Sunday, November 29, 2020

ေက်ာက္ေတာ္ၿမိဳ႕နယ္ မဟာမုနိစစ္ေဘးေရွာင္စခန္းတြင္ စုေပါင္းကထိန္ပြဲေတာ္က်င္းပ

 ေက်ာက္ေတာ္ၿမိဳ႕နယ္ မဟာမုနိစစ္ေဘးေရွာင္စခန္းတြင္ စုေပါင္းကထိန္ပြဲေတာ္က်င္းပ

ေဆာင္းဇာျခည္

နိရဥၥရာ၊ ႏိုဝင္ဘာ ၃၀/ ၂၀၂၀

ရခုိင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္ မဟာမုနိစစ္ေဘးေရွာင္စခန္းတြင္ တန္ေဆာင္မုန္း လျပည့္ေနက စုေပါင္းကထိန္ပြဲ ျပဳလုပ္ခဲ့ေၾကာင္း သတင္းရရွိသည္။

လူဦးေရ ၂၅၀၀ ေက်ာ္ရွိသည့္ စစ္ေဘးေရွာင္မ်ားအတြက္ စိတ္ခြန္အား ျဖစ္ေစရန္ ရည္ရြယ္ကာ ျပဳလုပ္ေပးျခင္းျဖစ္ေၾကာင္း အဆိုပါ ကထိန္ပြဲကို ဦးေဆာင္က်င္းပသည့္ ဆရာေတာ္ ဦးဉာဏက နိရဥၥရာသတင္းဌာကို မိန္႔ၾကားသည္။

“ေဒသအေျခေနေၾကာင့္ အိုးအိမ္ေတြစြန္႔ခြာၿပီး ဒီမွာ လာခိုလံႈေနရတဲ့အခါ သူတို႔အတြက္ ကုသုိလ္ ေကာင္းမႈလုပ္ႏိုင္တဲ့ အေနအထားမရွိ ျဖစ္ေနၾကတယ္။ စားေသာက္ဖို႔ေတာင္ သူမ်ားဆီက ေပးကမ္းမွ စားရတာ သူတုိ႔အေနနဲ႔ ကုသိုလ္ေကာင္းမႈလုပ္ဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။ အဲဒါေၾကာင့္ ဘာသာေရးအရ ကုသိုလ္ေကာင္းမႈ ရရွိေအာင္ ရည္ရြယ္ခ်က္နဲ႔လုပ္လိုက္တာ။ သူတို႔အတြက္လည္း စိတ္ခြန္အားေတြ ျဖစ္တာေပါ့။ သူတုိ႔ရဲ႕ စိတ္ဓါတ္ အားငယ္မႈေတြက ပိုၿပီးေတာ့ တုိးလာတယ္။ အဓိကေတာ့ စစ္ေဘးေရွာင္ျပည္သူေတြ ကုသိုလ္ေကာင္းမႈရေစခ်င္တဲ့ဆႏၵနဲ႔ ဒီကထိန္ပြဲကို လုပ္ရျခင္းျဖစ္ပါတယ္။”

အဆုိပါ ကထိန္ပြဲျဖစ္ေျမာက္ရန္ အေမရိကန္၌ သီတင္းသံုးေနထိုင္သည့္ အလုိေတာ္ျပည့္ ဆရာေတာ္ႀကီးအား ဦးထိပ္ထားျပီး  ရန္ကုန္ၿမိဳ႕ရွိ အလိုေတာ္ျပည့္ေက်ာင္းမွ ဆရာေတာ္ ဦးကုမာရထံ လမ္းညႊန္မႈျဖင့္ ျပဳလုပ္ျခင္း ျဖစ္ကာ ဧရာဝတီဘဏ္ဥကၠ႒ ဦးေဇာ္ေဇာ္က ကထိန္ပြဲအတြက္ အလွဴေငြ လွဴဒါန္းခဲ့ျခင္းျဖစ္ေၾကာင္း ဆရာေတာ္ ဦးဉာဏက ေျပာဆိုသည္။

စစ္ေဘးေရွာင္အမ်ိဳးသမီးတစ္ဦးျဖစ္သည့္ ေဒၚအျဖဴေခ်က “အခုလိုမ်ိဳး ကထိန္လုပ္တာကို ကြ်န္မတို႔ ေပ်ာ္ပါတယ္။ စိတ္ခ်မ္းသာမႈလည္း ရပါတယ္။ လုပ္ေပးတဲ့ အလွဴရွင္ကိုလည္း ေက်းဇူးတင္ပါတယ္။ အခုလိုမ်ိဳး ကြ်န္မတုိ႔ စစ္ေဘးေရွာင္ေတြအတြက္ တကူးတက လုပ္ေပးတာမ်ိဳးမရွိဘူးေလ။ အခုက သီးသန္႔ စစ္ေဘးေရွာင္ေတြ အတြက္ ကထိန္ပြဲေတြလာလုပ္ေပးတဲ့အတြက္ ေပ်ာ္လည္းေပ်ာ္သလို ဝမ္းလည္းနည္း ပါတယ္။ ကုိယ့္ရပ္ကုိယ့္ရြာမွာ မေနရဘူးဆိုေတာ့ ကုိယ့္ရြာကို အရမ္းသြားခ်င္သြားတယ္။ ရြာမွာ ေအးေအးခ်မ္းခ်မ္း ေနခ်င္ပါၿပီ” ဟု နိရဥၥရာသို႔ ေျပာသည္။

အဆိုပါ စစ္ေဘးေရွာင္စခန္းတြင္ ေက်ာက္ေတာ္ၿမိဳ႕နယ္ နဂရာ၊ ေရႊျပည္သစ္၊ ေရႊျပည္ေဟာင္း၊ ေက်ာက္ဂူစု၊ အလယ္ကြ်န္း၊ ေမ်ာက္ေတာင္၊ သာစည္၊ မာလာ၊ ကြမ္းေစ်း၊ ၿပိဳင္းတိုင္း၊ ေလာင္းရွည္၊ တင္းမ၊ ပလက္ဝၿမိဳ႕နယ္၊ သူေဌးကုန္း၊ စိမ့္စမ္း၊ ေရခ်မ္းဝ၊ လိပ္ေခါင္းႏွင့္ ၿမိဳ႕ေပၚမွ ထြက္ေျပး တိမ္းေရွာင္လာသူ စုစုေပါင္းလူဦးေရ ၂၅၁၂ ဦး လာေရာက္ ခိုလံႈေနထိုင္ေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

--------------------- 

Unicode:

ကျောက်တော်မြို့နယ် မဟာမုနိစစ်ဘေးရှောင်စခန်းတွင် စုပေါင်းကထိန်ပွဲတော်ကျင်းပ

ဆောင်းဇာခြည်

နိရဥ္စရာ၊ နိုဝင်ဘာ ၃၀/ ၂၀၂၀

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် မဟာမုနိစစ်ဘေးရှောင်စခန်းတွင် တန်ဆောင်မုန်း လပြည့်နေက စုပေါင်းကထိန်ပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

လူဦးရေ ၂၅၀၀ ကျော်ရှိသည့် စစ်ဘေးရှောင်များအတွက် စိတ်ခွန်အားဖြစ်စေရန် ရည်ရွယ်ကာ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း အဆိုပါ ကထိန်ပွဲကို ဦးဆောင်ကျင်းပသည့် ဆရာတော် ဦးဉာဏက နိရဥ္စရာသတင်းဌာကို မိန့်ကြားသည်။

“ဒေသအခြေနေကြောင့် အိုးအိမ်တွေစွန့်ခွာပြီး ဒီမှာ လာခိုလှုံနေရတဲ့အခါ သူတို့အတွက် ကုသိုလ် ကောင်းမှုလုပ်နိုင်တဲ့ အနေအထားမရှိ ဖြစ်နေကြတယ်။ စားသောက်ဖို့တောင် သူများဆီက ပေးကမ်းမှ စားရတာ သူတို့အနေနဲ့ ကုသိုလ်ကောင်းမှုလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒါကြောင့် ဘာသာရေးအရ ကုသိုလ်ကောင်းမှု ရရှိအောင် ရည်ရွယ်ချက်နဲ့ လုပ်လိုက်တာ။ သူတို့အတွက်လည်း စိတ်ခွန်အားတွေ ဖြစ်တာပေါ့။ သူတို့ရဲ့ စိတ်ဓါတ် အားငယ်မှုတွေက ပိုပြီးတော့ တိုးလာတယ်။ အဓိကတော့ စစ်ဘေးရှောင်ပြည်သူတွေ ကုသိုလ်ကောင်းမှုရစေချင်တဲ့် ဆန္ဒနဲ့ ဒီကထိန်ပွဲကို လုပ်ရခြင်းဖြစ်ပါတယ်။”

အဆိုပါ ကထိန်ပွဲဖြစ်မြောက်ရန် အမေရိကန်၌ သီတင်းသုံးနေထိုင်သည့် အလိုတော်ပြည့် ဆရာတော်ကြီးအား ဦးထိပ်ထားပြီး  ရန်ကုန်မြို့ရှိ အလိုတော်ပြည့်ကျောင်းမှ ဆရာတော် ဦးကုမာရထံ လမ်းညွှန်မှုဖြင့် ပြုလုပ်ခြင်း ဖြစ်ကာ ဧရာဝတီဘဏ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ကထိန်ပွဲအတွက် အလှူငွေ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ဆရာတော် ဦးဉာဏက ပြောဆိုသည်။

စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးဖြစ်သည့် ဒေါ်အဖြူချေက “အခုလိုမျိုး ကထိန်လုပ်တာကို ကျွန်မတို့ ပျော်ပါတယ်။ စိတ်ချမ်းသာမှုလည်း ရပါတယ်။ လုပ်ပေးတဲ့ အလှူရှင်ကိုလည်း ကျေးဇူးတင်ပါတယ်။ အခုလိုမျိုး ကျွန်မတို့ စစ်ဘေးရှောင်တွေအတွက် တကူးတက လုပ်ပေးတာမျိုးမရှိဘူးလေ။ အခုက သီးသန့် စစ်ဘေးရှောင်တွေ အတွက် ကထိန်ပွဲတွေလာလုပ်ပေးတဲ့အတွက် ပျော်လည်းပျော်သလို ဝမ်းလည်းနည်း ပါတယ်။ ကိုယ့်ရပ်ကိုယ့်ရွာမှာ မနေရဘူးဆိုတော့ ကိုယ့်ရွာကို အရမ်းသွားချင်သွားတယ်။ ရွာမှာ အေးအေးချမ်းချမ်း နေချင်ပါပြီ” ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် ကျောက်တော်မြို့နယ် နဂရာ၊ ရွှေပြည်သစ်၊ ရွှေပြည်ဟောင်း၊ ကျောက်ဂူစု၊ အလယ်ကျွန်း၊ မျောက်တောင်၊ သာစည်၊ မာလာ၊ ကွမ်းစျေး၊ ပြိုင်းတိုင်း၊ လောင်းရှည်၊ တင်းမ၊ ပလက်ဝမြို့နယ်၊ သူဌေးကုန်း၊ စိမ့်စမ်း၊ ရေချမ်းဝ၊ လိပ်ခေါင်းနှင့် မြို့ပေါ်မှ ထွက်ပြေးတိမ်းရှောင်လာသူ စုစုပေါင်းလူဦးရေ ၂၅၁၂ ဦး လာရောက်ခိုလှုံနေထိုင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

https://burmese.narinjara.com/.../5fc4e6023f8935047dbb7887


https://www.facebook.com/narinjara.info/posts/3834974093181306

No comments:

Post a Comment