ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက် ၉ နာရီခန့်တွင် SSPP/SSA အဖွဲ့မှ အမာခံဆက်ကြေးတာဝန်ခံ
အိုက်စိုင်း ၆၂ နှစ် သည် ပင်းဘုရားကျေးရွာရှိ ၎င်း၏နေအိမ်တွင်ပြန်လည်ရောက်ရှိနေကြောင်း သတင်းအရ အဆိုပါကျေးရွာမှ တာဝန်ရှိသူများနှင့်အတူ ၎င်း၏နေအိမ်အားသွားရောက်ပိတ်ဆို့ ရှာဖွေစစ်ဆေးရာ အိုက်စိုင်းအား ရှမ်းဘာသာ ဖြင့်ရေးသားထားသော SSPP/SSA တံဆိပ်၊ တပ်မဟာ (၆၁၂)၊ နယ်မြေ (၂၂) စာတမ်းပါ ဆက်ကြေးတောင်းခံစာ ၂ စောင်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
၎င်းနှင့်ဆက်စပ်၍ ချောင်းဆာကျေးရွာအရှေ့ဘက်ရှိ တောင်ယာတဲတွင် ဝှက်ထားသော အမ်(၂၂) ၁လက်၊ ၎င်းကျည်အိမ် ၁ခုနှင့် ကျည် ၈ တောင့်၊ လုပ်သေနတ် ၁ လက်နှင့် ၎င်းကျည် ၅ တောင့်တို့အား ဖော်ထုတ်သိမ်းဆည်း ရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူနှင့် လက်နက်ခဲယမ်းများအား သက်ဆိုင်ရာသို့ စနစ်တကျအပ်နှံဆောင်ရွက်ပြီး တရားဥပဒေအရ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
http://dsinfo.org/node/508
No comments:
Post a Comment