Monday, November 2, 2020

ကျောက်ဖြူဇိုင်ချောင်းမှ အမျိုးသမီးတစ်ဦး ကျည်ဒဏ်ရာဖြင့် ကျောက်ဖြူဆေးရုံတွင်တင်ထားရ

 ကျောက်ဖြူဇိုင်ချောင်းမှ အမျိုးသမီးတစ်ဦး ကျည်ဒဏ်ရာဖြင့် ကျောက်ဖြူဆေးရုံတွင်တင်ထားရ

ခိုင်လူလှ (ရိုးမမြေ)

နိရဉ္စရာ၊ နိုဝင်ဘာ ၃/၂၀၂၀ 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းအုပ်စု၊ ဇိုင်ချောင်းကျေးရွာမှ အမျိုးသမီးတစ်ဦးကို ကျည်ထိမှန် ဒဏ်ရာဖြင့် ကျောက်ဖြူဆေးရုံတွင် တင်ထားရသည်ဟု သတင်းရရှိသည်။ 

၎င်းအမျိုးသမီးမှာ ဒေါ်နုခင်မေ ဖြစ်ပြီး ယနေ့နံနက် ၉ နာရီကျော်က ကျောက်ဖြူဆေးရုံသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း ကျောက်ဖြူမြို့မှ လူမှုရေး ဆောင်ရွက်နေသူ ဦးထွန်းထွန်းနိုင်က ပြောသည်။

“ ဒီကနေ့ မနက် ၉ နာရီကျော်လောက်မှာ ကျောက်ဖြူဆေးရုံကိုရောက်လာပါတယ်။ ရှေ့ရင်ဘတ်ကနေ ဝင်ပြီး နောက်ဘက် ထွက်သွားတယ်လို့ သိရပါတယ်။ အခု အရေးပေါ် တင်ထားရပါတယ်။ ” ဟု ပြောသည်။ 

ကျောက်ဖြူမြို့နယ် ဇိုင်ချောင်းကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိပဲ သေနတ်ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိသွားခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် သိုင်းချောင်းကျေးရွာအုပ်စုမှ ရွာသားအများအပြားကိုလည်း တပ်မှ ဘုန်းကြီးကျောင်းတွင် နိုဝင်ဘာ ၂ ရက်နေ့ကစပြီး ခေါ်ယူစစ်ဆေးမှုများရှိနေပြီး တချို့ရွာသားများလည်း ကြောက်လန့် ထွက်ပြေးလျက်ရှိသည်ဟု သိရသည်။ 

ကျေးရွာသားတစ်ဦးသို့ ဆက်သွယ်ရာ ဖုန်းလက်ခံသော်လည်း လောလောဆယ် ဖုန်းပြောရန် မအားသေးဟုဆိုကာ ဖုန်းချသွားသဖြင့် လက်ရှိ သိုင်းချောင်း၊ ဇိုင်ချောင်းကျေးရွာရှိ ရွာသားများ အခြေအနေကို မေးမြန်းတင်ပြနိုင်ခြင်းမရှိသေးပါ။ 

ဇိုင်းချောင်းရွာမှ ဒေါ်နုခင်မေ ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိသွားရသည့် ဖြစ်စဉ် အပါအဝင် သိုင်းချောင်း အုပ်စုရှိ ရွာသားများ၏ အခြေအနေကို ကျေးရွာသားများဆက်သွယ်ရရှိပါက နောက်ဆက်တွဲ တင်ပြပေးသွားပါမည်။

(ဓာတ်ပုံ- Tun Tun Naing Post) 

----------------- 

Unicode:



နိရဉ်စရာ၊ နိုဝငျဘာ ၃/၂၀၂၀ 










https://www.facebook.com/narinjara.info/posts/3754310344581015

No comments:

Post a Comment