Wednesday, November 25, 2020

မူဆယ်မြို့မန်ဝိန်းဂိတ်ပေါက်အနီးရှိ ပြည်သူ့စစ်အိမ်ဝန်းထဲမှာ မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားလူထိခိုက်မှုမရှိ

 မူဆယ်မြို့မန်ဝိန်းဂိတ်ပေါက်အနီးရှိ ပြည်သူ့စစ်အိမ်ဝန်းထဲမှာ မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားလူထိခိုက်မှုမရှိ

မူဆယ် | မားနဂါး ။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ စွမ်စော်ရပ်ကွက်နေ ဦးဟန်ဝင်းရဲ့ နေအိမ်အနီးမှာ နိုဝင်ဘာလ ၂၅ရက် ည၈နာရီကျော်အချိန်မှာ နမ့်ခမ်းဘက်မှ ဆိုင်ကယ်နဲ့အမျိုးသား ၂ဦးရောက်ရှိလာပြီး နေအိမ်ရှေ့ကားလမ်းပေါ် မှနေပြီး လက်လုပ်မိုင်းတစ်လုံးကို နေအိမ်ဝန်းအတွင်းသို့ ပစ်ခတ်ခဲ့ပြီးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီနေ့မနက်မှာ ထုတ်ပြန်ထားပါတယ်။
အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိဘဲ ခြံစည်းရုံးနဲ့ကပ်လျက် အလုပ်သမားတန်းလျားကော်ရစ်တာ မျာနှာကျက်၊ ပြတင်းပေါက်မှန်ကွဲအက်ပျက်စီးခဲ့ပြီး အဆိုပါဆိုင်ကယ်မောင်းနှင်လာသူ ၂ဦးဟာ မူဆယ်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။
မိုင်းပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မူဆယ်ခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တာညီစိန်ကိုမေး မြန်းရာမှာ တော့
" မနေ့ညက မိုင်းပေါက်ကွဲတဲ့ကိစ္စဟာ လူကိုထိခိုက်တာမရှိဘူးလို့ ပြောသံကြားတယ်။ ပေါက်ကွဲတာရှိနေပေမယ့် လူထိခိုက်တာမရှိဘူးဆိုတော့ တအားကြီးစိုးရိမ်စရာမရှိပါဘူး။ ဒါပေမဲ့ ဘာကြောင့် အဲ့လိုဖြစ်ရသလဲဆိုတာလဲ တာဝန်ရှိပုဂ္ဂိုလ်တွေဖြစ်တဲ့ လုံခြုံရေးအရာရှိတွေ လုံခြံရေးဌာနတွေ ပိုပြီးသိလိမ့်မယ် " လို့ မားနဂါးသတင်းဌာနကို ပြောပါတယ်။
မိုင်းပေါက်ကွဲမှုနဲ့ပတ်သက်ပြီး မူဆယ်‌မြို့တအာင်းစာပေနှင့်ယဉ်ကျေးမှု အတွင်းရေးမှူး တာသိန်းဝင်းက
"မူဆယ်မြို့မှာက အဲ့လိုပစ်ခတ်ချင်ရင် လွယ်လွယ်လေးပဲဖြစ်နေတာ။ ပြည်သူ့စစ်တိုင်းလိုလိုက သေနတ်ရှိတယ်။ ပြည်သူ့စစ်မဟုတ်တဲ့လူလည်းသေနတ်ရှိတယ် ပြောမယ်ဆိုရင်တော့ ပြည်သူတွေအတွက်မူဆယ်မှာနေရတာ မလုံခြုံဘူး။"လို့မားနဂါးသတင်းဌာနကို ပြောပါတယ်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာကို နယ်မြေခံတပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်ရှင်း လင်းခဲ့တယ်လို့သိရပါတယ်။
Photo|Bobo။
https://www.facebook.com/MarnagarMultimediaNews/posts/4042468742448987?__cft__[0]=AZWD25_JXcJO_455NgjmKlriPyIaIGFdDg1feMbQLoG7xbZY5lcucB-yHaAvt9mTTD1p--C3OQE17rfGs0tYNQRyR2H0lQ7Tp-KqlAO_3rXNE9GdjTQfLlbuKMDHklblj6qo1xVaUch9IWQ6kMoZjN32&__tn__=%2CO%2CP-R

No comments:

Post a Comment