Friday, November 6, 2020

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအောင်မြင်စွာတည်ဆောက်နိုင်ရေး နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးကြရန် နိုင်ငံတော်သမ္မတပြောကြား

 ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအောင်မြင်စွာတည်ဆောက်နိုင်ရေး နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးကြရန် နိုင်ငံတော်သမ္မတပြောကြား

By The Standard Time Daily -November 7, 2020

Share on Facebook


နိုင်ငံတစ်ဝန်းရှိတိုင်းရင်းသားပြည်သူများအားလုံး စည်းလုံးညီညွတ်စွာဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး အောင်မြင်စွာတည်ဆောက်နိုင်ရေး နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲမဖြုတ်စတမ်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ယနေ့(နိုဝင်ဘာ ၇ ရက်) တွင် ကျရောက်သည့် (၆၅) နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောကြားလိုက်သည်။


နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုနှင့် တိုင်းရင်းသားပြည်သူလူထုနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်လာမှုများကြောင့် ကရင်ပြည်နယ်အနေဖြင့် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များ ရရှိခံစားနေရပြီဖြစ်ကြောင်း အဆိုပါသဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။


နိုင်ငံတော်သမ္မတဦးဝင်းမြင့်က COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံနယ်စပ် မြဝတီတံတားအမှတ် (၂) မှ ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်သိန်းငါးသောင်းကျော်ကိုလက်ခံပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပို့ဆောင်ပေးနိုင်ရေး ကရင်ပြည်နယ်မှ စီမံဆောင်ရွက်ပေးနေမှုများအတွက် အထူးကျေးဇူးတင်ရှိကြောင်း၊ ယခင်နှစ်များက ကရင်ပြည်နယ်နေ့အခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲများကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့သော်လည်း ယခုနှစ်တွင်မူ (COVID-19) ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပေါ်နေသည့်အတွက် လွတ်လပ်စည်ကားသိုက်မြိုက်စွာ ကျင်းပခွင့်မရကြခြင်းအတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း (၆၅) နှစ်မြောက်ကရင်ပြည်နယ်နေ့အတွက် ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။

http://sdtimedaily.com/2020/11/07/zm05-193/

No comments:

Post a Comment