မိုးကုတ်မြို့မှမိုးမိတ်သို့သွားသည့် ဓာတ်တော်တောင်ဘက်ခြမ်းတွင် ယနေ့ည ၇နာရီကျော်အချိန်မှ ၉ နာရီခွဲဝန်းကျင်ခန့်အထိ ပစ်ခတ်သံများကြားရကြောင်း မိုးကုတ်မြို့ခံတစ်ဦးက The Ladies News သို့ပြောကြားသည်။
မြို့ခံတစ်ဦး က '' မိုးမိတ်သွားတဲ့ဘတ်။ ဓာတ်တော်တောင်တို့။ ကြေနီတောင်တွေထွက်တယ်လေ အဲဒီဘက်ကနေ ကြားရတာပဲ။ ၉နာရီခွဲလောက်အထိဖြစ်တယ်ဗျ၊ ကြိုကြား ကြိုကြားဖြစ်တာ။ သေနတ်သံကြားလိုက် ပျောက်သွားလိုက် ပြန်ပေါ်လိုက်။ အဲလိုမျိုးဖြစ်တာလေ။ တစ်ခါတည်း ဆက်တိုက်ကြီးတော့ မဟုတ်ဘူး '' ဟု ဆိုသည်။
သေနတ်သံများကြားရသောကြောင့် မြို့နေလူထုမှာ ထိတ်လန့်နေကြပြီး၊ မိုးကုတ်တွင် ယခုလို သေနတ်သံမကြားရသည်မှာ နှစ်ပေါင်း ၃၀ ကျော် ၄၀ ဝန်းကျင်ခန့်ရှိပြီ ဟု မြို့ခံတစ်ဦးက ပြောကြားသည်။
'' ထိတ်လန့်မှုတော့ရှိတာပေါ့။ မိုးကုတ်အနေနဲ့က ပစ်ခတ်သံဆိုတာ ဒီတစ်ခါပဲကြားဘူးတာ။ နှစ်ပေါင်းဘယ်လောက်ရှိပြီလဲ သုံး၊ လေးဆယ်လောက်ရှိပြီ။ ပစ်ခတ်သံဆိုတာ တိတိကျကျနဲ့ သည်းသည်းကွဲကွဲကြားရတာ ဒီတစ်ခါပဲရှိသေးတာကို။ အတွေ့အကြံဆိုတာမရှိတဲ့လူက များတယ်လေ။ ပြောသံလောက်ပဲကြားဘူးတာ တိုက်ပွဲ တိုက်ပွဲဆို တာ '' ဟု ၎င်းက ပြောကြားသည်။
တအာင်းလက်နက်ကိုင်အဖွဲ့ ( TNLA) တပ်ဖွဲ့များ နယ်ကျွံပြီးရောက်ရှိလာသောကြောင့် ပစ်ခတ်မှုများဖြစ်ပွားခြင်း ဖြစ်သည်ဟုလည်း အဆိုပါမြို့ခံက ယူဆသည်။
http://www.theladiesnewsjournal.com/news/wed-2020-11-25-0653/14090
No comments:
Post a Comment