Wednesday, November 4, 2020

ဒီတိုနေတာအပါအဝင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ အသေဖမ်းမိသူမှာ ပုဇွန်လုံးဖမ်းသူဖြစ်ကြောင်း မိသားစုကပြော ဆောင်းဇာခြည်

 ဒီတိုနေတာအပါအဝင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ အသေဖမ်းမိသူမှာ ပုဇွန်လုံးဖမ်းသူဖြစ်ကြောင်း မိသားစုကပြော

ဆောင်းဇာခြည်

နိရဉ္စရာ၊ နိုဝင်ဘာ ၅/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့မှ တပ်မတော် ဒီတိုနေတာအပါအဝင် ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ အသေဖမ်းမိသူမှာ ပုဇွန်လုံးဖမ်းသူဖြစ်ကြောင်း သားဖြစ်သူက ပြောကြားသည်။

သားဖြစ်သူ ကိုတင်ထွန်းက “အဖေက မြစ်မှာ ပုစွန်လုံး သွားရှာတာ။ အဖေ အသက်အငယ်ငယ်ကတည်းက အဲလိုပဲ ကျွန်တော်တို့ကို ပုစွန်လုံးရှာပြီး ကျွေးမွေးလာတာ။ အခုလည်း အဖော်နောက်တစ်ယောက်နဲ့ သွားတာ။ အဲဒီအဖော် နောက်တစ်ယောက်မှာလည်း စက်လှေနဲ့၊ ကျွန်တော့်အဖေမှာလည်း စက်လှေနဲ့ပေါ့။ နှစ်ယောက် သွားကြတာ။ အိမ်ကထွက်သွားတာက ရက်ပေါင်း ၃ဝ လောက်ရှိပြီ။ တစ်ရက်ထွက်ပြီး တစ်ရက်စားရင် ငွေမစုမိဘူးဆိုပြီး ရက်ကြာထွက်ပြီးမှ အိမ်ကို ပြန်လာမြဲပါ” ဟု နိရဉ္စရာသို့ ပြောသည်။

သူ၏ ဖခင်မှာ ဦးကျော်လှစိန် ဖြစ်ပြီး အသက် ၆ဝ ရှိပြီဖြစ်ကြောင်း၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ တောင်ငူ ရပ်ကွက်တွင် နေထိုင်ကြောင်း၊ သူ့ဖခင်၏ အလောင်းအား ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးရှိ အမှတ် (၁၈) ရေတပ်စခန်းက ကျောက်ဖြူဆေးရုံသို့ နိုဝင်ဘာ ၄ ရက် နေ့လယ် ၁၂ နာရီခန့်က လွှဲပြောင်းလိုက်ခြင်းဖြစ်ကြောင်း သားဖြစ်သူ ကိုတင်ထွန်းက ပြောသည်။

“စစ်တပ်က ပြောတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေပါတယ်ဆိုတာကတော့ သူတို့ ပြောသလိုဖြစ်တာပဲ။ ကျွန်တော့် အဖေမှာ အလွန်ဆုံးပါရင် လေးဂွတစ်ခုရယ်၊ ဓါးတစ်ချောင်းရယ်ပါလိမ့်မယ်။ သူတို့လုပ်သလို ဖြစ်နေတာ အကုန်လုံးက။ အဖေနဲ့ပါသွားတဲ့ နောက်တစ်ယောက် အဖော်ကိုလည်း သူတို့ တပ်ထဲမှာဘဲ ခေါ်ထားတယ်လို့ သိရတယ်။ ကျွန်တော့်အဖေမှာက အဲလို ပုစွန်လုံးရှာရင်း လုပ်စားတာပါ။ တစ်ခါတစ်ခါဆိုရင် တစ်လ/ တစ်လခွဲ ကြာပါတယ်” ဟု သူက ပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ နိုဝင်ဘာ ၄ ရက်နေ့ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ရာတွင် တပ်မတော် စစ်ရေယာဉ်အနီး ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ချဉ်းကပ်လာသူ ၂ ဦးအား ဖမ်ဆီးရမိကြောင်း သတင်းဖော်ပြထားသည်။

သတင်း ထုတ်ပြန်ချက်ထဲတွင် “ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စနဲကျေးရွာအနီးရှိ ရေဆိပ်ခံတံတား လုံခြုံရေးဆောင်ရွက်နေစဉ် နိုဝင်ဘာ ၄ ရက်၊ နံနက် ၄ နာရီ၊ ၁ဝ မိနစ်ခန့်တွင် မသင်္ကာ ဖွယ်ရာ လှေနှစ်စီးသည် စနဲချောင်းဘက်မှ ဆိပ်ခံတံတားရှိ စစ်ရေယာဉ်အနီးသို့ မျှောလာသည်ကို တွေ့ရှိ ရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ရပ်တန့်ရန် အော်ဟစ်တားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ စစ်ရေယာဉ် အနီးသို့ ဆက်လက်မျောလာသဖြင့် ခြောက်လှန့်ပစ်ခတ်တားဆီးခဲ့ရကြောင်း” ဖော်ပြသည်။

သို့သော် အဆိုပါ လှေနှစ်စီးမှာ ရပ်တန့်ခြင်းမရှိဘဲ စစ်ရေယာဉ်၏ အရှေ့မီတာ ၅ဝ ခန့်အကွာအထိ ရောက်ရှိ လာပြီး လှေပေါ်ပါရှိသည့် ပစ္စည်းများအား ရေထဲသို့ ပစ်ချနေသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့မှ ထပ်မံပစ်ခတ်တားဆီးခဲ့ရာ လှော်ခတ်ထွက်ပြေးသွားခဲ့သည်။ အဆိုပါ လှေနှစ်စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ရာ လှေပေါ်တွင် ဒီတိုနေတာအပါအဝင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ကျော်လှစိန် (၅ဝ) နှစ်အား အသေဖမ်းဆီးရမိခဲ့ပြီး လှိုင်ထွန်း၊ (၂၉) နှစ် (ဘ) ဦးကောင်းစံလှ၊ အလယ်စု၊ စနဲကျေးရွာ၊ ကျောက်ဖြူမြို့နယ် နေသူအား ဖမ်းဆီးရမိခဲ့ကြောင်း ဆက်လက် ဖော်ပြသည်။

ဖမ်းဆီးရမိသူများနှင့် လှေ ၂ စီးအား လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ နယ်မြေခံရဲစခန်းသို့ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်ဟု ရေးသားဖော်ပြထားသည်။

ယမန်နေ့ နေ့လယ်  ၁၂ နာရီကျော်ခန့်က စနဲမြို့ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူထံ စနဲရဲစခန်းမှူးက ဖုန်းဆက်သွယ်လာ၍ ယင်းအလောင်းအား အမှတ် (၁၈) ရေတပ်စခန်းက ယူဆောင်ကာ ကျောက်ဖြူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း စနဲနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ နာရေးကူညီမှုအသင်းကို ၁၂ နာရီလောက်က ဖုန်းဆက်လာလို့ အလောင်းကို ဆေးရုံကို ပို့ပေးခဲ့တာပါ။ အလောင်းကို အမှတ် (၁၈) ရေတပ်စခန်းက သွားယူခဲ့ရပါတယ်။ ကျွန်တော်တို့ ကြားတာ ကတော့ သူက ချောင်းတွေက ပုစွန်လုံးရှာတဲ့သူလို့ပဲ ကြားပါတယ်။ အဲဒီရေတပ်စခန်းက စနဲချောင်းရဲ့ အဝမှာ ရှိတာပါ” ဟု ဆိုသည်။

ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က သေဆုံးသူ ဦးကျော်လှစိန်မှာ ပုစွန်လုံးရှာရန် အိမ်မှ ထွက်သွားခြင်းဖြစ်ကြောင်းကို ၎င်းအနေဖြင့် သိရကြောင်း ပြောသည်။

အလောင်းအား ကျောက်ဖြူဆေးရုံ၌ ခွဲစိတ်မှု ပြုလုပ်ပြီး စနဲသို့ ယူဆောင်ရန် မိသားစုဝင်များက စီစဉ်နေကြကြောင်း သိရသည်။

--------------------------------------

Unicode -



နိရဉ်စရာ၊ နိုဝငျဘာ ၅/၂ဝ၂ဝ













https://burmese.narinjara.com/.../5fa379dd8d5b5818df39dc3...


https://www.facebook.com/narinjara.info/posts/3760105924001457

No comments:

Post a Comment