မူဆယ် မန်ဝိန်းပေါက်အနီးတွင် ဗုံးပေါက်ကွဲ၊ လူအထိအခိုက်မရှိ
ရန်ကုန်၊ နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ် မန်ဝိန်းပေါက်အနီးတွင် ယနေ့ ည ၈ နာရီခန့်က ဗုံးပေါက်ကွဲပြီး လူအထိအခိုက်မရှိကြောင်း မူဆယ်ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
"စွမ်စော်ရပ်ကွက်ဘက်ပေါ့။ ပန်းခမ်းတံတားဘက်ပေါ့ ဘယ်လိုပြောမလဲ။ မန်ဝိန်းပေါက်နားမှာပါ။ ဒီည ၈ နာရီလောက်က ဗုံးပေါက်သွားတာလို့ပြောတယ်။ အသံတော့ကြားရတယ်။ အထိအခိုက်တော့ဘာမှမရှိဘူး။ အဲဒီဘက်မှာ ပြည်သူ့စစ်တွေ တော့ရှိတယ်ဗျ" ဟုမူဆယ်မြို့မှ ဒေသခံ ဦးသောင်းထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
https://www.facebook.com/khitthitnews/posts/1072836389820373?__cft__[0]=AZUcebNadMVFcNj943ij8vSMe3J7veaWMtaYR7-xWy_kmEMK9kWdd4XPvu89mxHeEixpWdyMHR4bjFCFfmAzZYgjiwl1MxcOjHGl7LR_Ai4iR6UOOVzDhMV9X9Eo_3oBvndy-jKDkwui3hecacxdCOJy&__tn__=%2CO%2CP-R
No comments:
Post a Comment