မြန်မာဌာန | သတင်းများ
အမျိုးဘာသာကို အလေးထားတဲ့ ပါတီကို မဲပေးခဲ့တယ်လို့ ကာချုပ်ပြော
သီဟထွန်း
2020-11-07အီးမေးလ်မှတ်ချက်ပေးပါShareပုံနှိပ်ပါ
ပုံနှိပ်ပါရှယ်ပါမှတ်ချက်ပေးပါအီးမေးလ်
၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ မဲရုံတွင် မဲပေးရန် စောင့်ဆိုင်းနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဉ်။
၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ မဲရုံတွင် မဲပေးရန် စောင့်ဆိုင်းနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဉ်။
ဓာတ်ပုံ - သီဟထွန်း
အမျိုးဘာသာ၊ သာသနာကို အလေးထားတဲ့ပါတီ၊ ဒို့တာဝန်အရေးသုံးပါးကို အလေးထားတဲ့ ပါတီ၊ တပ်မတော်နဲ့ လက်တွဲပြီး အလုပ်လုပ်နိုင်တဲ့ပါတီကို မဲပေးခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ အနော်ရထာရပ်ကွက် အမှတ် (၁) မဲရုံမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က ဒီနေ့မနက် ၉ နာရီခန့်မှာ မဲလာပေးခဲ့တာပါ။
ဒီနေ့ ပြည်သူ့ဆန္ဒနဲ့ အညီထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲရလာဒ်ကို ငြင်းပယ်လို့ မရဘဲ လက်ခံသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
ရဲဘော်ရဲဘက်တွေနဲ့ အတူတကွမဲပေးလိုတာကြောင့် ကြိုတင်မဲမပေးဘဲ ဒီနေ့မဲလာပေးတာလို့ ပြောပါတယ်။
ဒါ့အပြင် နိုင်ငံသူနိုင်ငံသားတွေ ခံစားနေရတဲ့ သောကကို ဖြေသိမ့်ဖို့အတွက် မလွဲမသွေလုပ်ဆောင်ရမှာ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။ကျန်းမာရေးဝန်ကြီးဌာနရဲ့ စည်းကမ်းချက်နဲ့ အညီမဲပေးဖို့ကိုလည်း ကာချုပ်က တိုက်တွန်းခဲ့ပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)
https://www.rfa.org/burmese/news/minaunghlaing-at-election-day-11072020222601.html
No comments:
Post a Comment