ကျေးရွာနဲ့ တိုက်ပွဲရှောင်စခန်းရှိ သက်ကြီးပိုင်းနဲ့ မသန်စွမ်းတွေ ကြိုတင်မဲပေး
သတင်းဓာတ်ပုံ
လွေးနှင်းဖြူ၊ ရွှေဖီမြေ၊ နမ္မတူ
ဒီနေ့ နို၀င်ဘာလ ၅ ရက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်ထဲက ကျေးရွာအုပ်စုနဲ့ တိုက်ပွဲရှောင်စခန်းတွေမှာ အသက်(၆၀)အထက် သက်ကြီးပိုင်းနဲ့ မသန်စွမ်းသူတွေ ကြိုတင်မဲ ပေးခဲ့ကြပါတယ်။
ဒီနေ့မှာတော့ ကြူဆော့နဲ့ပန်လုံကျေးရွာအုပ်စုထဲက သက်ကြီးပိုင်းတွေဟာ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ ကြိုတင်မဲ လာပေးကြပါတယ်။
နားဆိုင်း၊ ချောင်းဆာကျေးရွာအုပ်စု ညောင်ပန်လှ၊ ရေအိုး၊ နမ့်တောင်ကုန်း၊ မန်စံ၊ ကြူဆော့ကျေးရွာအုပ်စု လွယ်စပီး၊ လွယ်ခွန်၊ တိုက်ပွဲရှောင်စခန်း၊ ပန်ချင်ကျေးရွာအုပ်စု မိုက်ဟုန်းနဲ့ ပန်လုံကျေးရွာအုပ်စုတွေမှာ ကြိုတင်မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။
#ကြိုတင်မဲ #သက်ကြီးပိုင်း #မသန်စွမ်း #နမ္မတူ
https://www.facebook.com/451214215694715/posts/829340654548734/
https://www.facebook.com/shwepheemyaynews/posts/829340654548734
No comments:
Post a Comment