါတ် ၈မှာရှိတယ်။
ဒါပေမယ့် အဲဒီ Protocol ကလည်း နောက်ပိုင်းဆွဲထားတာဆိုတော့ ထားပါ။ အရင် Protocol အရလည်းပဲ သူက ဒုသမ္မတတွေရဲ့ အောက်မှာပဲရှိတယ်။ ဦးသိန်းစိန်လက်ထက်က Protocol အရလည်းပဲ ဒုသမ္မတတွေရဲ့ အောက်မှာပဲရှိတယ်။ အဲလိုတော့ရှိပါတယ်။ ဥပဒေကြောင်းအရ အရေးယူမယ်ဆိုရင် ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ အစိုးရက လုပ်နိုင်တာပေါ့ ။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ပြောတာရှိပါတယ်။ အခုပြောနေကျတဲ့အထဲမှာ ဘာရမလဲ သာဝရာ မင်းလောက်များတော့ ငါကလည်းပဲ ပါးပါသေးတယ်ကွာဆိုတာ အကုန်လုံးက ဝိုင်းပြီးတော့ ချီးကျူးနေကျတာ အမှန်ကတော့ သူပြောတာကတော့ နည်းနည်းလေးမှ တစ်ဖက်က ဆွပေးတဲ့ဟာကိုပေါ့။
နည်းနည်းမှ အပါမခံဘူးဆိုတဲ့ပုံစံမျိုး တစ်နည်းဆိုရင်တော့ ဘာလုပ်လုပ် ငြိမ်နေလိုက်မယ်ပေါ့။ ပါးစပ်ကသာပြောရင်ပြောမယ်။ ကိုယ်ကနေစပြီးတော့ လုပ်မယ့်သဘောတော့မရှိဘူး။ အခုထိကတော့ပေါ့။ အခုဖြစ်နေတဲ့ အဖြစ်အပျက်က စစ်ဖိနပ်ကို ခုတ်ဖျက်ပြီးတော့ လုပ်မလားဆိုတာမျိုးမဟုတ်ဘူး။
စစ်ဖိနပ်ကို ဘယ်လောက် နှဲ့နိုင်မလဲ ဆိုတာမျိုးပဲဖြစ်နေသေးတဲ့ အခြေအနေပဲရှိနေသေးတယ်လို့ ထင်တယ်။ ပြည်သူ လူထုက အားကိုးတဲ့ပါတီအနေနဲ့လည်းပဲ အဲတော့ တစ်နည်းဆိုရင် ပြည်သူလူထုရဲ့အားကို ပြတ်ပြတ်သားသား ယုံကြည်ပြီးတော့ ပြည့်ပြည့်ဆိုင်ဆိုင် မားမား မတ်မတ် ရပ်ဖို့ လိုတယ်လို့ထင်တယ်။ အဲလိုမရပ် နိုင်သေးဘူးလို့ထင်တယ်။ ရပ်မယ့် အလား အလာလည်းမရှိသေးဘူးလို့ထင်တယ်။ ကျွန်တော်တို့က စိတ်ထဲမှာတော့ သိပ်စိတ်တိုင်းမကျဘူးပေါ့။
https://www.facebook.com/khitthitnews/posts/1060308644406481?__cft__[0]=AZUvzp8oPU2BD6ZvTA3TcuopE-vXni-UDY_2_LJmMnABvuzmZtcQpCbedetumCCEV4gpcLvXI_yvIfGlVGLAJlGaJ7_DZXciGk17p_MvYIiGn6wSq688S_pg7OD3sZxgMjubduw0AGiu_sgZkOLcGGQr&__tn__=%2CO%2CP-R
No comments:
Post a Comment