Saturday, October 3, 2020

စစ်တွေနှင့် တောင်ကုတ်မြို့နယ်တို့တွင် AA အကြမ်းဖက်သောင်းကျန်းသူအမာခံများ ဖမ်းဆီးရမိ

 ရခိုင်ပြည်နယ်၊ စစ်တွေ နှင့် တောင်ကုတ်မြို့နယ်တို့တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များသည်ဒေသခံအချို့၏ သတင်းပေးချက်များအရ

အောက်တိုဘာ ၁ ရက်တွင် စစ်တွေမြို့နယ်၊ သိန်းတန်ကျေးရွာနှင့် တောင်ကုတ်မြို့နယ်၊ ပဒါးရွာမကျေးရွာတို့တွင် လိုအပ်သော ရှာဖွေစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျေးရွာများအတွင်း ဆက်ကြေးနှင့်ရိက္ခာများ ကောက်ခံ၍ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ထံသို့ ပို့ဆောင်ပေးနေသော စစ်တွေမြို့နယ်၊ သိန်းတန်ကျေး ရွာနေ ဦးကျော်မောင်(ဘ) ဦးကျော်ဇံလှ ၊ ဦးဝင်းဌေး (ဘ)ဦးမောင်ပု၊ တောင်ကုတ် မြို့နယ်၊ ပဒါးရွာမကျေးရွာနေ ညီမောင်ချေ(ဘ) ဦးညိုချမ်းအောင်နှင့် ညိချေ(ခ) မဲချမ်းမွန်(ဘ) ဦးရွှေမန်း တို့အား အထောက်အထားများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အဆိုပါဖမ်းဆီးထိန်းသိမ်းထားသူများအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းအပ်နှံလျက်ရှိကြောင်းနှင့် တရားဥပဒေအရအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။


http://dsinfo.org/node/509

No comments:

Post a Comment