Monday, November 2, 2020

တောင်ကုတ်မြို့တွင် တယ်လီနော့ ဖုန်းတာဝါတိုင်တစ်ခုမီးလောင်

 တောင်ကုတ်မြို့တွင် တယ်လီနော့ ဖုန်းတာဝါတိုင်တစ်ခုမီးလောင်

အိမ်စိုးဖြူ

နိရဉ္စရာ၊ နိုဝင်ဘာ ၃ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ စကခ(၅)အနီးရှိ ကံပိုင်ရပ်ကွက်တွင် ယနေ့ နေ့လယ် ၁ နာရီ ၁ဝ မိနစ်က တယ်လီနော့ ဖုန်းတာဝါတိုင်တစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း  သတင်းရရှိသည်။

၎င်းမှာ အပူချိန်ကြောင့် မီးစက်မှ စတင်မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးဖြစ်သူ ကိုဇော်ဇော်က ပြောသည်။

“ မီးခိုးတွေအများကြီးထွက်လာလို့ သွားကြည့်ခဲ့တယ်။ မီးစက်တွေမီးလောင်သွားတယ်။ တိုင်တစ်ခုလုံး မလောင်သွားပါဘူး။ မီးလောင်တဲ့တာဝါတိုင်က စကခ(၅) တောင်ကုန်းအောက်ကပါ” ဟုပြောသည်။

၎င်းမီးလောင်ခဲ့သည့် တာဝါတိုင်မှာ ကံပိုင်ရပ်ကွက်အပိုင်ဖြစ်သဖြင့် ကံပိုင်အုပ်ချုပ်ရေးမှူးအားဆက်သွယ်ရာ ဟုတ်မှန်ကြောင်းအတည်ပြုပြောကြားသည်။

၎င်းရပ်ကွက်စာရေးမ ဒေါ်သန်းသန်းဌေးက “ မီးလောင်လို့ ကျွန်မကိုယ်တိုင်လိုက်သွားကြည့်ခဲ့ပါတယ်။ စကခ(၅) အနောက်ဖက်မှာပါ။ မြေစာရင်းရုံးနဲ့နီးတယ်။ အဲဒီမှာ အစောင့်ကောင်လေးနှစ်ယောက်ရှိတယ်။ မီးစက်မှာ ဆီအပြည့်နဲ့ အပူချိန်များတော့ ထလောင်တာပါ။ မီးလည်း တစ်နာရီလောက်ပြတ်သွားတယ်။” ဟုပြောသည်။

၎င်းတာဝါတိုင်မီးလောင်သည်နှင့် တပြိုင်နက်မြို့ကို တစ်နာရီခန့်အရေးပေါ်မီးဖြတ်တောက်ခဲ့ကြောင်း၊ နေ့လယ် ၂ နာရီခန့်တွင်မီးပြန်ရရှိခဲ့ကြောင်းသူမ၏ ပြောပြချက်အရသိရသည်။

--------------------------- 

Unicode


အိမျစိုးဖွူ

နိရဉ်စရာ၊ နိုဝငျဘာ ၃ / ၂ဝ၂ဝ








https://www.facebook.com/narinjara.info/posts/3754809744531075

No comments:

Post a Comment