နောင်စန့်ရပ်ကွက်မှာ အမျိုးသားတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရ
https://www.shwepheemyay.com/node/22
လွေးအမ်ရွှေလီ၊ ရွှေဖီမြေ
နိုဝင်ဘာ ၅ ရက်၊ နမ့်ခမ်း
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်စန့်ရပ်ကွက်မှာ နေထိုင်သူ ဦးစိုင်းအောင်ဝင်းဟာ မနေ့ နိုဝင်ဘာ ၄ ရက် ညနေ ၆ နာရီက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
၎င်းအမျိုးသားဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်(SNDP)ပါတီရဲ့ စည်းရုံးရေးမှူးဖြစ်တယ်လို့ သတင်းထွက်ပေါ်နေပြီး SNDP ပါတီဘက်ကတော့ ၎င်းဟာ ပါတီဝင်မဟုတ်ကြောင်း မြို့နယ် SNDP ပါတီဥက္ကဌ ဦးစိုင်းကျော်အုန်းက ပြောပါတယ်။
“သူက SNDP ပါတီက မဟုတ်ဘူး။ နမ့်ခမ်းမှာ လူမှုညီညွွတ်ရေးအသင်းဆိုတာ ရှိတယ်။ အဲဒီအသင်းရဲ့ဘဏ္ဍာရေးမှူးပါ။ SNDP က မဟုတ်ပါဘူး”
မနေ့ နိုဝင်ဘာလ ၄ ရက် ညနေ ၆ နာရီအချိန်မှာ ၎င်းက အိမ်ရှေ့မှာ ကားထိုးရပ်နေစဥ် အရပ်ဝတ်နဲ့ လူတစ်ယောက်က ဆိုင်ကယ်ရပ်တန့်ပြီးတော့ သေနတ်နဲ့ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ပစ်ခတ်မှုကြောင့် ဦးစိုင်းအောင်ဝင်းဟာ ခါးအောက်ပိုင်းမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာကြောင့် မြို့နယ်ပြည်သူ့ဆေးရုံမှာ ကုသမှု ခံယူနေပါတယ်။
#ပစ်ခတ်ခံရ #ဒေသခံ #နောင်စန့် #နမ့်ခမ်း
#Video- CCTV
https://www.facebook.com/451214215694715/posts/829193331230133/
https://www.facebook.com/shwepheemyaynews/posts/829193331230133
No comments:
Post a Comment