တေးသံရှင်ရတနာမိုင်နဲ့ မိခင်ဖြစ်သူတို့မှ ရခိုင့်စစ်ဘေးရှောင်များအတွက် ငွေ ၁၃ သိန်းလှူဒါန်း
နိရဉ္စရာ၊ နိုဝင်ဘာ၃/၂၀၂၀
ရုပ်ရှင်သရုပ်ဆောင် အဆိုတော် ရတနာမိုင်နဲ့ မိခင်ဖြစ်သူ တေးသံရှင်မိုင်တို့ဟာ အောက်စီဂျင်စက်တစ်လုံးနဲ့ ရခိုင်စစ်ဘေးရှောင်တွေအတွက် ငွေကျပ် ၁၃ သိန်းကို ရန်ကုန်မြို့၊ တာမွေမြို့နယ် အလိုတော်ပြည့် ကျောင်းတိုက် အသျှင်ကုမာရ ဆီသို့ နိုဝင်ဘာလ ၂ ရက်နေ့က လာရောက်လှူဒါန်းခဲ့ပါတယ်။
ဒီအလှူဟာ ရုပ်ရှင်သရုပ်ဆောင် အဆိုတော် ရတနာမိုင်နဲ့ သူမရဲ့ အချစ်ဆုံးမိတ်ဆွေများသူငယ်ချင်းများ "We Love Yadanar My" မိသားစုတို့က လှူဒါန်းတာဖြစ်တယ်လို့ သိရပါတယ်။
“ သူတို့ က အလိုတော်ပြည့်ဆရာတော်ကြီးအားဦးထိပ်ထားပြီးတော့ ဦးဇင်းဆီကတစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ဒါတွေကို ရခိုင်ပြည်နယ်က စစ်ဘေးရှောင် အရေးကိစ္စတွေကို ဆောင်ရွက်နေတဲ့ ဦးဇင်းတို့ရဲ့ တာဝန်ခံတွေရှိပါတယ်။ အဲဒီကတစ်ဆင့် စစ်ဘေးရှောင်တွေဆီကို ပေးအပ်လှူဒါန်းသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ကိုရိုနာရောဂါ Covid-19 ကာလမှာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရတဲ့ ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်တွေကို ရည်ရွယ်လှူဒါန်းဖြစ်တယ်လို့ဆိုပါတယ်။
အလိုတော်ပြည့် ထောက်ပံ့ကူညီရေးအဖွဲ့ဟာ ကိုဗစ်ကာလအတွင်းမှာ ရခိုင်ပြည်နယ် ၁၇ မြို့နယ် အတွက် အောက်စီဂျင် အသက်ရှုစက်တွေ၊ ပိုးသတ်ဆေးစက်ကြီး၊ စက်သေးတွေ၊ Mask တွေ၊ Hand sanitizer လက်ဆေးဗူးတွေ၊ PPE ဝတ်စုံတွေကို အလှူရှင်တွေဆီက ကူညီလှူဒါန်းတာတွေကို ပို့ဆောင်ကူညီနေရာမှာ သိန်းပေါင်း တစ်ထောင်ကျော်သွားပြီလို့ အသျှင်ကုမာရက ပြောပါတယ်။
----------------
Unicode
နိရဉ်စရာ၊ နိုဝငျဘာ၃/၂၀၂၀
https://www.facebook.com/narinjara.info/posts/3754144604597589
No comments:
Post a Comment