Saturday, October 3, 2020

ပလက်ဝမြို့နယ်အတွင်း မသင်္ကာဖွယ်စက်လှေအားစစ်ဆေးရာ အထောက်အထားပြသနိုင်ခြင်းမရှိသည့်ပစ္စည်းများတွေ့ရှိ

      ပလက်ဝမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ ၂၉ ရက် ညနေ ၃ နာရီ၌ ကွမ်းဘုတ်(အနောက်)ကျေးရွာတွင် မသင်္ကာဖွယ်ရာပစ္စည်းများ

အား သယ်ဆောင်ရန်ပြင်ဆင်လျက်ရှိသည့် စက်လှေတစ်စီးအား ကွမ်းဘုတ်(အနောက်)ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ သတင်းအရစစ်ဆေးရာ စက်လှေမောင်းနှင်သူ ဦးဝှေ့တလင်း၊(ဘ) ဦးကန်ကန်း၊ နှုံးဘူးငယ်ကျေးရွာ၊ ဦးပြည်အောင်၊(ဘ) ဦးအောင်ပ၊ ဦးကျော်ထွန်း၊ (ဘ) ဦးအောင်ပ အဘောင်သာကျေးရွာနေသူတို့နှင့်အတူ အထောက်အထားပြသနိုင်ခြင်းမရှိသည့် အသွား ၁ ပေခွဲ၊ အနံ ၄ လက်မခန့်ရှိဓား အချောင်း ၈၀၊ ဆာလာအိတ်ခွံ ၁၀၀၀ လုံးပါအိတ် ၂ လုံးနှင့် စားသောက်ဖွယ်ရာများအားတွေ့ရှိခဲ့သည်။

        အဆိုပါပစ္စည်းများမှာ သွားလာမှုကန့်သတ်တားမြစ် ထားသည့်လမ်းကြောင်းများမှ သယ်ဆောင်လာခြင်းဖြစ်၍  ပလက်ဝမြို့၊ စီမံခန့်ခွဲရေးကော်မတီသို့အပ်နှံပြီး လုပ်ထုံးလုပ်နည်းနှင့်အညီဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


http://dsinfo.org/node/504

No comments:

Post a Comment