Sunday, November 29, 2020

ရခိုင္ျပည္နယ္တြင္ ယခုႏွစ္ စပါးအထြက္ႏႈန္းေလၽွာ့က်နိုင္ဖြယ္ရွိ

 ရခိုင္ျပည္နယ္တြင္ ယခုႏွစ္ စပါးအထြက္ႏႈန္းေလၽွာ့က်နိုင္ဖြယ္ရွိ

ထြန္းခိုင္ (ေတာင္ရင္းကၽြန္း)

နိရဥၥရာ၊ နိုဝင္ဘာ ၃ဝ /၂ဝ၂ဝ

ရခိုင္ျပည္နယ္တြင္ လယ္ေျမဧကအမ်ားအျပားကို စပါးမစိုက္ပ်ိဳးနိုင္ခဲ့သျဖင့္ ယခုႏွစ္စပါးအထြက္ႏႈန္း ေလ်ာ့က်နိုင္ဖြယ္ရွိေၾကာင္း ရခိုင္ျပည္လံုးဆိုင္ရာေတာင္သူလယ္သမားသမဂၢဥကၠ႒ ဦးေက်ာ္ဇံက နိရဥၥရာ သတင္းဌာနသို႔ ေျပာသည္။

ယခုႏွစ္ စစ္ေရးပဋိပကၡေၾကာင့္ ရခိုင္ျပည္နယ္တြင္ စပါးမစိုက္ပ်ိဳးနိုင္သည့္ လယ္ေျမဧကေပါင္း ၅ ေသာင္းေက်ာ္အထိရွိေၾကာင္း ၎က ေျပာၾကားသည္။

“နယ္ေျမေဒသ လုံျခဳံေရးအခက္အခဲေၾကာင့္  မႏွစ္ကလိုမ်ိဳး ကိန္းဂဏန္း တိတိက်က်နဲ႔ အေသးစိတ္ေတာ့ မေျပာနိုင္ဘူး။ အနီးစပ္ဆုံးေျပာရမယ္ဆိုရင္ေတာ့ ဧက ၅ ေသာင္းအထက္ရွိပါတယ္။ မႏွစ္ကေတာ့ တိုက္ပြဲေၾကာင့္ လယ္မလုပ္နိုင္တာ  ဧက ၅ ေသာင္းဝန္းက်င္ေလာက္ရွိတယ္။ ဒီႏွစ္မွာလည္း မႏွစ္ကထက္ေတာ့ မနည္းဘူးဆိုၿပီးေတာ့ က်ေနာ္တို႔က အနီးစပ္ဆုံးခန္႔မွန္းတြက္ခ်က္မႈအရ ဧက ၅ ေသာင္း အထက္ရွိတယ္ဆိုၿပီးေတာ့ ေျပာရတာျဖစ္တယ္”  ဟုေျပာသည္။

တိုက္ပြဲေၾကာင့္ စပါးမစိုက္ပ်ိဳးနိုင္ေသာ ၿမိဳ႕နယ္မ်ားမွာ ရေသ့ေတာင္၊ ေက်ာက္ေတာ္၊ ဘူးသီးေတာင္၊ ပုဏၰားကၽြန္း၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပုံၿမိဳ႕နယ္တို႔ျဖစ္ၾကၿပီး ၄င္းတို႔အထဲမွာ စပါးအမ်ားဆုံးမစိုက္ပ်ိဳးနိုင္ေသာ ၿမိဳ႕နယ္မွာ ရေသ့ေတာင္ၿမိဳ႕နယ္ျဖစ္ၿပီး၊ ဒုတိယအမ်ားဆုံးမစိုက္ပ်ိဳးနိုင္ေသာၿမိဳ႕နယ္မွာ ေက်ာက္ေတာ္ၿမိဳ႕နယ္ ျဖစ္ေၾကာင္း ဦးေက်ာ္ဇံက ဆက္ေျပာသည္။

ရခိုင္ျပည္နယ္တြင္ တိုက္ပြဲေၾကာင့္ စပါးမစိုက္ပ်ိဳးနိုင္ေသာ ဧက ၅ ေသာင္းေက်ာ္အျပင္ တျခား အေၾကာင္းအရာ မ်ားေၾကာင့္ စပါးမစိုက္ပ်ိဳးနိုင္ေသာ ဧကေပါင္း ၁ သိန္းခြဲခန္႔အထိရွိေၾကာင္း သူက ဆက္ေျပာသည္။

“ဧက ၅ ေသာင္းေက်ာ္ေလာက္က တိုက္ပြဲေၾကာင့္္ မစိုက္နိုင္လို႔ ေျပာလို႔ရတယ္။ တျခားမစိုက္နိုင္တဲ့ အေနအထားေတြလည္း ရွိပါေသးတယ္။ မစိုက္ပ်ိဳးနိုင္ဆိုတာက တျခားအေနအထားေတြကေတာ့ ရခိုင္ျပည္နယ္ ေတာင္ပိုင္း၊ ေျမာက္ပိုင္းအားလုံးကို ေျပာရမယ္ဆိုရင္ေတာ့ ဧက သိန္းနဲ႔ခ်ီလို႔ရွိတယ္။ မႏွစ္ကေတာ့ စပါးမစိုက္နိုင္တဲ့ ဧက ၁ သိန္းခြဲေလာက္ရွိတယ္။ ဒီႏွစ္မွာေတာ့ ၂ သိန္းဝန္းက်င္ ေလာက္ေလ်ာ့က်သြားတယ္။ အဲဒီထဲမွာ တိုက္ပြဲေၾကာင့္ ၅ ေသာင္းဝန္းက်င္ေလာက္ပါတယ္ဆိုရင္၊ က်န္ေရ ၁ သိန္းခြဲေလာက္က အလိုအေလ်ာက္ေလ်ာ့က်သြားတာျဖစ္တယ္ ” ဟုေျပာသည္။

ရခိုင္ျပည္နယ္ ေမာင္ေတာႏွင့္ ဘူးသီးေတာင္ၿမိဳ႕နယ္တို႔တြင္လည္း ၂ဝ၁၇ ခုႏွစ္ ပဋိပကၡျဖစ္ပြားၿပီးေနာက္ မူဆလင္ အမ်ားအျပား တစ္ဘက္နိုင္ငံသို႔ ထြက္ေျပးသြားသျဖင့္ လယ္ဧက အမ်ားအျပားကို စပါးမစိုက္ပ်ိဳးနိုင္ဘဲ ျဖစ္ေနၿပီး ဧက တစ္သိန္းေက်ာ္ထိရွိေၾကာင္း သိရသည္။

တခ်ိဳ႕ေနရာမ်ားတြင္ စပါးမ်ားစိုက္ပ်ိဳးထားခဲ့ေသာ္လည္း တိုက္ပြဲအေျခအေနေၾကာင့္ ထြက္ေျပး တိမ္ေရွာင္ေနရၿပီး လယ္ယာေျမမ်ားအား အနီးကပ္ ျပဳလုပ္နိုင္ျခင္းမရွိေသာေၾကာင့္ စပါးအထြက္ႏႈန္း တစ္ဝက္ခန္႔အထိ ေလ်ာ့က်သြားသည္ဟု ေတာင္သူလယ္သမားမ်ားက ေျပာဆိုၾကသည္။

ရေသ့ေတာင္ၿမိဳ႕နယ္ ေရပုတ္အုပ္ခ်ဳပ္ေရးမႉး ဦးေမာင္ေဝသိန္းက “ လယ္ကေတာ့ ထြန္းခဲ့တယ္။ တိုက္ပြဲ ေတြေၾကာင့္ စပါးမစိုက္ခဲ့ရဘူး။ အဲလို႔မ်ိဳး ပစ္ထားခဲ့ရတဲ့ လယ္ေတြလည္းအမ်ားႀကီးရွိတယ္။ စိုက္ထားခဲ့ရတဲ့ စပါးေတြကလည္း ႏွစ္တိုင္းခါလိုမ်ိဳးမေကာင္းဘူး။ ေျမဆီ၊ ေျမၾသဇာလည္း မထည့္ရဘူး။ စပါးခင္းေတြကို အနီးကပ္လည္း မျပဳစုရဘူးဆိုေတာ့ စပါးအထြက္ႏႈန္းေတြက တစ္ဝက္ေလာက္အထိ ေလ်ာ့က်သြားတယ္” ဟု ေျပာသည္။

အစိုးရ စစ္တမ္းအရဆိုလၽွင္ ရခိုင္ျပည္နယ္တြင္ စပါးစိုက္ပ်ိဳးနိုင္ေသာ ဧကေပါင္း ၁ဝ သိန္းေလးေသာင္းေက်ာ္ အထိရွိၿပီး လက္ေတြ႕ေျမျပင္တြင္ စပါးစိုက္ပ်ိဳးနိုင္ေသာ ဧကေပါင္း ၈ သိန္းခြဲခန္႔သာရွိေၾကာင္း ဦးေက်ာ္ဇံက ေျပာသည္။

ရခိုင္ျပည္နယ္အစိုးရအဖြဲ႕မွ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရး၊ သစ္ေတာႏွင့္ သတၱဳဝန္ႀကီးကို ဆက္သြယ္၍ မရရွိခဲ့သျဖင့္ အဆိုပါ ကိစၥႏွင့္ ပတ္သက္ၿပီး ျပည္နယ္အစိုးရ၏ မွတ္ခ်က္ကို ေဖာ္ျပနိုင္ျခင္း မရွိခဲ့ပါ။

--------------------------------

Unicode -

ရခိုင်ပြည်နယ်တွင် ယခုနှစ် စပါးအထွက်နှုန်းလျှော့ကျနိုင်ဖွယ်ရှိ

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ နိုဝင်ဘာ ၃ဝ /၂ဝ၂ဝ

ရခိုင်ပြည်နယ်တွင် လယ်မြေဧကအများအပြားကို စပါးမစိုက်ပျိုးနိုင်ခဲ့သဖြင့် ယခုနှစ်စပါးအထွက်နှုန်း လျော့ကျနိုင်ဖွယ်ရှိကြောင်း ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးကျော်ဇံက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ယခုနှစ် စစ်ရေးပဋိပက္ခကြောင့် ရခိုင်ပြည်နယ်တွင် စပါးမစိုက်ပျိုးနိုင်သည့် လယ်မြေဧကပေါင်း ၅ သောင်းကျော်အထိရှိကြောင်း ၎င်းက ပြောကြားသည်။

“နယ်မြေဒေသ လုံခြုံရေးအခက်အခဲကြောင့်  မနှစ်ကလိုမျိုး ကိန်းဂဏန်း တိတိကျကျနဲ့ အသေးစိတ်တော့ မပြောနိုင်ဘူး။ အနီးစပ်ဆုံးပြောရမယ်ဆိုရင်တော့ ဧက ၅ သောင်းအထက်ရှိပါတယ်။ မနှစ်ကတော့ တိုက်ပွဲကြောင့် လယ်မလုပ်နိုင်တာ  ဧက ၅ သောင်းဝန်းကျင်လောက်ရှိတယ်။ ဒီနှစ်မှာလည်း မနှစ်ကထက်တော့ မနည်းဘူးဆိုပြီးတော့ ကျနော်တို့က အနီးစပ်ဆုံးခန့်မှန်းတွက်ချက်မှုအရ ဧက ၅ သောင်း အထက်ရှိတယ်ဆိုပြီးတော့ ပြောရတာဖြစ်တယ်”  ဟုပြောသည်။

တိုက်ပွဲကြောင့် စပါးမစိုက်ပျိုးနိုင်သော မြို့နယ်များမှာ ရသေ့တောင်၊ ကျောက်တော်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တို့ဖြစ်ကြပြီး ၄င်းတို့အထဲမှာ စပါးအများဆုံးမစိုက်ပျိုးနိုင်သော မြို့နယ်မှာ ရသေ့တောင်မြို့နယ်ဖြစ်ပြီး၊ ဒုတိယအများဆုံးမစိုက်ပျိုးနိုင်သောမြို့နယ်မှာ ကျောက်တော်မြို့နယ် ဖြစ်ကြောင်း ဦးကျော်ဇံက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲကြောင့် စပါးမစိုက်ပျိုးနိုင်သော ဧက ၅ သောင်းကျော်အပြင် တခြား အကြောင်းအရာ များကြောင့် စပါးမစိုက်ပျိုးနိုင်သော ဧကပေါင်း ၁ သိန်းခွဲခန့်အထိရှိကြောင်း သူက ဆက်ပြောသည်။

“ဧက ၅ သောင်းကျော်လောက်က တိုက်ပွဲကြောင့်် မစိုက်နိုင်လို့ ပြောလို့ရတယ်။ တခြားမစိုက်နိုင်တဲ့ အနေအထားတွေလည်း ရှိပါသေးတယ်။ မစိုက်ပျိုးနိုင်ဆိုတာက တခြားအနေအထားတွေကတော့ ရခိုင်ပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းအားလုံးကို ပြောရမယ်ဆိုရင်တော့ ဧက သိန်းနဲ့ချီလို့ရှိတယ်။ မနှစ်ကတော့ စပါးမစိုက်နိုင်တဲ့ ဧက ၁ သိန်းခွဲလောက်ရှိတယ်။ ဒီနှစ်မှာတော့ ၂ သိန်းဝန်းကျင် လောက်လျော့ကျသွားတယ်။ အဲဒီထဲမှာ တိုက်ပွဲကြောင့် ၅ သောင်းဝန်းကျင်လောက်ပါတယ်ဆိုရင်၊ ကျန်ရေ ၁ သိန်းခွဲလောက်က အလိုအလျောက်လျော့ကျသွားတာဖြစ်တယ် ” ဟုပြောသည်။

ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင်လည်း ၂ဝ၁၇ ခုနှစ် ပဋိပက္ခဖြစ်ပွားပြီးနောက် မူဆလင် အများအပြား တစ်ဘက်နိုင်ငံသို့ ထွက်ပြေးသွားသဖြင့် လယ်ဧက အများအပြားကို စပါးမစိုက်ပျိုးနိုင်ဘဲ ဖြစ်နေပြီး ဧက တစ်သိန်းကျော်ထိရှိကြောင်း သိရသည်။

တချို့နေရာများတွင် စပါးများစိုက်ပျိုးထားခဲ့သော်လည်း တိုက်ပွဲအခြေအနေကြောင့် ထွက်ပြေး တိမ်ရှောင်နေရပြီး လယ်ယာမြေများအား အနီးကပ် ပြုလုပ်နိုင်ခြင်းမရှိသောကြောင့် စပါးအထွက်နှုန်း တစ်ဝက်ခန့်အထိ လျော့ကျသွားသည်ဟု တောင်သူလယ်သမားများက ပြောဆိုကြသည်။

ရသေ့တောင်မြို့နယ် ရေပုတ်အုပ်ချုပ်ရေးမှူး ဦးမောင်ဝေသိန်းက “ လယ်ကတော့ ထွန်းခဲ့တယ်။ တိုက်ပွဲ တွေကြောင့် စပါးမစိုက်ခဲ့ရဘူး။ အဲလို့မျိုး ပစ်ထားခဲ့ရတဲ့ လယ်တွေလည်းအများကြီးရှိတယ်။ စိုက်ထားခဲ့ရတဲ့ စပါးတွေကလည်း နှစ်တိုင်းခါလိုမျိုးမကောင်းဘူး။ မြေဆီ၊ မြေသြဇာလည်း မထည့်ရဘူး။ စပါးခင်းတွေကို အနီးကပ်လည်း မပြုစုရဘူးဆိုတော့ စပါးအထွက်နှုန်းတွေက တစ်ဝက်လောက်အထိ လျော့ကျသွားတယ်” ဟု ပြောသည်။

အစိုးရ စစ်တမ်းအရဆိုလျှင် ရခိုင်ပြည်နယ်တွင် စပါးစိုက်ပျိုးနိုင်သော ဧကပေါင်း ၁ဝ သိန်းလေးသောင်းကျော် အထိရှိပြီး လက်တွေ့မြေပြင်တွင် စပါးစိုက်ပျိုးနိုင်သော ဧကပေါင်း ၈ သိန်းခွဲခန့်သာရှိကြောင်း ဦးကျော်ဇံက ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးကို ဆက်သွယ်၍ မရရှိခဲ့သဖြင့် အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရ၏ မှတ်ချက်ကို ဖော်ပြနိုင်ခြင်း မရှိခဲ့ပါ။

https://burmese.narinjara.com/.../5fc478a53f8935047dbb7885


https://www.facebook.com/narinjara.info/posts/3834114069933975

No comments:

Post a Comment