Thursday, November 5, 2020

မြောက်ဦးမြို့ စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦးကို ရဲနှင့်စစ်တပ်ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးသွား

 မြောက်ဦးမြို့ စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦးကို ရဲနှင့်စစ်တပ်ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးသွား

အိမ်စိုးဖြူ

နိရဉ္စရာ၊ နိုဝင်ဘာ ၆ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို ၊မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦးကို ယနေ့နံနက် ၉ နာရီခန့်က ရဲနှင့် စစ်တပ်ပူးပေါင်းအဖွဲ့မှ လာရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

၎င်းအမျိုးသမီးမှာ လက္ကာကျေးရွာမှ ဒေါ်လှတင်နု(၃၈)နှစ်ဖြစ်ပြီး ယနေ့နံနက်က မြို့ဦးခေါင်း စစ်ဘေးရှောင် စခန်းကို ရဲနှင့်စစ်တပ်အင်အား ၂ဝ ကျော်ခန့်က မွှေနှောက်ရှာဖွေပြီးနောက် သူမအား ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း တူမဖြစ်သူ မအေးမူချေက ပြောသည်။

“မနက်အစောကြီးတည်းက စခန်းတစ်ခုလုံးကိုအိမ်ထောင်စု စာရင်းတွေစစ်ပြီး အဆောင်အိမ်ခန်းတွေကို မွှေပါတယ်။ တစ်ခေါက်ပြန်ထွက်သွားကြပါတယ်။ ပြန်လာတော့ ရဲမယ်တွေပါလာပါတယ်။ လှတင်နု ရှိလားဆိုပြီးမေးပါတယ်။ ကျွန်မဒေါ်လေးက ရှိပါတယ်လို့ပြောတော့ စခန်းကို ခဏလိုက်ခဲ့လို့ပြောပါတယ်။ ခေါ်သွားကြပါတယ်။ လက်နက်တွေလည်းကိုင်ထားကြတော့ စိုးရိမ်တာပေါ့ရှင်။ အမေအဖေမရှိတဲ့ ကျွန်မတို့ မောင်နှမကို သူပဲစောင့်ရှောက်နေတာပါ။ ကျွန်မတို့ရဲ့အုပ်ထိန်းသူပါ” ဟု သူမကပြောသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကလည်း ၎င်းစစ်ဘေးရှောင် အမျိုးသမီးအဖမ်းခံရသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

“ဖမ်းသွားတာဟုတ်ပါတယ်။ ရဲနဲ့ စစ်တပ် နှစ်ခုပေါင်းပြီး လာဖမ်းသွားတာလို့သိရတယ်။ ရဲလက်ကို အပ်မယ်လို့တော့ထင်တယ်။ ရဲပါတော့လေ။ ဘာဖြစ်လို့ဖမ်းတာလည်း မသိရသေးဘူး။ မိသားစုက အကြောင်းလာတဲ့ အတွက် သိရတာပါ” ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြောက်ဦးမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာ စခန်းမှူးက နေမကောင်းသဖြင့် ဆေးကုသမှုခံယူနေကြောင်းပြောကာ ဆက်လက်ဖြေဆိုခြင်းမရှိခဲ့ပါ။

၎င်းမြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတွင် ကျောက်တော်၊ ပလက်ဝ၊ မြောက်ဦး စသည့် မြို့နယ်အသီးသီးမှ စစ်ဘေးရှောင် ၁၄ဝဝ ခန့် ခိုလှုံနေသည့် စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်ကြောင်းသိရသည်။

----------------------- 

Unicode:


အိမျစိုးဖွူ

နိရဉ်စရာ၊ နိုဝငျဘာ ၆ / ၂ဝ၂ဝ








https://burmese.narinjara.com/.../5fa50e668d5b5818df39dc49


https://www.facebook.com/narinjara.info/posts/3763776503634399

No comments:

Post a Comment