Wednesday, November 4, 2020

မြောက်ဦးမြို့တွင် ကျေးရွာသားတစ်ဦး ဖမ်းဆီးခံရ

 မြောက်ဦးမြို့တွင် ကျေးရွာသားတစ်ဦး ဖမ်းဆီးခံရ

အိမ်စိုးဖြူ

နိရဉ္စရာ၊ နိုဝင်ဘာ ၅/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ချောင်းသစ်ကျေးရွာမှ ရွာသားတစ်ဦး မြောက်ဦးမြို့၊ ကိုးသောင်းဘုရားအနီး၊ အမှတ် (၃၁) ရဲတပ်ရင်းရှေ့တွင် ယမန်နေ့က ဖမ်းဆီးခံလိုက်ရသည်ဟု မိသားစုများက ပြောသည်။

ဖမ်းဆီးခံခဲ့ရသူမှာ ဦးမောင်ကြီးယေ(၃၁)နှစ်ဖြစ်ကြောင်း၊ ယမန်နေ့ နံနက် ၇ နာရီခန့်က နွားချည်ကြိုး ဝယ်ယူရန် သွားရောက်ရာမှ နံနက် ၁၁ နာရီခန့်တွင် အမှတ် (၃၁) ရဲတပ်ရင်းရှေ့တွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးခံရပြီးနောက် မိသားစုနှင့် အဆက်အသွယ်မရရှိသဖြင့် စိတ်ပူနေကြကြောင်း ဦးမောင်ကြီးယေ၏ ဇနီးဖြစ်သူ ဒေါ်သိန်းသိန်းအေးက ဖုန်းဆက်ပြောကြားသည်။

“ မနေ့က ကျွန်မမြို့ကို မသွားဖို့ တားပါသေးတယ်။ ရွာက ဆိုင်တွေမှာ ဝယ်ရင် အလေးချိန်ခွဲမရောင်းလို့ မြောက်ဦးကသွားဝယ်မယ်ဆိုပြီးထွက်သွားတာပါ။ အုပ်ချုပ်ရေးမှူးဆီကို စစ်သားတွေ အကြောင်း ကြားလာတယ်လို့ သိရပါတယ်။ ကျွန်မ ယောကျ်ားကို ဖမ်းထားတယ်လို့။ မိသားစုတွေ လိုက်သွားတော့ တွေ့ခွင့်မရခဲ့ဘူး။ ဘယ်ကိုရောက်နေလဲ။ ဘာဖြစ်နေလဲ သိချင်ပါတယ်။ စိုးရိမ်တာပေါ့ရှင်။ သူက ကလေးလေးယောက်အဖေပါ။ သူ့မှာအပြစ်မရှိပါဘူးရှင်။ ပြန်လွှတ်ပေးကြပါ”ဟု သူမက ပြောသည်။

၎င်းမောင်ကြီးယေမှာ ၃၁ ရဲတပ်ရင်းအနီးတွင် ဆိုင်ကယ်ပေါ်မှဆင်းပြီး ခြုံတစ်ခုအနီးအပေါ့သွားနေစဉ် ကင်းပုန်းဝပ်နေသည့် စစ်ကြောင်းမှ မသင်္ကာ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ကြားသိရကြောင်းသူမက ဆက်ပြောသည်။

ချောင်းသစ်အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းခင်ကလည်း ဦးမောင်ကြီးယေကို ဖမ်းဆီးထားကြောင်း ဆက်သွယ်လာသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

“ ကျွန်တော့်ကို ဖုန်းဆက်လာပါတယ်။ မူးယစ်ဆေးတွေနဲ့ မောင်ကြီးယေကို ဖမ်းမိထားတယ်လို့ပြောပါတယ်။ အာမခံဖို့လာပေးရင် လွှတ်ပေးမယ်လို့ပြောပါတယ်။ ကျွန်တော်က ခရီးလွန်နေလို့ ကာယကံရှင်ရဲ့မိသားစုကို ဆက်သွယ်ပြီး သွားဖို့အကြောင်းကြားပေးလိုက်တာပါ။ သူတို့လက်က ရဲကို အပ်မယ်လို့တော့ ပြောသွားပါတယ်” ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကလည်း မိသားစုမှ ၎င်းအား ဆက်သွယ်လာကြောင်း၊ မောင်ကြီးယေအား မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို သိရှိလိုကြကြောင်း အကြောင်းကြာလာသဖြင့် စိတ်မကောင်းဖြစ်ရေကြောင်းပြောသည်။

ဦးထွန်းသာစိန်က“ မိသားစုက စိတ်ပူနေကြတယ်။ ရဲတပ်ရင်းနားမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေက ဖမ်းထားတယ်လို့ မိသားစုကပြောတယ်။ သူတို့လိုက်သွားတော့ မတွေ့ခဲ့ရဘူးလို့သိရတယ်။ မိသားစုက အတော် စိတ်ပူနေကြတယ်” ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းအား မေးမြန်းစုံစမ်းရန် ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

------------------------------------

Unicode -


အိမျစိုးဖွူ

နိရဉ်စရာ၊ နိုဝငျဘာ ၅/၂ဝ၂ဝ










https://burmese.narinjara.com/.../5fa382128d5b5818df39dc3...


https://www.facebook.com/narinjara.info/posts/3760156910663025

No comments:

Post a Comment