ကျောက်ဖြူရေလုပ်သား ၅၀ ကျော် ပျောက်ဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ စနဲမြို့က ရေလုပ်သား အယောက် ၅၀ ကျော် ပျောက်ဆုံးနေပြီး ဇိုင်းချောင်းကျေးရွာက ရွာသား ၉၀ နီးပါးခန့် နှင့်လည်း အဆက်အသွယ် ပြတ်နေသည်ဟု ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ် က ပြောသည်။
ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ ရွှေဟင်္သာ ရပ်ကွက်က ရေလုပ်သားများသည် နိုဝင်ဘာလ ၂ ရက်နေ့ ကတည်းက ပျောက်ဆုံးနေခြင်းဖြစ်ပြီး ယနေ့အချိန်အထိ အဆက်အသွယ်မရသေးဘူးဟု ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင် က ပြောသည်။
“ကျနော်လည်း ဒီ စနဲကို ရောက်နေတာပါ။ အခုပျောက်နေတဲ့ မိသားစုဝင်တွေနဲ့ တွေ့ပြီး စကားပြောဖြစ်တယ်။ အခုက ၂ ရက်နေ့ကတည်းက ပျောက်နေတာပါ။ ကလေးတွေလည်းပါတယ်၊ မိန်းမတွေရော၊ ယောက်ကျား တွေရောပေါ့၊ အားလုံး ၅၁ ယောက်ပါ။ ပိုက်ဆိပ်ကိုရောက်တော့လည်း လူတစ်ယောက်မှ မတွေ့တော့ဘူး။ အစောပိုင်းက အဲ့ထဲကလူတွေနဲ့ ဖုန်းအဆက်အသွယ်ရသေးတယ်။ အခုက လုံးဝကို အဆက်အသွယ် မရ တော့ဘူး။ ဟိုတနေ့က ဆက်သွယ်လို့ရတဲ့လူတွေလည်း အခုက လုံးဝဆက်သွယ်လို့မရဘူး။ ခန့်မှန်းရ ခက် တယ်။ အဖမ်းခံရတာလား၊ ပျောက်နေတာလား မပြောတတ်တော့ဘူးဗျ” ဟု ပြောသည်။
ထို့အပြင် ကျောက်ဖြူမြို့နယ်၊ ဇိုင်းချောင်းကျေးရွာဘက်တွင်လည်း တပ်မတော် စစ်ကြောင်းက ဝင်ရောက် စစ်ဆေးမှုတွေ ပြုလုပ်နေသည့်အတွက် ဒေသခံရွာသားများသည် ထိတ်လန့်ကာ ထွက်ပြေးတိမ်းရှောင် နေကြ ရသည်ဟု ဦးကျော်လွင်က ဆက်ပြောသည်။
“အခုထွက်ပြေးနေရတဲ့လူတွေထဲက တချို့ကတော့ ကျောက်ဖြူကို ရောက်နေပြီ။ အခုကျောက်ဖြူကို ရောက် လာတာက တစ်ထောင်ကျော်ပြီ။ စာရင်းရထားတာက ၁၀၄၂ ယောက်ရှိတယ်။ သူတို့ပြောတာတော့ ၂ ရက်နေ့ ကတည်းက ထွက်ပြေးလာကြတာတဲ့။ ရွာမှာကျန်ခဲ့တဲ့ မိသားစုဝင်တွေလည်း ရှိသေးတယ်လို့ ပြောကြတယ်။ ရွာကလူတွေနဲ့လည်း အခုက အဆက်အသွယ်မရကြတော့ စိတ်ပူနေကြတယ်။ အခု ဒီကိုရောက်နေတဲ့ လူတွေ ပြောတော့ သူတို့ရွာထဲကို စစ်သားတွေဝင်လာတယ်၊ ရွာကလူတွေကို လိုက်ဖမ်းတယ်၊ သေနတ်တွေနဲ့လည်း ပစ်တယ်လို့ပြောတယ်။”
ဇိုင်းချောင်းကျေးရွာက ရွာသား ၉၀ ခန့် အဖမ်းခံထားရသည်ဟု လွှတ်မြောက်လာသည့် ဇိုင်းချောင်းရွာသား တစ်ဦး က ပြောသည်။
“ရွာထဲကို စစ်သားတွေက ဝင်လာတယ်၊ သေနတ်တွေနဲ့ ပစ်တယ်။ ဆဲတယ်။ ရွာထဲကလူတွေကို ခေါ်တယ်၊ ရွာ က ကျောင်းထဲမှာ ထားပြီး စစ်ဆေးတယ်။ အရိုက်ခံရတာတွေလည်းရှိတယ်။ ရွာက အမျိုးသမီး တစ်ယောက် လည်း သူတို့ပစ်တဲ့ သေနတ်ကြောင့် ကျည်ထိတာလည်း ရှိတယ်။ စစ်သားတွေက ရွာထဲကို ဝင်လာတာနဲ့ လျှောက်ပစ်တာ၊ အခု ရွာသားတွေက ကြောက်ပြီး ထွက်ပြေးကြတာ။ ကျနော်တို့ကတော့ ကျောက်ဖြူက ကု ဘာကျေးရွာက ဒုက္ခသည်စခန်းထဲကို ရောက်နေတယ်။ လူလည်း ကွဲကုန်တယ်။ ရွာမှာကျန်ခဲ့တာတွေလည်း ရှိ တယ်။ ရွာမှာက ကလေးတွေရော၊ အသက်ကြီးရွယ်အိုတွေရော၊ အမျိုးသမီးတွေရော ကျန်ခဲ့တယ်။ ဖမ်းခံထား ရတဲ့လူတွေလည်း ရှိနေခဲ့တယ်။ ကျနော်တို့ အခုပြန်ကြည့်တော့ ပျောက်နေတာက ၈၀ ကျော်၊ ၉၀ အဲ့လောက်ရှိ နိုင်တယ်။ အားလုံးအတွက် ကျနော်တို့က စိုးရိမ်တယ်။”
စနဲမြို့က ရေလုပ်သား အယောက် ၅၀ ကျော် ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့ အစည်းက ဖမ်းဆီးသွားသည်ကို မသိရသေးသော်လည်း ဇိုင်းချောင်းကျေးရွာက ရွာသားအများစုကတော့ တပ်မတော်က ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခံနေရသည်ဟု ဒေသခံများက ပြောသည်။
သို့သော်လည်း အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက် သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။
လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်အတွင်းက ဒေသခံများသည် အသက်အန္တရာယ်နှင့် ၎င်းတို့အတွက် လုံခြုံရေးစိုးရိမ်ရသည့်အတွက် ၎င်းတို့၏ ကျေးရွာများ၊ အိုးအိမ်များကို စွန့်ခွာပြီး ထွက်ပြေး နေ ကြရသကဲ့သို့ ယခုခါ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၂၃၆၂၂၉ ဦး ရှိသွားပြီ ဖြစ်သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ၏ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
No comments:
Post a Comment