Sunday, November 29, 2020

စစ္ေတြရွိ အိႏၵိယေကာင္စစ္ဝန္ ရခိုင္စစ္ေဘးေရွာင္မ်ားေနရပ္ျပန္ႏိုင္ေရး အကူအညီေပးရန္လိုလား

 စစ္ေတြရွိ အိႏၵိယေကာင္စစ္ဝန္ ရခိုင္စစ္ေဘးေရွာင္မ်ားေနရပ္ျပန္ႏိုင္ေရး အကူအညီေပးရန္လိုလား

အိမ္စိုးျဖဴ

နိရဥၥရာ၊ ႏိုဝင္ဘာ ၃ဝ/ ၂ဝ၂ဝ

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕အေျခစိုက္ အိႏိၵယ ေကာင္စစ္ဝန္ခ်ဳပ္က Dr.Gautam Kumar Pandey ရခိုင္ စစ္ေဘးေရွာင္မ်ား ေနရပ္ျပန္ႏိုင္ေရး အတြက္ အကူအညီေပးရန္ လိုလားေၾကာင္း ရခိုင္ျပည္နယ္ လႊတ္ေတာ္ဥကၠ႒ ဦးစံေက်ာ္လွႏွင့္ သီးသန္႔ေတြ႔ဆံုစဥ္ေျပာဆိုခဲ့ေၾကာင္း သိရသည္။

ယေန႔ နံနက္ ၁၁ နာရီခန္႔က ရခိုင္ျပည္နယ္လႊတ္ေတာ္ဥကၠ႒ ဦးစံေက်ာ္လွ ေနအိမ္သုိ႕ လာေရာက္ေတြ႕ဆံုစဥ္ ထုိသို႕ ထုတ္ေဖာ္ေျပာၾကားခဲ့သည္ဟု သိရသည္။ 

 “နယ္ေျမေဒသကလည္း ၿငိမ္သက္လာၿပီဆိုေတာ့ ဒီက ေဒသခံေတြကို ဘာေတြ လုိအပ္ခ်က္ေတြရွိမလားဆိုၿပီး လာေမးတာ။ ေလာေလာဆယ္မွာ ဘာေတြ လိုအပ္ခ်က္ေတြ ရွိမလဲဆိုၿပီးေတာ့ေပါ့” ဟု ရခိုင္ျပည္နယ္ ရခိုင္ျပည္နယ္ လႊတ္ေတာ္ဥကၠ႒ ဦးစံေက်ာ္လွ ေျပာသည္။

စစ္ေတြအေျခစိုက္ အိႏိၵယေကာင္စစ္ဝန္ခ်ဳပ္ က ရခိုင္စစ္ေဘးေရွာင္မ်ား ေနရပ္ျပန္ႏိုင္ေရးႏွင့္ လိုအပ္ခ်က္မ်ားအား ကူညီေပးရန္လုိလားေၾကာင္း၊ စစ္ေဘးေရွာင္မ်ား စားေသာက္ေနထိုင္ေရးႏွင့္ ျပန္လည္ ေနရာခ်ထားေရး အတြြက္ အဓိကထား ေဆာင္ရြက္ေပးရန္ ေကာင္စစ္ဝန္ခ်ဳပ္ကို အၾကံျပဳခဲ့ေၾကာင္း ေျပာသည္။

ရခိုင္ျပည္နယ္ လႊတ္ေတာ္ဥကၠ႒ ဦးစံေက်ာ္လွက “ ေလာေလာဆယ္မွာ စစ္ေဘးေရွာင္ေတြ အဓိက အိမ္ျပန္ႏိုင္ဖို႔၊ အိမ္ေတြမရွိေတာ့ဘူး။ ဒါေၾကာင့္ အိမ္ေတြ ေဆာက္လုပ္ႏိုင္ဖို႔အတြက္ လိုအပ္ဖို႔ဆိုၿပီး ကို္ယ့္ေနရပ္ျပန္သြားတဲ့ အခ်ိန္မွာ သူတို႔ စားဖို႔ေသာက္ဖို႔က အေရးၾကီးတယ္။ ေနဖို႔၊ထိုင္ဖို႔၊ စားဖို႔ အကူအညီေပးသင့္တယ္ဆိုၿပီး ေျပာလိုက္တယ္” ဟု  ဆက္ေျပာသည္။

ရခိုင္ျပည္နယ္ သဘာဝေဘးအႏၱရာယ္ စီမံခန္႔ခြဲေရး ဦးစီးအရာရွိ ဦးရဲမင္းဦးက ယခုကဲ့သို႕ ကမ္းလွမ္းလာမႈ အေပၚ ၀မ္းသာၾကိဳဆိုေၾကာင္း ေျပာသည္။

“ အရင္တေခါက္ကလည္း အမ်ားၾကီးပဲလွဴပါတယ္။ ေဒၚလာသိန္းခ်ီၿပီး လွဴတာေတြပါ။ ဒါေပမယ့္ စစ္ေဘးေရွာင္ေတြ လက္ထဲ အမွန္တကယ္ ေရာက္ဖို႔ေတာ့ လိုမယ္။ တကယ္လို႔ ေနာက္ထပ္အခုလို လွဴမယ္လို႔ ဆိုရင္ ကၽြန္ေတာ္ကေတာ့ စစ္ေဘးေရွာင္ေတြ လက္ထဲေရာက္ေအာင္ အရပ္ဖက္ အဖြဲ႔အစည္းေတြကတဆင့္ လွဴဒါန္းတာက ပိုေကာင္းမယ္လို႔ထင္တယ္။ လိုတာေတြကေတာ့ စားဖို႔၊ ေနဖို႔၊ ဝတ္ဖို႔ အကုန္လိုတာပါပဲ” ဟုေျပာသည္။

၂ဝ၂ဝ ခုနစ္ ဇန္နဝါရီလ ၂၁ ရက္ေန႔ကလည္း အေမရိကန္ေဒၚလာ  ၂၃၅၄၅၆ တန္ဖိုးရွိသည့္ ဆန္အိတ္ ၂၀၀၀၀၊ ဆန္ၾကာဆံ၊ ပဲဆီ ၊ငရုတ္ေကာင္း ၊ နႏြင္း ၊ နံနံမႈန္႔၊ ဆားႏွင့္ တာေပၚလင္မ်ားအား ရခိုင္ျပည္နယ္အစိုးရထံသို႔ လွဴဒါန္းခဲ့သည္။

ယေန႔ေတြ႔ဆံုစဥ္ အိႏၵိယေကာင္စစ္ဝန္ခ်ဳပ္ႏွင့္အဖြဲ႔မွ ရခိုင္ျပည္နယ္ လႊတ္ေတာ္ ဥကၠ႒ ဦးစံေက်ာ္လွအား စစ္ေဘးေရွာင္မ်ားအေရးအျပင္ ကုလားတန္ ဆိပ္ကမ္း အျမန္ဆံုးလည္ပတ္ႏိုင္ရန္အတြက္ အကူအညီေပးရန္ တိုက္တြန္းေၾကာင္းေျပာဆိုခဲ့ေၾကာင္း ဦးစံေက်ာ္လွက ေျပာသည္။

------------------------- 

Unicode

စစ်တွေရှိ အိန္ဒိယကောင်စစ်ဝန် ရခိုင်စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး အကူအညီပေးရန်လိုလား

အိမ်စိုးဖြူ

နိရဥ္စရာ၊ နိုဝင်ဘာ ၃ဝ/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် အိန္ဒိယ ကောင်စစ်ဝန်ချုပ်က Dr.Gautam Kumar Pandey ရခိုင် စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး အတွက် အကူအညီပေးရန် လိုလားကြောင်း ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် သီးသန့်တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၁၁ နာရီခန့်က ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ နေအိမ်သို့ လာရောက်တွေ့ဆုံစဉ် ထိုသို့ ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရသည်။ 

 “နယ်မြေဒေသကလည်း ငြိမ်သက်လာပြီဆိုတော့ ဒီက ဒေသခံတွေကို ဘာတွေ လိုအပ်ချက်တွေရှိမလားဆိုပြီး လာမေးတာ။ လောလောဆယ်မှာ ဘာတွေ လိုအပ်ချက်တွေ ရှိမလဲဆိုပြီးတော့ပေါ့” ဟု ရခိုင်ပြည်နယ် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ ပြောသည်။

စစ်တွေအခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ် က ရခိုင်စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးနှင့် လိုအပ်ချက်များအား ကူညီပေးရန်လိုလားကြောင်း၊ စစ်ဘေးရှောင်များ စားသောက်နေထိုင်ရေးနှင့် ပြန်လည် နေရာချထားရေးအတွွက် အဓိကထား ဆောင်ရွက်ပေးရန် ကောင်စစ်ဝန်ချုပ်ကို အကြံပြုခဲ့ကြောင်း ပြောသည်။

ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက “ လောလောဆယ် မှာ စစ်ဘေးရှောင်တွေ အဓိက အိမ်ပြန်နိုင်ဖို့၊ အိမ်တွေမရှိတော့ဘူး။ ဒါကြောင့် အိမ်တွေ ဆောက်လုပ်နိုင်ဖို့အတွက် လိုအပ်ဖို့ဆိုပြီး ကို်ယ့်နေရပ်ပြန်သွားတဲ့အချိန်မှာ သူတို့ စားဖို့သောက်ဖို့က အရေးကြီးတယ်။ နေဖို့၊ထိုင်ဖို့၊ စားဖို့ အကူအညီပေးသင့်တယ်ဆိုပြီး ပြောလိုက်တယ်” ဟု  ဆက်ပြောသည်။

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးအရာရှိ ဦးရဲမင်းဦးက ယခုကဲ့သို့ ကမ်းလှမ်းလာမှု အပေါ် ဝမ်းသာကြိုဆိုကြောင်း ပြောသည်။

“ အရင်တခေါက်ကလည်း အများကြီးပဲလှူပါတယ်။ ဒေါ်လာသိန်းချီပြီး လှူတာတွေပါ။ ဒါပေမယ့် စစ်ဘေးရှောင်တွေ လက်ထဲ အမှန်တကယ် ရောက်ဖို့တော့ လိုမယ်။ တကယ်လို့ နောက်ထပ်အခုလို လှူမယ်လို့ ဆိုရင် ကျွန်တော်ကတော့ စစ်ဘေးရှောင်တွေလက်ထဲ ရောက်အောင် အရပ်ဖက် အဖွဲ့အစည်းတွေကတဆင့် လှူဒါန်းတာက ပိုကောင်းမယ်လို့ထင်တယ်။ လိုတာတွေကတော့ စားဖို့၊ နေဖို့၊ဝတ်ဖို့အကုန်လိုတာပါပဲ” ဟုပြောသည်။

၂ဝ၂ဝ ခုနစ် ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း အမေရိကန်ဒေါ်လာ  ၂၃၅၄၅၆ တန်ဖိုးရှိသည့် ဆန်အိတ် ၂၀၀၀၀၊ ဆန်ကြာဆံ၊ ပဲဆီ ၊ ငရုတ်ကောင်း ၊ နနွင်း ၊ နံနံမှုန့်၊ ဆားနှင့် တာပေါ်လင်များအား ရခိုင်ပြည်နယ်အစိုးရထံသို့ လှူဒါန်းခဲ့သည်။

ယနေ့တွေ့ဆုံစဉ် အိန္ဒိယကောင်စစ်ဝန်ချုပ်နှင့်အဖွဲ့မှ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှအား စစ်ဘေးရှောင်များအရေးအပြင် ကုလားတန်ဆိပ်ကမ်း အမြန်ဆုံးလည်ပတ်နိုင်ရန်အတွက် အကူအညီ ပေးရန် တိုက်တွန်းကြောင်းပြောဆိုခဲ့ကြောင်း ဦးစံကျော်လှက ပြောသည်။

https://burmese.narinjara.com/.../5fc4e8e53f8935047dbb7889


https://www.facebook.com/narinjara.info/posts/3834987876513261

No comments:

Post a Comment